မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ လက်သိပ်ထိုး အိမ်ရာစီမံကိန်းတွေကြောင့် တောင်ကြီးက ထင်းရှူးပင် ၂၀၀၀၀ ဖျက်ဆီးခံရ

မဲခေါင် 1 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁ စစ်ကောင်စီက နီးစပ်ရာ လုပ်ငန်းရှင်တွေကို လက်သိပ်ထိုးလုပ်ကိုင်ခွင့် ပေးထားတဲ့ အိမ်ရာစီမံကိန်းတွေ ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အနီးယန်းကျင်က ထင်းရှူးပင် ၂၀၀၀၀ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေဆီက သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁

စစ်ကောင်စီက နီးစပ်ရာ လုပ်ငန်းရှင်တွေကို လက်သိပ်ထိုးလုပ်ကိုင်ခွင့် ပေးထားတဲ့ အိမ်ရာစီမံကိန်းတွေ ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အနီးယန်းကျင်က ထင်းရှူးပင် ၂၀၀၀၀ ဖျက်ဆီးခံထားရတယ်လို့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်က ဒေသခံတွေ ကန့်ကွက်လို့ ရပ်နားထားတဲ့ တောင်ကြီးမြို့၊ ဟိုပုံးသွားလမ်းဘေးရှိ မြေဧက ၁၇၂ ဒဿမ ၁၅၃ ဧကပေါ်မှာ ဆောင်ရွက်နေတဲ့ ပန်းချယ်ရီ အိမ်ယာစီမံကိန်း အပါအဝင် အိမ်ရာစီမံကိန်း ၇ ခုကို စစ်ကောင်စီက လက်သိပ်ထိုးခွင့်ပြုထားတာ ဖြစ်ပါတယ်။

“ ပန်းချယ်ရီတစ်ခုတည်းမှာပဲ ထင်းရှူးပင် ၁သောင်းကျော်ပါတယ်” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပန်းချယ်ရီအိမ်ယာစီမံကိန်းဟာ တောင်ကြီးမြို့အထွက်(အရှေ့တောင်ဘက်)မှာ ဆောက်လုပ်နေတာဖြစ်ပြီး တခြားစီမံကိန်း ၂ခုကလည်း အဲဒီအိမ်ယာစီမံကိန်းအနီးမှာဖြစ်သလို မြို့ပြင်(မြို့အရှေ့တောင်ဘက်)မှာ တစ်ခု၊ မြို့ပြင်အနောက်တောင်ထောင့်ဖက်မှာ ၂ခု၊ အရှေ့မြောက်ဖက်(မြို့တွင်း)မှာက တစ်ခုတို့ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို စစ်ကောင်စီကရော လုပ်ကိုင်ခွင့်ရထားတဲ့ လုပ်ငန်းရှင်တွေကပါ ပွင့်ပွင့်လင်းလင်းချပြထားတာ မရှိပါဘူးလို့ သိရပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက “နာမည်နဲ့ ဧရိယာတော့ မသိရသေးဘူး။ သွားမေးရင်လည်း ဖမ်းခံရမှာ” လို့ ဆိုပါတယ်။

ပန်းချယ်ရီစီမံကိန်းကို အရင်အစိုးရက ခွင့်ပြုပေးခဲ့တာဖြစ်ပြီး တောင်ကြီးမြို့ရေဝေရေလဲနဲ့ သဘာဝပတ်ဝန်း ကျင်ထိန့်းသိမ်းရေးကော်မတီနဲ့ မြို့မိမြိုဖတွေ၊ မြို့သူ/သားတွေ ဝိုင်းဝန်းကန့်ကွက်တာကြောင့် ရပ်နားထား ပေမယ့် စစ်ကောင်စီက ပြန်လည်ခွင့်ပြုလိုက်တာပါ။

စစ်ကောင်စီလက်ထက်မှာ ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းတွေကို ဖိနှိပ်ထားပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရပ်ဘက်အဖွဲ့အစည်းအများစုဟာ လုပ်ငန်းရပ်နားထားရတာကြောင့် အချက်အလက်တွေ တိတိကျကျမသိရှိရပေမယ့် ထင်းရှူးပင်နဲ့ တခြားသစ်ပင် ၁၀၀၀၀ဖျက်ဆီးခံရတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

အရွယ်ရောက်ပြီး ထင်းရှူးပင် ၂၀၀၀၀ ကို ခုတ်လှဲရင် ထင်းရှူးသား သစ် တန်ချိန် ၄၀၀၀၀ ကနေ ၁၂၀၀၀၀ လောက်အထိ ရနိုင်တာမို့ ကာလပေါက်စျေးနဲ့ တွက်ချက်ရင် ဒေါ်လာသိန်းနဲ့ ချီနေပါတယ်။

တောင်ပေါ်နှင့် ကုန်းမြင့်ဒေသများတွင် သစ်တောပြုန်းတီးမှုသည် သဘာဝပတ် ဝန်းကျင်အပေါ် ဆိုးကျိုးများစွာ သက်ရောက်နိုင်ပြီး သစ်ပင်အမြစ်များက ကုတ်တွယ်ထိန်းသိမ်းထားသည့် မြေဆီလွှာများ အကာအကွယ်မဲ့ တိုက်စားခြင်း၊ သစ်ပင်သစ်တောများကို မှီခိုနေသည့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်း၊ ပျောက်ကွယ်ခြင်း၊ ကမ္ဘာ့ပူနွေးမှုဖြစ်စဉ်နှင့် ရာသီဥတုပြောင်းလဲခြင်း၊ ရေဝေရေလဲများ ပြုန်းတီးသဖြင့် ရေရရှိမှု လျော့နည်းခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများကို ကြုံတွေ့နိုင်စေတယ်လို့ သဘာဝဝန်းကျင်အရေး လေ့လာသူတစ်ဦးက ဆိုပါတယ်။

“ အရင်အစိုးရလက်ထက်ကဆိုရင် လမ်းချဲ့ဖို့ သစ်ပင်ခုတ်ရင် ပြည်သူတွေဝိုင်းကန့်ကွက်လို့ သစ်ပင်တွေကို ရှောင်ပြီး ချဲ့တယ်၊ နေရာရွေ့တယ်။ အခုကတော့ နည်းနည်းလောက်ဝေဖန်မိတာနဲ့ တန်းဖမ်းတာဆိုတော့ ဘယ်သူမှမပြောရဲတော့ဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အဲဒီစီမံကိန်းတွေသာ မက တခြား သဘာဝပတ်ဝန်းကျင် ချိုးဖောက်မှုတွေ ရှိနေပြီး လမ်းဘေးသစ်ပင်ပါ မကျန် ခုတ်လှဲနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“ခုတ်ချင်သလို ခုတ်နေကြတာ။ တစ်မြို့လုံးက လမ်းဘေးသစ်ပင်တွေလည်း ကုန်သလောက်နီးပါးရှိနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အရင်နှစ်ကလည်း မီးပုံးပျံကွင်းအရှေ့ဘက်ရှိ ရထားသံလမ်းတိုးချဲ့ရာမှာလည်း သစ်ပင်အများအပြား ခုတ်ယူခံခဲ့ရပြီး လက်ရှိမှာလည်း သစ်တောမြေဖြစ်တဲ့ တောင်ကြီးမြို့ရဲ့ အရှေ့ဘက်တောင်တန်းကြီးတွေမှာ သစ်ပင်ခုတ်ယူရောင်းစားသူတွေ နေ့စဉ်ရှိနေပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက မသိကျွိုးကျွံပြုထားတယ်လို့ သိရပါတယ်။

“ သတ္တုထုတ်ယူမှုနဲ့ ကျောက်မီးသွေးကားတွေ သယ်ယူပို့ဆောင်မှုတွေကြောင့် သဘာဝတ်ပတ်ဝန်းကျင် လေထုညစ်ညမ်းမှုတွေ ပိုဖြစ်လာတယ်။ ပိုက်ဆံရရင်ပြီးရော အကုန်လွှတ်တော့ သယ်ချင်သလိုသယ်နေကြတာ။ ပြီးတော့ သတ္တုသယ်ယူတဲ့အခါ စနစ်ကျမှု မရှိသလောက်ဖြစ်သွားပြီ” လို့ ဒေသတွင်းအရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီလိုပဲ တောင်ကြီးမြို့ပြင်က စိုက်ပျိုးမြေတွေကို ဌာနဆိုင်ရာတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး အိမ်ယာကွက်ရိုက်ရောင်းချတာတွေ အများအပြားရှိနေတာကြောင့် သစ်တောပြုန်းတီးမှု ပိုမိုများပြားလာ နေပါတယ်။

K-008

#MeKongNews

#ထင်းရှူးပင်

#တောင်ကြီး

#အိမ်ရာစီမံကိန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက