မြန်မာ့နွေဦး

စစ်ကောင်စီ လက်အောက်ခံ ‘မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ’ ဟာ လွတ်လပ်တဲ့ မြန်မာမီဒီယာတွေကို ကိုယ်စားမပြု

မဲခေါင် 3 May - 2023
မဲခေါင်၊ မေ ၃ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ “မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ” ဟာ လွတ်လပ်တဲ့ မြန်မာ မီဒီယာတွေကို ကိုယ်စားမပြုဘူး ဆိုပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ ၄၀ ကျော်က တစ်ခဲနက် ရှုတ်ချလိုက်တယ်လို့ ဒီကနေ့ မေလ ၃ ရက်နေ့စွဲနဲ့ မီဒီယာတွေရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ မေ ၃

အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ “မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ” ဟာ လွတ်လပ်တဲ့ မြန်မာ မီဒီယာတွေကို ကိုယ်စားမပြုဘူး ဆိုပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ ၄၀ ကျော်က တစ်ခဲနက် ရှုတ်ချလိုက်တယ်လို့ ဒီကနေ့ မေလ ၃ ရက်နေ့စွဲနဲ့ မီဒီယာတွေရဲ့ သဘောတူညီမှုနဲ့ ထုတ်ပြန်ထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း ထိန်းချုပ်ခံလိုက်ရတဲ့ “မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ” ဟာ လွပ်လပ်ပြီး အမှီကင်းတဲ့ သတင်းမီဒီယာတွေကိုပါ ထိန်းချုပ်ဖို့ ကြိုးစားလာလို့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ ၄၀ ကျော်က “မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ” ကို တစ်ခဲနက် ရှုတ်ချလိုက်တာပါ။

လွတ်လပ်တဲ့ မြန်မာ သတင်းမီဒီယာတွေ အမှီအခိုကင်းတဲ့ ကိုယ်တိုင်ထိန်းညှိမှု ယန္တရား ဖွဲ့စည်းဖို့ ကြိုးစားနေရာ ယန္တရား ပေါ်ပေါက်ရေး အတွက် လုပ်ငန်း ဖော်ဆောင်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် “ဖက်ဒရယ် မြန်မာနိုင်ငံသို့ ရှေးရှူသော မီဒီယာ” ခေါင်းစဉ်နဲ့ ပြည်တွင်းနဲ့ ပြည်ပက လွတ်လပ်တဲ့ သတင်းမီဒီယာတွေက အဋ္ဌမ အကြိမ် တိုင်းရင်း မီဒီယာ ညီလာခံကို နယ်စပ်အနီး တစ်နေရာမှာ ဧပြီလ နောက်ဆုံးပတ် အတွင်း ၃ ရက်တာ ကျင်းပကာ ဖက်ဒရယ် ဒီမိုကရေစီ၊ တိုင်းရင်းသား ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေကို အခြေခံတဲ့ လူထု ဝန်ဆောင်မှု မီဒီယာတွေ ပေါ်ပေါက်လာရေး၊ တိုင်းရင်းသား မီဒီယာ မူဝါဒ အဆိုပြုချက်တွေကို တိုင်ပင် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီညီလာခံမှာ လွတ်လပ်ပြီး အမှီအခို ကင်းတဲ့ မီဒီယာတွေ အတွက် Facebook နဲ့ Youtube တို့လို အွန်လိုင်း ပလက်ဖောင်းတွေ ကနေ ဝင်ငွေရှာဖွေနိုင်တဲ့ အခွင့်အလမ်းတွေ၊ အနာဂတ် အလားအလာတွေ နဲ့ “မြန်မာနိုင်ငံမှ အသံများကို အာဆီယံဒေသသို့ ချဲ့ထွင်ခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူတွေရဲ့ အသံကို နိုင်ငံတကာက အမှန်တိုင်း သိစေနိုင်ဖို့ ရည်ရွယ်ကာ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေကို သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မြန်မာမီဒီယာတွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးခဲ့ရာ လုံခြုံရေး၊ ရပ်တည်မှု အခက်အခဲတွေကြားက သတင်းစာ ဆရာတွေ၊ သတင်းမီဒီယာ အဖွဲ့အစည်းတွေရဲ့ သတင်းတင်ဆက်မှု အခြေအနေကိုလည်း ညီလာခံမှာ အသိအမှတ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ အဋ္ဌမ အကြိမ် တိုင်းရင်း မီဒီယာ ညီလာခံကို တိုင်းရင်းသားနဲ့ ဒေသဆိုင်ရာ မီဒီယာ အဖွဲ့အစည်း ၁၅ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ Burma News International (နိုင်ငံတကာ မြန်မာသတင်း) အဖွဲ့က ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

MK-007
#MeKongNews
#မီဒီယာကောင်စီ
#BNI
#ဖက်ဒရယ်ဒီမိုကရေစီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု