မြန်မာ့နွေဦး

စစ်ကောင်စီ ကျင်းပဖို့ ကြိုးစားနေတဲ့ တရားမဝင် ရွေးကောက်ပွဲမှာ အချောင်နေရာလိုချင်တဲ့ ပါတီတွေ ပြည်သူပေးတဲ့ ပြစ်ဒဏ်ခံရမယ်

မဲခေါင် 5 Jan - 2023
စစ်ကောင်စီက ကျင်းပဖို့ ကြိုးစားနေတဲ့ တရားမဝင် ရွေးကောက်ပွဲမှာ အချောင် နေရာလိုချင်တဲ့ ပါတီတွေ အနေနဲ့ ပြည်သူကပေးတဲ့ ပြစ်ဒဏ်ခံရမယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု -GSCB မှ မနေ့က ထုတ်ပြန်ပါတယ်။

စစ်အုပ်စုက ကျင်းပဖို့ ကြိုးစားနေတဲ့ “တရားမဝင် အယောင်ပြ ရွေးကောက်ပွဲ” မှာ မိမိကိုယ်တိုင်ကပါ အလိုတူ အလိုပါ အခွင့်ရေးရမယ် အထင်နဲ့ နိုင်ငံရေး နေရာကို အချောင် ရယူလိုစိတ်နဲ့ဖြစ်စေ၊ အကြပ်ကိုင်စေခိုင်းတယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဖြစ်စေ အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်း လက်တွဲမယ့် နိုင်ငံရေး အစုအဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပါတီတွေကို ပြတ်သားစွာ ပြောကြားလိုတာက ဒီအစုအဖွဲ့နဲ့ တဦးချင်း တယောက်ချင်းစီရဲ့ လုပ်ရပ်တွေဟာ သမိုင်းမှတ်တမ်း ဝင်နေမှာ ဖြစ်တယ်လို့ GSCB က ဆိုပါတယ်။

ပြည်သူတရပ်လုံးနှင့် နိုင်ငံတကာ အင်အားစုများမှ မျက်မြင်သက်သေအဖြစ်နှင့် နောင်တချိန်တွင် ပြည်သူပေးသည့် နိုင်ငံရေး ပြစ်ဒဏ်ကို မလွှဲမသွေ ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဤနေရာမှ သတိပေးလိုသည် 

လို့ GSCB က သတိပေးပါတယ်။

အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံ အပါအဝင် အာဆီယံနဲ့ နိုင်ငံတကာ အင်အားစုတွေ အနေနဲ့ “ရွေးကောက်ပွဲ ဆိုသည်မှာ ဒီမိုကရေစီစနစ်၏ အခြေခံ အကျဆုံး ကိစ္စရပ်ဖြစ်သည်ဆိုကာ” အကြမ်းဖက် စစ်အုပ်စုက ပြုလုပ်မယ့် “တရားမဝင် အယောင်ပြ ရွေးကောက်ပွဲ” ကို တကယ့် အစစ်အမှန် သဖွယ် မသတ်မှတ်မိဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါဟာ နိုင်ငံတကာ အင်အားစုတွေကို နားရွက်တံတွေး ဆွတ်မယ့် အကွက်သာ ဖြစ်ပြီး မြန်မာ့နိုင်ငံရေး အတွက် ဘယ်လိုနည်းနဲ့မှ အဖြေဖြစ်လာမှာ မဟုတ်တာကြောင့် ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး မြန်မာပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ပေးကြပါဖို့လည်း တိုက်တွန်း တောင်းဆို ထားပါတယ်။

စစ်အုပ်စုဟာ မတရား အာဏာလုကာ ပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်လျက် အုပ်ချုပ်ဖို့ ကြိုးစားလာတာဟာ ၂ နှစ်တိတိ ပြည့်ဖို့ ရက်ပိုင်းသာ လိုတော့ပြီး ၂ နှစ်တာ တော်လှန်ရေး ခရီးကြမ်းကြီးအတွင်း နည်းပေါင်းစုံနဲ့ ကြံ့ကြံ့ခံ ပါဝင်တွန်းကန် တော်လှန်နေကြတဲ့ ပြည်သူအပေါင်းကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCB က မှတ်တမ်းတင် လေးစား ဂုဏ်ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

စစ်အုပ်စု အနေနဲ့ မြန်မာနိုင်ငံကို နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာပေးကာ ဖွံ့ဖြိုးတိုးတက် စေလိုတဲ့ စိတ်ဆန္ဒ စိုးစဉ်းမျှ မရှိတာက သူတို့ ကျူးလွန်နေတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့မှုတွေ၊ ရက်စက်စွာ ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ နိုင်ငံအနှံ့ ဖြစ်ပေါ်လျက် ရှိနေတဲ့ ပြည်တွင်းစစ်မီးတွေက သက်သေပင် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရားမဝင် အကြမ်းဖက် စစ်အုပ်စုမှ ပြုလုပ်မယ့် “တရားမဝင် အယောင်ပြရွေးကောက်ပွဲ” ဟာ နိုင်ငံရေးအရ လုံးဝ လက်ခံနိုင်စရာ မရှိတာက ဒီအကြောင်းအရာတွေက သက်သေခံလျက်ရှိတယ်လို့လည်း ဖော်ပြတယ်။

ပြည်သူလူထု တရပ်လုံးနဲ့ တော်လှန်ရေး အင်အားစု‌တွေ ဆင်နွှဲနေတဲ့ တော်လှန်ရေးကြီးဟာ အကြမ်းဖက် စစ်အုပ်စု ကျင်းပဖို့ ကြိုးစားနေတဲ့ “တရားမဝင် အယောင်ပြရွေးကောက်ပွဲ” ဘယ်လိုပုံစံနဲ့ ကျင်းပတာဖြစ်စေ၊ ဘယ်လို ရလာဒ်တွေ ထွက်ထွက် မိမိတို့ လိုချင်တဲ့ ပန်းတိုင် မရောက်မချင်း အရှိန်အဟုန် ကောင်းကောင်းနဲ့ မဆုတ်မနစ် ဆန့်ကျင်တိုက်ပွဲနေကြမှာ ဖြစ်တယ်လို့ GSCB က ပြောပါတယ်။

နွေဦးတော်လှန်ရေး စတင်ခဲ့တဲ့ အချိန်မှစပြီး ပြည်သူ တရပ်လုံးက ဒီနေ့အချိန်ထိ လှုပ်ရှားမှု ပေါင်းစုံ၊ လူအား၊ ငွေအားနဲ့ ကဏ္ဍပေါင်းစုံမှာ ကျရာနေရာမှ ပုံစံမျိုးစုံနဲ့ ပူးပေါင်း ပါဝင်နေခဲ့တာက နွေဦးတော်လှန်ရေး ဆက်လက် ဆင်နွှဲနိုင်နေတာရဲ့ အဓိက အကြောင်းအရင်းတွေထဲမှ တခုဖြစ်ပြီး စစ်အုပ်စုနဲ့ မပူးပေါင်းရေး ဘူးသပိတ်၊ လူမှုရေး ပြစ်ဒဏ်ခတ်တာ‌တွေကို ဆက်လက်လုပ်ဆောင်နေဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

စစ်အုပ်စု ကျင်းပဖို့ ကြိုးစားနေတဲ့ “တရားမဝင် အယောင်ပြ ရွေးကောက်ပွဲ” မှာ အတင်းအဓမ္မ ဖိနှိပ် စေခိုင်းတာ‌တွေ ရှိလာနိုင်တာကြောင့် ပြည်သူလူထု အနေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး နည်းလမ်းပေါင်းစုံ သုံးကာ ဆန့်ကျင်တိုက်ဖျက်ဖို့ လိုအပ်တယ်လို့လည်း GSCB က ထုတ်ပြန်ထားပါတယ်။

အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCB ဟာ နိုင်ငံတဝှမ်းရှိ တော်လှန်ရေး ဒေသ သီးသီးမှ သပိတ်အင်အားစုတွေနဲ့ ပေါင်းစည်းစုဖွဲ့ထားရာ အစုအဖွဲ့ပေါင်း ၄၁ ဖွဲ့ ရှိတယ်လို့လည်း သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ