မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ဖို့ စစ်ရှောင်ပြည်သူတွေ ဗုံးခိုကျင်းတူးထားဖို့ မိုးဗြဲ PDF တိုက်တွန်း

မဲခေါင် 5 May - 2023
မဲခေါင်၊ မေ ၅ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်း-ဖယ်ခုံနဲ့ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီက စစ်‌ရှောင် စခန်းတွေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေလို့ ပြည်သူတွေ အနေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင် ပြုလုပ်ထားဖို့ မိုးဗြဲ PDF က မနေ့က တိုက်တွန်းလိုက်ပါတယ်။

မဲခေါင်၊ မေ ၅

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်း-ဖယ်ခုံနဲ့ နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီက စစ်‌ရှောင် စခန်းတွေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှု ပြုလုပ်နေလို့ ပြည်သူတွေ အနေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင် ပြုလုပ်ထားဖို့ မိုးဗြဲ PDF က မနေ့က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတစ်ဝန်း တော်လှန်ရေး အင်အားစုတွေကို အမြစ်ဖြတ်မယ်လို့ စစ်ကောင်စီက ကြုံးဝါးခဲ့ပြီး နောက်ပိုင်း ပြည်သူတွေ နေထိုင်တဲ့ စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေကို လေကြောင်းကသာ မက လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေပါတယ်။

ဒီတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ စစ်ရှောင် ပြည်သူတွေ အနေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင် ပြုလုပ်ထားပါက ထိခိုက် သေဆုံးမှုကို လျှော့ချ နိုင်တယ်လို့ ဆီဆိုင်မြို့နယ်က စစ်ဘေးရှောင် ကူညီပေးနေသူ တစ်ဦးက မဲ‌ခေါင်သတင်းဌာနကို ပြောပါတယ်။

“စစ်ရှောင်တွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေကို ပစ်မှတ်ထား ပြုလုပ်လာချိန်မှာ ဗုံးခိုကျင်းတွေ ကြိုတူးထားတာက အင်မတန်ကို အရေးကြီးပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် စစ်ရှောင် ပြည်သူတွေ လုံခြုံရေးက ၁၀၀ ရာခိုင်နှုန်း မဟုတ်တောင် ၈၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်မယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ လက်ရှိမှာလည်း ကျွန်တော်တို့ စစ်ရှောင်စခန်းတွေမှာ ဗုံးခိုကျင်းတွေ ပြုလုပ်ဖို့ ပြည်သူတွေကို မေတ္တာရပ်ခံပြီး‌ ဆောက်လုပ်ထားပါတယ်” လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နှောင်းပိုင်းမှာ ဖယ်ခုံမြို့နယ် အတွင်း စစ်ရှောင်တွေနဲ့ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်၊ သက်ကြီးရွယ်အိုတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနေတဲ့ ဆောင်းဖွေးဆေးရုံကို တိုက်လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဆေးရုံပျက်စီးပြီး ပြည်သူတွေ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲ PDF ကပြောပါတယ်။

ပင်လောင်း-ဖယ်ခုံ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေဟာ နမ့်နိန်းကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

MK-007
#MeKongNews
#မိုးဗြဲ-PDF
#ဗုံးခိုကျင်း
#ဆောင်းဖွေးဆေးရုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ