မြန်မာ့နွေဦး

စစ်ကောင်စီတပ်သား ၁ ဦး KNLA တပ်မဟာ(၅)ထံ လက်နက်ချ အလင်းဝင်

မဲခေါင် 18 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၈ စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်ချ အလင်းဝင်ရောက် လာတယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ (၅) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၈

စစ်ကောင်စီ တပ်သားတစ်ဦး လက်နက်ချ အလင်းဝင်ရောက် လာတယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ (၅) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့က ခမရ (၄၃၄) မှ တပ်သား ချစ်ကောင်း ဟာ MA-1 တစ်လက်၊ ကျည်ဘောက် ၂ ခု၊ ကျည်ဆံတွေနဲ့အတူ လက်နက်ချ အလင်းဝင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တပ်ဖွဲ့ဝင်တွေ အားလုံးဟာ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ဆန့်ကျင် ချိုးဖောက်တာကြောင့် အခုလို အလင်းဝင်လာတာ ဖြစ်တယ်လို့ တပ်သားချစ်ကောင်းက ပြောဆိုပါတယ်။

“ ကျွန်တော် တပ်ထဲမှာနေတဲ့ အချိန်မှာ ခေါင်းဆောင်တွေက ကျနော့်ကို ဆူကြဟောက်ကြတဲ့အပြင်၊ ထိုးကြိတ် ရိုက်နှက်ကြတယ်။ အပြင်သွားဖို့ လာဖို့လည်း ခွင့်မပြုကြဘူး။ ခေါင်ဆောင်တွေက ကျွန်နော်တို့နဲ့ စကားပြောဆို ဆက်ဆံတာ မလုပ်ကြသလို တပ်သားတွေကို အစာရေစာ ဝအောင် မ‌ကျွေးဘူး” လို့ သူက ပြောပါတယ်။

အလင်းဝင်လာတဲ့ တပ်သားချစ်ကောင်းကို ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီးတော့ လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

အရင်ကလည်း ရှေ့တန်းရောက် စစ်ကောင်စီတပ်သားတွေ KNLA တပ်မဟာ(၅)ထံ လက်နက်နဲ့ အလင်းဝင်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့
မြန်မာ့နွေဦး

ရွှေပြည်အေးမြို့ကို PDF တပ်ပေါင်စု စီးနင်းသိမ်းပိုက်ထား

မဲခေါင်၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ-နအဖ ခေတ်က ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း၊ ဟုမ္မလင်းက