မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ လူဦးရေစာရင်း ကောက်ယူမှုမှာ ပူးပေါင်းပါဝင်တာမလုပ်ဖို့ တော်လှန်ရေး အင်အားစုတွေ မေတ္တာရပ်ခံ

မဲခေါင် 5 Jan - 2023
စစ်ကောင်စီရဲ့ လူဦးရေစာရင်း ကောက်ယူမှုမှာ ပူးပေါင်း ပါဝင်တာ မလုပ်ဖို့ တော်လှန်ရေး အင်အားစုတွေက ပြည်သူလူထုကို ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက စိုင်းပြင်းနေတဲ့ “အတုအယောင် ရွေးကောက်ပွဲ” အတွက် “နိုင်ငံအတွင်းရှိ လူဦးစာရင်း မှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးရန်” ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး အကြို မဲစာရင်း‌တွေ ကောက်ယူဖို့ ခြေလှမ်း ပြင်နေတယ်လို့ သိရပါတယ်။

ဒါက အကြို မဲစာရင်း‌တွေ ကောက်ယူဖို့ ပြင်ဆင်လာတာဖြစ်တဲ့ အပြင် အမြို့မြို့အနယ်နယ်ရှိ တော်လှန်ရေး ရဲဘော်တွေနဲ့ မိသားစုဝင်‌တွေ၊ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ သပိတ်မှောက် နိုင်ငံ့ဝန်ထမ်း‌‌တွေ၊ ပုဂ္ဂလိက ဝန်ထမ်း‌တွေ၊ ကျောင်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပစ်မှတ်ထား ရှာဖွေဖော်ထုတ်ဖို့ ရည်ရွယ်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ပစ်မှတ်ထား ရှာဖွေ ဖော်ထုတ်ပြီးပါက ပိုင်ဆိုင်မှု‌တွေ သိမ်းယူတာ၊ မတရား ဖမ်းဆီးတာ၊ စောင့်ကြည့်တာ‌တွေ အပါအဝင် မျှော်မှန်းမထားနိုင်တဲ့ ဖိနှိပ်ရမ်းကားမှုတွေကိုပါ ကျူးလွန်လာနိုင်တယ်လို့ ဆိုပါတယ်။

လူဦးရေ စာရင်းဆိုပြီး အကြို မဲစာရင်း ကောက်ယူမယ့် သတ်မှတ်ကာလဟာ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၃ ရက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ ကိစ္စရပ်နဲ့ စပ်လျဉ်းပြီး တော်လှန်ရေး အင်အားစုတွေက ပြည်သူလူထု တစ်ရပ်လုံးသို့ အကြမ်းဖက် စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်တာ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံတာ ဖြစ်ပါတယ်။

ဒါ့အပြင် ခြိမ်းခြောက်မှုတွေ ရှိပါက မှတ်တမ်းတင်ထားပြီး သတင်းပေးပို့ တိုင်ကြားဖို့နဲ့ မိမိတို့ ပတ်ဝန်းကျင်က လူဦးရေ စာရင်း ကောက်ယူမှု အခြေအနေတွေကို Telegram Scout channel တွေသို့ဖြစ်စေ၊ သတင်း မီဒီယာတွေနဲ့ သပိတ်အင်အားစုတွေရဲ့ လူမှုကွန်ရက် Facebook စာမျက်နှာတွေသို့ ဖြစ်စေ အချိန်နဲ့ တပြေးညီ သတင်းပေးပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အခြေအနေ အရပ်အရပ်ကြောင့် လူဦးရေစာရင်း ပေးရပါကလည်း သတင်းအချက်အလက် အမှား‌တွေသာ ပေးကြဖို့လည်း နှိုးဆော် တိုက်တွန်း ထားပါတယ်။

တအိမ်တက်ဆင်း မြေပြင် လူဦးရေ စာရင်း ကောက်ယူနိုင်ရေး ပူးပေါင်း ဆောင်ရွက်ကြမယ့် ရပ်ကွက် အုပ်ချုပ်ရေးမှူး‌တွေ၊ စစ်ကောင်စီ ဘက်တော်သား ဒလန်သတင်းပေး‌ တွေကို သေချာမှတ်သားထားပြီး အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ တရားရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန‌တွေကို အမြန်ဆုံး သတင်းပေးပို့ တိုင်ကြားဖို့လည်း တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့