မြန်မာ့နွေဦး

စစ်ခေါင်းဆောင်၏ လျှပ်စစ်ကားအိပ်မက်

မဲခေါင် 5 Sep - 2023
မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြား လျှပ်စစ်မီးရရှိမှုပမာဏ အနည်းဆုံး နိုင်ငံတစ်နိုင်ငံတွင် ပါဝင်သည်။

ဝေဟင်စိုး

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြား လျှပ်စစ်မီးရရှိမှုပမာဏ အနည်းဆုံး နိုင်ငံတစ်နိုင်ငံတွင် ပါဝင်သည်။ လူဉီးရေ (၅၅) သန်းနီးပါးရှိသော နိုင်ငံတွင် တစ်နိုင်ငံလုံးအိမ်ထောင်စုဦးရေ၏ (၅၄) ရာခိုင်နှုန်းခန့်သာ ဓာတ်အား လိုင်းများနှင့် ချိတ်ဆက်သုံးစွဲခွင့်ရနေသေးသည်ဟု ISP Myanmar ၏ စစ်တမ်းများအရ သိရသည်။

တစ်နိုင်ငံလုံး မီးလင်းရေးအတွက် အမျိုးသားအဆင့်လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းကို အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် စတင်အကောင်အထည်ဖော်ခဲ့သည်။

အမျိုးသားအဆင့် လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း( National Electrification Plan -NEP)သည် ၂၀၃၀ ပြည့်နှစ်အမီ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိ ရေးဆောင်ရွက်နေသော စီမံကိန်းတစ်ခုလည်းဖြစ်သည်။

စီမံကိန်း၏ ကနဦးအစီအစဉ်အရ ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ (၅၅) ရာခိုင် နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် (၇၅) ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် (၁၀၀) ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိနိုင်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ယင်းသည် အမျိုးသားဒီမိုကရေစီ အရပ်သား အစိုးရလက်ထက်က ချမှတ်ခဲ့သော အစီအစဉ်တစ်ခုဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ယင်း စီမံကိန်းများ ဆက်လက်လုပ်ဆောင်ခြင်း ရှိသည် မရှိသည်ကို မသိရှိရတော့ပေ။ လက်ရှိတွင် နိုင်ငံတွင်း လျှပ်စစ်မီးရရှိမှု အခြေအနေသည် တစ်ကိုယ်ရည်သုံး ဖုန်းအားသွင်းခြင်းကအစ လျှပ်စစ်မီး အသုံးပြုလုပ်ကိုင်နေရသော လုပ်ငန်းများအတွက် ရုန်းကန်းနေကြရဆဲ ဖြစ်သည်။

စစ်ခေါင်းဆောင်၏ လျှပ်စစ်ကား စီမံကိန်း အိပ်မက်

ထိုသို့သော အခြေအနေမျိုးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် လျှပ်စစ်ကားစီမံကိန်းကို အကောင်အထည်ဖော်ခဲ့သည်။ စစ်ခေါင်းဆောင်အနေဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အစောဆုံး လျှပ်စစ်ကား စီမံကိန်းလုပ်ဆောင်ပေးခဲ့သူတစ်ဉီးဖြစ်လိုဟန် ပေါ်သည်။

ယင်းသို့ဆိုလျှင် လျှပ်စစ်ကားစီမံကိန်းသည် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်၏ နိုင်ငံရေးအကျိုးအမြတ်ရရှိရန် လုပ်ဆောင်သည့် ပြယုဂ်ဟုဆိုရမည် ဖြစ်သည်။

စစ်ကောင်စီက စစ်သုံးဆီချွေတာနိုင်ရေး၊ နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်သိမ်းရေးဆိုသည့် ခေါင်းစဉ်ဖြင့် ကနဉီးတွင် လျှပ်စစ်ကားစီမံကိန်းအတွက် အမျိုးသားအဆင့် လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် လျှပ်စစ် ကားများကို ယခုနှစ် ဇန်နဝါရီလအတွင်း အစီးရေ(၄၀)၊ မတ်လအတွင်း အစီးရေ(၅၇)စီး စသဖြင့် အသုတ်လိုက် တင်သွင်းခွင့်ပြုခဲ့ပြီး ရန်ကုန်တိုင်း တစ်တိုင်းလုံးအတွက် အစီးရေ(၁၀,၀၀၀) ထက်မကျော်သော လျှပ်စစ်ကား များကို တင်သွင်း ခွင့်ပြုသည်ဟု အသိပေးကြေညာခဲ့သည်။

ယင်း တင်သွင်းလာသော လျှပ်စစ်ကားများ၏ ဈေးနှုန်းသည် အခြေခံလူတန်းစားအများအပြားနေထိုင်သည့် မြန်မာနိုင်ငံအတွက် လက်လှမ်းမမှီသည့် ဈေးနှုန်းများဖြစ်နေသည်။ ပြည်တွင်းကို ဝင်ရောက်လာသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတစ်စီး၏ တန်ဖိုးအလိုက် BYD Dolphin တစ်စီးသည် သိန်း(၈၀၀)နီးပါးခန့်ရှိပြီး၊ BYD Autto တစ်စီး ၏ တန်ဖိုးသည် ကျပ်သိန်း (၁,၀၀၀) ဝန်းကျင်တွင်ရှိနေသည်။

နိုင်ငံအတွင်း လျှပ်စစ်လုံလောက်အောင်မရရှိသည့်အတွက် လျှပ်စစ်ကားများ အားသွင်းရန် လုံလောက်သော လျှပ်စစ်မည်သို့ ရမည်နည်း ဆိုသည်မှာလည်း အများပြည်သူက သိချင်နေသော မေးခွန်းတစ်ခု ဖြစ်လာခဲ့သည်။

လျှပ်စစ်ကားနှင့် ပတ်သက်၍ ရန်ကုန်မြို့တွင်း CNG ဖြင့် တက္ကစီမောင်းနှင်နေသော ယာဉ်မောင်းတစ်ဉီးက “ CNG ကိုတောင် မီးမလာလို့ တန်းစီစောင့်ရတဲ့ ဒုက္ခက ကားသမားတိုင်းသိတယ်။ လျှပ်စစ်ရှိမှမောင်းလို့ အဆင်ပြေမယ့် ကားကို လျှပ်စစ်မီးပုံမှန်မပေးနိုင်တဲ့ နိုင်ငံမှာ ဘယ်လို စိတ်ကူးနဲ့သွင်းခွင့်ပြုလဲဆိုတာ စဉ်းစားလို့ကိုမရဘူး။ အားသွင်းမယ့်နေရာတွေကို စနစ်တကျနဲ့ လုပ်ပေးနိုင်မှ အဆင်ပြေမှာလေ။ ဟိုတစ်လောက ၁၁၅ မိုင်က EV ကား အားသွင်းတဲ့နေရာ ခဏပိတ်ထားတယ်လို့လည်း ကြားတယ်။” ဟု သူက ပြောသည်။

လူတန်းစားတစ်ရပ်အတွက် ရည်ရွှယ်သော လျှပ်စစ်ကား

စစ်ကောင်စီအနေဖြင့် လျှပ်စစ်ကားများ တင်သွင်းခွင့်ပြုခြင်းသည် မည်သို့သော လူတန်းစားများအတွက် ရည်ရွှယ်သည် ဆိုခြင်းမှာလည်း မေးခွန်းထုတ်စရာတစ်ခု ဖြစ်သည်။ လက်ရှိတွင် လျှပ်စစ်ကားများကို ငွေကြေးတတ်နိုင်သည့် လူတန်းစားများသာ ဝယ်ယူစီးနိုင်မည့်အခြေအနေရှိပြီး၊ အများစုသော ပြည်သူလူထု၏ ဆန္ဒသည် လျှပ်စစ်ကားထက် တစ်ရိပ်ရိပ်မြင့်တက်လာသော ကုန်ဈေးနှုန်းကျဆင်းရေးပင် အဓိက ဖြစ်သည်။

မြန်မာကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းနေခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းသည် ဝင်ငွေနှင့်လိုက်၍ မမှီသည် အခြေအနေမျိုး ရှိနေသည်။ ထိုသို့သော အခြေအနေမျိုးတွင် စစ်ခေါင်းဆောင်၏ လျှပ်စစ်ကားများ တင်သွင်းခွင့်ပြု ခြင်းသည် နိုင်ငံရေးအရ အကျိုးအမြတ် အတွက်သော်လည်းကောင်း ၊ စီးပွားရေး အကျိုးအမြတ် အတွက် သော် လည်းကောင်း မည်သို့ရရှိသနည်းဟု ထပ်၍ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

“ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတဲ့ ဘာရောင်းပစ္စည်းမဆို ရေရှည်မတည်မြဲနိုင်ဘူး။ အခြေခံကျကျ တဆင့်ပြီးတဆင့် လုပ်ဆောင်ရမယ့်အရာမျိုးကို လှေကားထစ်ကျော်တက်ရင်တော့ ခြေချော်တတ်တယ်။ ပြောချင်တာက ရည်ရွယ်ချက်ကောင်းတယ်။ လုပ်နေတာက အလွဲတွေလို့ဘဲ ပြောချင်တယ်။” ဟု ရန်ကုန်မြို့တွင်း ကားဝယ်ရောင်းလုပ်နေသူတစ်ဉီး က သူ၏ အမြင်ကိုထောက်ပြသည်။

လျှပ်စစ်ကား ဝယ်စီးသူ ပမာဏ

ပြည်တွင်းတွင် လျှပ်စစ်ကားအား ငွေကြေးတတ်နိုင်သူများမှအပ ဝယ်သူ နည်းပါးနေသေးပြီး၊ လျှပ်စစ်ကား စီမံကိန်းကြောင့် ပြည်တွင်းသို့ လောင်စာဆီသုံးယာဉ်များ တင်သွင်းခွင့်ပိတ်ထားသဖြင့် ကားဈေးကွက်အတွင်း ဂယက်ရိုက်ကာ ဈေးနှုန်းများမြင့်တက်ခဲ့သည်။ လျှပ်စစ်ကားများကို အလုံးစုံ အခွန်ကင်းလွတ်ခွင့်ပေးထားသည်။

ယင်းကို ကြည့်မည်ဆိုလျှင် စစ်ခေါင်းဆောင်၏ လျှပ်စစ်ကားအိပ်မက်သည် အလွန် ကြီးမားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

လျှပ်စစ်ကားအတွက် အခြေခံလိုအပ်ချက်များ

တစ်ဖက်တွင်လည်း လျှပ်စစ်ကားဝယ်စီးသူများအနေဖြင့် ကားတန်ဖိုးသာမက ဘတ္ထရီအားသွင်းရမည့် ကိစ္စများသည် အခြေခံအကျဆုံးဖြစ်သည်။ လျှပ်စစ်ကားတစ်စီးလုံး၏ အသက်သည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုရသော ဘတ္ထရီဖြစ်သည်။ ဘတ္ထရီသည် ကားတန်ဖိုး၏ (၇၅)ရာနှုန်းခန့်ရှိသည်ဖြစ်ရာ ပျက်ဆီးသွား ပြီဆိုပါက အစားထိုးရန်မလွယ်ကူကြောင်း EV ကား ရောင်းချနေသူအချို့က ပြောသည်။

ထို့အပြင် လျှပ်စစ်မီး ပုံမှန်မရသည့် နိုင်ငံအတွင်း အားသွင်းရန်အခက်အခဲများစွာရှိသည်ဟုလည်း ဝယ်ယူစီးနင်းလိုသူတစ်ဉီးက သူ့အမြင်ကို သုံးသပ်ပြသည်။

“ ရန်ကုန်မှာက အထပ်မြင့်တိုက်တွေမှာနေသူများတယ်။ ကျွန်တော်ဆို ကွန်ဒိုမှာနေတာဆိုပေမယ့် ဒီကားကို ဘတ္ထရီ အားသွင်းဖို့နေရာက ကိုယ်နေတဲ့ အထပ်ကနေ ဘယ်လိုအဆင်ပြေနိုင်မလဲ။ ဒါတွေကို အခြေခံကျကျ စဉ်းစားရတာပေါ့။ ၂၄ နာရီ မီးမရတာကြောင့် ညဘက်အားသွင်းနေရင်း မီးပျက်ရင်အလုပ်ရှုပ်မယ့် လုပ်ငန်းစဉ်တွေက အစတွေးရတာပေါ့။ လျှပ်စစ်ကားကို အားသွင်းတာ ဖုန်းတစ်လုံးအားသွင်းတာမျိုးနဲ့ လုံး၀ မတူတာတော့ ထပ်တွက်ထားသင့်တယ်ထင်တယ်။ မီးမလာရင် ဘာနဲ့သွင်းမလဲ။ Charging Station မှာရော ဘယ်လိုတာဝန်ယူသွင်းပေးနိုင်မလဲ။ မီးမလာရင်ရော ဘာနဲ့သွင်းပေးမလဲ။ မီးစက်မောင်းပြီး သွင်းပြန်ရင်လည်း လောင်စာဆီဆိုတာ ပြန်အသုံးပြုရမှာလေ။ အဲ့ဒီတော့ ကုန်ကျစရိတ်က ဘယ်လောက်ထိ ထူးလာနိုင်လဲဆိုတာ လေ့လာပြီးမှ ဝယ်ရမှာဘဲ။ နောက်ပြီး မီးပျက်လိုက် လာလိုက်ဖြစ်နေတာကြောင့် ဘဘ္ထရီ အားသွင်းနေရင်း မီးလောင်တာမျိုးဆိုရင် ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတာတွေလည်း သိဖို့ လိုတယ်။ ကိုယ်နိုင်ငံထဲမှာ အခုမှ သုံးရတာဆိုတော့ အခြေခံကျတဲ့ လိုအပ်ချက်တွေ စဉ်းစားပြီးမှ ဝယ်တာအကောင်းဆုံးဘဲလေ။” ဟု သူက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့ အင်းစိန်မြို့နယ်အတွင်း EV တက္ကစီ မောင်းနှင်သူတစ်ံဉီး ဦးကလည်း” လျှပ်စစ်ကားဆိုတာ လျှပ်စစ်ကို ပုံမှန်ရနေမှ အဆင်ပြေတာလေ။ ကားကမကောင်းတာမဟုတ်ဘူး။ ကားအတွက် လိုအပ်တဲ့ လျှပ်စစ်ကို အဆင်သင့် ရနိုင်အောင်လုပ်ပေးတာ အားနည်းနေတာ။ ဒါက အစိုးရက စီမံကိန်းချဆောင်ရွက်နေတယ်လို့တော့ကြားတယ်။ လောလောဆယ်တော့ အခြားလောင်စာဆီကားတွေနဲ့ နင်လားငါလား ယှဉ်မမောင်းနိုင်ဘူး။ သူတို့ ဆီကုန်ဆီဝယ် ထည့်လို့ရတယ်။ ကျွန်တော်တို့အခြေအနေကအဲ့ဒီလိုမဟုတ်ဘူးလေ။” ဟု ပြောသည်။

လက်ရှိတွင် လျှပ်စစ်ကားတင်သွင်းနေသည့် ကုမ္ပဏီပေါင်း (၃၀) နီးပါးခန့်ရှိနေပြီး လျှပ်စစ်ကားများအတွက်လိုအပ်သည့် အခြေခံအဆောက်အအုံအဆင်သင့်မဖြစ်သေးသည်ကို တွက်ချက်မပြဘဲ စစ်ခေါင်းဆောင် အကြိုက်လိုက်လုပ်နေကြသည်ဟု ဝေဖန်ပြောဆိုနေကြသည်။

အခြေခံလိုအပ်ချက်များရှိသည်ကို သိသော်လည်း ၎င်းတို့ကိုယ်တိုင် စစ်ခေါင်းဆောင်၏ မူဝါဒကြောင့် လုပ် ဆောင်နေရကြောင်းနှင့် ရောင်းဝယ်မှုအပိုင်းတွင်လည်း အမျိုးမျိုးသော ကန့်သတ်ချက်များရှိနေခြင်းကြောင့် အဆင်မပြေဖြစ်ရကြောင်း လျှပ်စစ်ကားတင်သွင်းသူတစ်ဉီးက ညည်းညူသည်။

လျှပ်စစ်ကားများကို ရန်ကုန်၊ မန္တလေးအစရှိသော မြို့ကြီးများတွင် စီးနင်းနေသည်မှာ နည်းပါးနေပြီး၊ စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်တွင် လျှပ်စစ်ကားအငှားဝန်ဆောင်မှုလုပ်ငန်းအချို့ဖွင့်လှစ်ထားကာ တစ်နာရီလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ငှားရမ်းစီးနင်းနိုင်သည်ကို တွေ့ရသည်။

စစ်ကောင်စီက လက်ရှိတွင် ကားတင်သွင်းသူများကို လျှပ်စစ်ကား အားသွင်းစက်များကိုပါ တင်သွင်းခွင့်ပြုထားပြီး ယင်း တင်သွင်းသူများကပင် တစ်နှစ်စီမံချက်ဖြင့် စက်များတပ်ဆင်ရန် လုပ်ဆောင် နေသည်ဟုဆိုသည်။

“ ကျွန်မတို့ လက်ရှိမှာ လျှပ်စစ်အားသွင်းစက်တွေကို ရန်ကုန်မြို့မှာ တစ်နှစ်စီမံချက်နဲ့လုပ်နေပါတယ်။ ဒါတွေပြီးစီးသွားရင်တော့ ဝယ်စီးမယ့်သူတွေအတွက် အဆင်ပြေသွားမှာပါ။” ဟု လျှပ်စစ်ကားတင်သွင်းရောင်းချသည့် ကုမ္ပဏီ၏ အရောင်းတာဝန်ခံ တစ်ဉီးက ပြောသည်။

ခေတ်နှင့် ညီသည့် ပြန်လည်ပြည့်ဖြိုးမြဲ လျှပ်စစ်ကား

နိုင်ငံအတွင်း စီးပွားရေးတည်ငြိမ်ပြီး လျှပ်စစ်မီးများ ပုံမှန်ရရှိမည်ဆိုပါက လျှပ်စစ်ကားသည် ဝယ်ယူစီးနင်း သင့်သည့် ကားတစ်စီးဖြစ်သည်။ လောင်စာဆီ ချွေတာရာရောက်သည့်အပြင် သဘာဝပတ်ဝန်းကျင်အတွက် ဆိုးကျိုးများလျှော့ချပေးနိုင်သည်။ အလားတူလျှပ်စစ်ကားသည် လောင်စာဆီ တင်သွင်းမှုအတွက် နိုင်ငံခြားငွေ စီးဆင်းမှု သက်သာမည်လည်း ဖြစ်သည်။

သို့သော်အခြေခံ အဆောက်အအုံမပြည့်စုံသေးသည့် နိုင်ငံတွင် လျှပ်စစ်ကားနှင့် မကိုက်ညီသေးဟုလည်း အများက ဝေဖန်နေသည်။ အကျိုးအမြတ်တစ်ခုကို ကြည့်၍ လုပ်ဆောင်နေသည်ဆိုပါက သုံးစွဲသူများပင် နစ်နာနိုင်သည်ဟုဆို သည်။

သာဓက တစ်ခုကို ပြရမည်ဆိုလျှင် ယခင်က တရုတ်နိုင်ငံထုတ် ချယ်ရီကားများ ဈေးကွက်အတွင်းသွင်းလာသော်လည်း လက်မခံကြ၍ ဈေးကွက်ပျက်ခဲ့ရသည်။

အလားတူ ပြည်တွင်း ထုတ်ဂျစ်ကားများကို ထုတ်လုပ်ခဲ့ပြီး ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်၊ ထုတ်ကုန်နှစ်စ တိုးမြင့်ကြဟုဆိုကာ စီးပွားရေးလော်ဘီများက ကြွေးကြော်ပေးသည်။

သို့သော် လော်ဘီစကားနားယောင်ကာ ဝယ်ယူခဲ့ကြသူများ နောက်ပိုင်းတွင် အရှုံးပေါ်ခဲ့သည်။ အနှီးအဆိုပါ ဂျစ်ကားများ တွင်တွင်ကျယ်ကျယ် သုံးစွဲသူမရှိသဖြင့် ဈေးကွက်အတွင်းမှ ထပ်မံ ပျောက်ခဲ့ရပြန်သည်။

လျှပ်စစ်ကားအတွက် နိုင်ငံအတွင်း Charging Station များပြည့်စုံအောင်ထားပေးနိုင်ခြင်း ၊ လျှပ်စစ်မီး ပုံမှန်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း ၊ လျှပ်စစ်မီးအစား အခြားသော အားသွင်းနိုင်မည့် စနစ်များ ဆောင်ရွက်ပေးခြင်း၊ မှန်ကန်သော အခွန်မူဝါဒ ချမှတ်ပေးခြင်းနှင့် လုပ်ပိုင်ခွင့်ရှိသူကိုသာ မျက်နှာမမူဘဲ ဈေးကွက်စီးပွားရေးအရ ယှဉ်ပြိုင်တင်သွင်းရောင်းချခွင့်ပြုခြင်းနှင့် ထိုက်သင့်သော အကျိုးအမြတ်ကိုသာ ရယူမည်ဆိုပါက ရေရှည်တည်တံ့နိုင်မည်ဟု အမည်မဖော်လိုသည့် ရန်ကုန်နေ စီးပွားရေးလုပ်ငန်းရှင် တစ်ဉီးက ထောက်ပြသည်။

လက်ရှိတွင် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာများ၊ လျှပ်စစ်မီး အချိန်မှန်မရ ရှိခြင်းနှင့် အလုပ်အကိုင်ရှားပါးပြီး တစ်ဉီးချင်းဝင်ငွေများကျဆင်းလာသည့်အပေါ် တိကျသော မူဝါဒများချမှတ်၍ ဖြေရှင်းရမည့်အစား လျှပ်စစ်ကားအိပ်မက် မက်နေခဲ့သည့် စစ်ကောင်စီ၏ လုပ်ရပ်သည်ပြည်သူလူထုနှင့် ကင်းကွာနေသည့်အတိမ်အနက်ကိုဖော်ပြလိုက်သည့် သင်္ကေတတစ်ခုဟုဆိုရမည်ဖြစ်သည်။

#MeKongNews

#စစ်ခေါင်းဆောင်

#လျှပ်စစ်ကား

#မင်းအောင်လှိုင်

#အိပ်မက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က လွိုင်လင်မြို့နယ်မှာ စစ်ဖိနပ်ဖိုး ဆက်ကြေးကောက်

ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်မြို့နယ်ရှိ ပအိုဝ်းကျေးတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ရုံးစရိတ်နဲ့ စစ်ဖိနပ်ဖိုး ဆိုပြီး ဆက်ကြေး
မြန်မာ့နွေဦး

ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ပြည်သူ ၃,၀၀၀ ကျော် ဖျားနာနေပြီး ဆေး၀ါးမလုံလောက်လို့ ဒုက္ခရောက်နေ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ အလယ်ပိုင်းကစပြီး ပြည်သူ ၃,၀၀၀ ကျော် ဖျားနာနေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ်ဆိုပြီး စစ်ကောင်စီက သတင်းမှားဖြန့်နေတယ်လို့ MNDAA တုံ့ပြန်

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့်(MNDAA) တပ်ဖွဲ့ဝင် ၂၈ ဦး လက်နက်ချတယ် ဆိုတဲ့ သတင်းဟာ စစ်ကောင်စီက လုပ်ကြံ ဖန်တီးထားတဲ့ သတင်းတု သတင်းမှားသာ ဖြစ်တယ်လို့ MNDAA က ဒီကနေ့မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ညောင်လေးပင် တိုက်ပွဲအတွင်း ဘက်ဖိုး အကာအကွယ်နဲ့ တက်လာတဲ့ စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တိုက်ပွဲ ပြင်းထန်နေပြီး မနေ့ မနက်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်း စစ်သား အလောင်းနဲ့ လက်နက်ရတယ်လို့ PDF နဲ့ နီးစပ်သူ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေလို့ စစ်တပ် ရိက္ခာယာဥ်တန်း ဖရူဆိုမြို့ထဲမှာ သောင်တင်နေ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်ကြားမှာ စစ်ကောင်စီနဲ့ တောင်လှန်ရေးတပ်တွေ တိုက်ပွဲ ပြင်းထန်နေလို့ စစ်တပ် ရိက္ခာယာဥ်တန်း ဖရူဆိုမြို့ထဲမှာ သောင်တင်နေတယ်လို့ ဒီးမော့ဆို PDF တွဲဖက် ပြန်ကြားရေးမှူး ခွန်းဖရန့်စစ် က မဲခေါင်သတင်းဌာနကို ဒီကနေ့ ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီးတက္ကသိုလ်အနီး ရပ်ကွက်တွေမှာ ဧည့်စာရင်းတိုင်ဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေ

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့၊ တောင်ကြီး တက္ကသိုလ်အနီးက ရပ်ကွက်တွေမှာ စက်တင်ဘာလ ၃၀ ရက်နေ့ကစပြီး ဧည့်စာရင်းတိုင်ဖို့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း (၁၂) ဖွဲ့စည်းမှု ၂ နှစ်ပြည့် အခမ်းအနား ကျင်းပ

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF တပ်ရင်း (၁၂) ဖွဲ့စည်းမှု ၂ နှစ်ပြည့်အခမ်းအနားကို မနေ့က ကရင်နီပြည်နယ် တစ်နေရာမှာ ကျင်းပခဲ့တယ်လို့ KNDF တပ်ရင်း ၁၂ က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးရွားလာတယ်လို့ SHRF အဖွဲ့ဆို

၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်-SHRF တာ၀န်ရှိသူ Mrs.Ying Leng Harn က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now