မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ မီးရှို့စစ်ကြောင်း ခင်ဦးနယ်ထဲဝင်လာလို့ ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးရ

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲ ဝင်ရောက်လာတာကြောင့် ကျေးရွာတွေနေ ဒေသခံ ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ Khin U Special Force Organization – KSO တာဝန်ရှိသူက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကို မီးပတ်ရှို့နေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခင်ဦးမြို့နယ်ထဲ ဝင်ရောက်လာတာကြောင့် ကျေးရွာတွေနေ ဒေသခံ ၅,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ Khin U Special Force Organization – KSO တာဝန်ရှိသူက မဲခေါင်သတင်းကို ပြောပါတယ်။

မော်လိုက် အခြေစိုက် ခမရ (၃၆၄) နဲ့ မှော်ဘီ-ထူးကြီး အခြေစိုက် ခလရ (၇၀၁) ပူးပေါင်း စစ်ကြောင်းဟာ မနေ့က စပြီး ခင်ဦးမြို့နယ်မှာ လှည့်လည် မွှေနှောက် နေတာကြောင့် သရက်ပင်စု၊ အင်တိုင်းလေး၊ ရှားတော၊ မန်ကျည်းအုပ် စတဲ့ ကျေးရွာနေ ဒေသခံတွေ ထွက်ပြေး တိမ်းရှောင် နေရတာ ဖြစ်ပါတယ်။

“မနေ့က မနက်ခင်း ၈ ရီလောက် ကတည်းက သူတို့ တပ် ၂ ခုပေါင်းပြီးတော့ ခင်ဦးမြို့နယ် အနောက်ခြမ်း ကျေးရွာတွေကို ဝင်ရောက်ခဲ့တယ်။ ဝင်ရောက်ခဲ့တဲ့ အတွက် ဒေသခံတွေ အများစုက ထွက်ပြေး တိမ်းရှောင် ခဲ့ရတယ်ပေါ့။ သူတို့က ညနေခင်း ၄ နာရီလောက်မှ ထွက်သွားတယ်။ မနေ့က ပြန်ဆုတ်သွားတဲ့ စစ်ကြောင်းက အခုလောလောဆယ် ရေဦးမြို့ကနေ ထွက်ဖို့ပြင်နေတယ်လို့ သိရတဲ့အတွက် မနေ့က ထွက်ပြေးရတဲ့ ရွာတွေရော တခြားသော ကျေးရွာတွေရော အခု အထိတ်တလန့် ဖြစ်ပြီးတော့ ထွက်ပြေးနေရတယ်” လို့ KSO တာဝန်ရှိသူက ပြောပါတယ်။

မနေ့က ခင်ဦးမြို့နယ်ထဲ ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ အင်တိုင်းလေးမြောက်ရွာမှာ လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သရက်ပင်စုရွာက နေအိမ် ၃ လုံးနဲ့ လျှပ်စစ် ထရန်စဖော်မာ တစ်လုံးကို မီးရှို့ဖျက်ဆီး သွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွာသစ်ကုန်းကျေးရွာက ပျူစောထီး အခြေစိုက် စခန်း အနီးမှာရှိတဲ့ စိုက်ပျိုးရေး ဈေးတန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ ရေဦးမြို့နယ် မန်ကျည်းတောဘက်ကို ပြန်လည် ဆုတ်ခွာသွားကာ ဒီနေ့ မနက်မှာတော့ ခင်ဦးမြို့နယ်ထဲ ပြန်လည် ဝင်ရောက်လာတာ ဖြစ်ပါတယ်။

အဲဒီ စစ်ကြောင်းဟာ ဇန်နဝါရီ ၁၅ ရက်နေ့က သရက်ပင်စုကျေးရွာ ပရဟိတ ဘုန်းကြီးကျောင်းမှာ သံဃာတော် တွေကို ဒေသခံတွေရဲ့ အကြောင်း မေးမြန်းရာမှာ မဖြေရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ လုပ်ခဲ့ပြီး သံဃာတွေထံက ဖုန်းတွေ သိမ်းဆည်း သွားတယ်လို့ သိရပါတယ်။

လက်ရှိ မူးမြစ်ကူး တံတားကနေ ခင်ဦးနယ် အနောက်ခြမ်းကို စစ်ကား တစ်စီး အင်အား အပြည့် လာရောက်ကာ အင်းပတ်ရွာအနီးမှာ အင်အား ၂၀ ခန့်ချပြီး ကားကတော့ ရေဦးဘက် ပြန်ထွက်သွားတာကြောင့် စစ်ကြောင်းနဲ့ အနီးတဝိုက် ကျေးရွာနေ ဒေသခံတွေ အနေနဲ့ မြေပြင် သတင်း ရယူပြီး သတိထား ရှောင်တိမ်းကြဖို့ Khin U SpecialForce Organization- KSO အဖွဲ့က ထုတ်ပြန်ထားပါတယ်။

MK-009

ဓာတ်ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး (ပုံဟောင်း)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။