မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ လေကြောင်းရန်ကာကွယ်ဖို့ NUG ဖွင့်လှစ်တဲ့ စာသင်ကျောင်း ၆၀၀ ကျော်မှာ ဗုံးခိုကျင်းတွေတူးထား

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၇ အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ပြည်သူတွေကို တိုက်ခိုက်လာတာကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ-NUG ဦးဆောင် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၆၀၀ ကျော်မှာ ဗုံးခိုကျင်းတွေ တူးထားရတယ်လို့ လူသားချင်းစာနာဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၇

အာဏာသိမ်း စစ်ကောင်စီက လေကြောင်းကနေ ပြည်သူတွေကို တိုက်ခိုက်လာတာကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ-NUG ဦးဆောင် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ၆၀၀ ကျော်မှာ ဗုံးခိုကျင်းတွေ တူးထားရတယ်လို့ လူသားချင်းစာနာဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို ရန်သူလို သဘောထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ နိုင်ငံ အနှံ့အပြားမှာ ကျူးလွန်နေရာ အရပ်ဘက် ပစ်မှတ်တွေဖြစ်တဲ့ စာသင်ကျောင်း၊ ဆေးရုံနဲ့ လူနေအိမ်တွေကို ဦးတည် တိုက်ခိုက်နေပြီး နေ့စဉ် စစ်ရာဇဝတ်မှု မြောက်များစွာ ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“စစ်ကောင်စီဟာ စာသင်ကျောင်းတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေကို ပြုလုပ်နေတာကြောင့် ကလေးတွေအတွက် ကျွန်တော်တို့ကြိုပြီး စီစဉ်ပေးထားရတာပေါ့။ အဲ့ဒါကြောင့် ကျွန်တော်တို့ ကလေးတွေကို အခုလို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေရတာပဲ ဖြစ်တယ်” လို့ NUG ပညာရေးဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ တစ်ဉီးက ပြောပါတယ်။

လက်ရှိ NUG ပညာရေးဝန်ကြီးဌာနရဲ့ စာသင်ကျောင်း ၆၀၀ ကျော်မှာ ဗုံးခိုကျင်း ၆၀၀ ကျော် တူးထားပြီး တစ်ကျင်းအတွက် တစ်သိန်းခွဲကျပ် ထောက်ပံ့ခဲ့တယ်လို့ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဆိုပါတယ်။

“ဒီပဲယင်းမြို့နယ် ဖြစ်စဉ်လိုဖြစ်မှာ ကျွန်မတို့ အရမ်း စိုးရိမ်တယ်။ ကလေးတွေရဲ့ အနာဂတ်က တစ်ဖြည်းဖြည်း ပျောက်ကွယ်လာပြီ။ လွတ်လွပ်မှုဆိုတာ သူတို့မှာ မရှိတော့ဘူး။ ကြောက်ရွံ့မှုနဲ့ ရင်ဆိုင်လာရပြီ။ ကလေးတွေကို ကျွန်မတို့က ဘေးကနေ တတ်နိုင်သမျှ ဖေးမပြီး အန္တရာယ်ကြားကနေ ရတဲ့အချိန် ပညာ သင်ကြား ပေးနေရတာပါ။ လေယာဉ်လာတဲ့ အချိန်ဆို စာသင်ကျောင်းတွေ ပိတ်ထားရတယ်” လို့ စစ်ကိုင်း တိုင်းမှ ဆရာမ တစ်ဉီးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာကို ရဟတ်ယာဉ် ၄ စင်းနဲ့ စီးနင်းရာ ၂ စင်းက မဟာဓမ္မံရံသီ ဘုန်းကြီးကျောင်းဝန်းထဲက အလယ်တန်းကျောင်းကို ပစ်ခတ်ကာ ကျန်တဲ့ ၂ စင်းပေါ်ကနေ စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင် ဆင်းလာပြီး လက်ယက်ကုန်းရွာထဲ ဝင်ရောက်စီးနင်း ခဲ့ပါတယ်။

အဲဒီ ဖြစ်စဉ်မှာ စစ်ကောင်စီတပ်က ရဟတ်ယာဉ် ၂ စင်း တစ်နာရီနီးပါး ကြာအောင် စာသင်ကျောင်းကို တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမ အနည်းဆုံး ၁၃ ဦး သေဆုံးခဲ့ရပါတယ်။

လက်ရှိ “ CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆန်ကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဉ်က ရရှိတဲ့ ရန်ပုံငွေတွေနဲ့ စာသင်ကျောင်းတွေမှာ လေကြောင်းရန်နဲ့ လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခို ရာ ဗုံးခိုကျင်းတွေကို မြေပြင်မှ ပြည်သူအင်အားနဲ့အတူ အကောင်အထည်ဖော်နေရာ စာသင်ကျောင်းပေါင်း ၆၀၀ ကျော် ရှိလာပြီလို့ သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက