မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ အဓိက ထောက်ပို့လမ်းကြောင်းပေါ်က ဒါလီတံတား မိုင်းခွဲဖျက်ဆီးခံရ

မဲခေါင် 28 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၈ စစ်ကောင်စီရဲ့ အရေးပါတဲ့ အဓိက ထောက်ပို့ လမ်းကြောင်း တစ်ခုဖြစ်တဲ့ ကြာအင်းဆိပ်ကြီး-မုဒုံလမ်းမပေါ်က ဒါလီတံတား မိုင်းခွဲဖျက်ဆီး ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၈

စစ်ကောင်စီရဲ့ အရေးပါတဲ့ အဓိက ထောက်ပို့ လမ်းကြောင်း တစ်ခုဖြစ်တဲ့ ကြာအင်းဆိပ်ကြီး-မုဒုံလမ်းမပေါ်က ဒါလီတံတား မိုင်းခွဲဖျက်ဆီး ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် မုဒုံမြို့ကို ဆက်သွယ်ထားတဲ့ လမ်းမပေါ်က ဒါလီတံတား ဒီနေ့ ဇန်နဝါရီ ၂၈ ရက် မနက်ပိုင်းမှာ မိုင်းပေါက်ကွဲမှုကြောင့် တံတားချဉ်းကပ်လမ်း တစ်ဖက်ခြမ်း ပြိုကျပျက်စီး သွားပါတယ်။

ဒါလီတံတားဟာ ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာရွာနဲ့ ရွှေလင်းကျေးရွာကြားမှာရှိပြီး ဇန်နဝါရီ ၂၆ ရက်နေ့က မိုင်းခွဲခံခဲ့ရပေမယ့် အသုံးပြုလို့ရနေပြီး ဒီနေ့မနက် ၂ နာရီဝန်းကျင်မှာ မိုင်းကွဲသံကြားရပြီး ကျိုးကျ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါလီတံတား ကျိုးကျမှုကြောင့် ဒေသခံတွေကြားမှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး ကြာအင်းဆိပ်ကြီး ဒေသခံတွေ ကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှာနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဒါလီတံတားကို စစ်ကောင်စီတပ်က ရိက္ခာ၊ လက်နက်နဲ့ စစ်ကူအတွက် ထောက်ပို့ လမ်းကြောင်းအဖြစ် အဓိက အသုံးပြုနေတာလို့ ဒေသခံတွေထံက သိရပြီး တံတား ဖောက်ခွဲမှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်ခဲ့တယ် ဆိုတာကိုေတော့ မဲခေါင်သတင်း အနေနဲ့ အတည်ပြုနိုင်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီ တပ်ရင်းတွေကို KNLA ပူးပေါင်း တပ်ဖွဲ့တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ရာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ များပြားခဲ့ကာ စစ်တပ်ဘက်က လေကြောင်းပစ်ကူတွေ အလွန်အကွ ျံအသုံးပြုတာကြောင့် အနီးတဝိုက်က ကျေးရွာဒေသခံ ၄၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။