မြန်မာ့နွေဦး

စစ်ကောင်စီ ကျူးလွန်တဲ့ နမ်းနိန်းသတ်ဖြတ်မှု စစ်ရာဇဝတ်မှုမြောက်တယ်လို့ ကရင်နီအရပ်ဘက်အဖွဲ့တွေထုတ်ပြန်

မဲခေါင် 21 Mar - 2023
မဲခေါင်၊ မတ် ၂၁ နမ့်နိန်းရွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း အတိအလင်း ပြောကြားလိုတယ်လို့ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတွေက မတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၂၁

နမ့်နိန်းရွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်ကြောင်း အတိအလင်း ပြောကြားလိုတယ်လို့ ကရင်နီ အရပ်ဘက်အဖွဲ့အစည်းတွေက မတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းထဲမှာရှိတဲ့ သံဃာတော် ၃ ပါးနဲ့ အမျိုးသမီး တစ်ဦးအပါအဝင် စုစုပေါင်း ၂၂ ဦးကို စစ်ကောင်စီက လူသားမဆန်စွာ သတ်ဖြတ်ခဲ့တာကို ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အပြင်းအထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လက်ရှိလုပ်ရပ်ဟာ လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေ ပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ဆော်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ကရင်နီပြည်နယ်အတွင်း နဲ့ အခြား တိုင်းရင်းသား ညီနောင်များအနေနဲ့ စစ်ကောင်စီရဲ့ ထောင်ချောက်ထဲကို မဝင်ရောက်မိစေဖို့ အထူးသတိထားရမယ်လို့ ကရင်နီလူငယ်တစ်ဦးက တိုက်တွန်းထားပါတယ်။

“ပအိုဝ်းနဲ့ ကရင်နီဆိုတာ သမိုင်းကြောင်းအရ အတူတူဆင်းသက်လာတဲ့ မျိုးနွယ်စုညီအစ်ကိုဖြစ်တယ်။ သွေးချင်းရင်းနှီးမှုကို ရှိနေပြီးသား။ သွေးကွဲအောင် လုပ်နေတဲ့လူတွေကို ကျွန်တော်တို့ ရှုတ်ချဖို့လိုတယ်။ ထောက်ပြဖို့လိုတယ်”ဟု ထုတ်ပြန်ချက် တာဝန်ခံ ကရင်နီလူငယ်တစ်ဦးကပြောသည်။

စစ်ကောင်စီမှ ကရင်နီပြည် ရှမ်းပြည်နဲ့ မြန်မာနိုင်ငံမှာ ကျူးလွန်နေတဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုများ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုများနဲ့ ပတ်သက်ပြီး တရားမျှတမှု ရရှိတဲ့အထိ အခြားညီနောင် တိုင်းရင်းသားများနဲ့အတူ ပြည်တွင်း ပြည်ပ ကရင်နီအဖွဲ့အစည်းများက ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ကို ကရင်နီပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကိုရီးယား ကရင်နီလူငယ်တွေနဲ့ စင်ကာပူရောက် ကရင်နီလူငယ်တွေပါဝင်တဲ့ ကရင်နီအရပ်ဘက်အဖွဲ့အစည်း ၁၈ ဖွဲ့က စုပေါင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

CJ – 002

#MeKongNews

#နမ်းနိန်းကျေးရွာ

#စစ်ရာဇဝတ်မှု

#ကရင်နီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု