မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

မဲခေါင် 4 Feb - 2023
အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ အထူးစစ်ဆေးရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်ဇော်အေး ကို ရှမ်းပြည်နယ် စစ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၄

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ အထူးစစ်ဆေးရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးအောင်ဇော်အေး ကို ရှမ်းပြည်နယ် စစ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ဟာ ရှမ်းပြည်နယ် အခြေစိုက် တြိဂံဒေသတိုင်း စစ်ဌာနချုပ်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွေမှာ တိုင်းမှူးအဖြစ် ၂၀၁၆ မှ ၂၀၂၀ ခုနှစ် အထိ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စည်သူဘွဲ့ ရခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးအောင်ဇော်အေး (ကြည်း ၂၀၁၇၅) ဟာ စစ်အာဏာသိမ်း ၂ နှစ် ကာလအတွင်း ရှမ်းပြည်နယ် တစ်ခုလုံးနဲ့ ကရင်နီပြည် ပါဝင်တဲ့ အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ပြီး တော်လှန်လူငယ်တွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီး အရပ်သားတွေကို နှိပ်စက်သက်ဖြတ်ရာမှာ အဓိက တာဝန်ရှိသူ ဖြစ်ပါတယ်။

စစ်ဆင်ရေးအထူးအဖွဲ့ (၂)  ဗိုလ်ချုပ်ဖြစ်သူ အောင်ဇော်အေး ဟာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်ကို ကွပ်ကဲရတဲ့ တာဝန်ရှိသူ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်က ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူလူထုကို အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်ခဲ့မှုတွေ အတွက် အဓိက တာဝန်ရှိသူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ရွာသား အယောက် ၄၀ ကို လက်ပြန်ကြိုးတုပ် ဖမ်းဆီး မီးရှို့သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။

ခရစ်စမတ်အကြို သတ်ဖြတ်မှုလို့ နာမည်ကျော်တဲ့ ဒီဖြစ်စဉ်နဲ့ စပ်လျဉ်းပြီး ပုဂ္ဂိုလ် ၂ ဦးကို ဥရောပသမဂ္ဂက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပိတ်ဆို့စာရင်းသွင်းခဲ့ပါတယ်။ ပထမ တစ်ဦးက အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးချုပ် နီလင်းအောင်ဖြစ်ပြီး ဒုတိယ တစ်ဦးကတော့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး ဖြစ်ပါတယ်။ 

မိုဆိုရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်သူ မိသားစုဝင်တွေက တရားမျှတမှုရရှိဖို့ တောင်းဆိုထားသလို အမျိုးသား ညီညွှတ်ရေး အစိုးရရဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနကလည်း နိုင်ငံတကာ တရားရုံးတွေမှာ တရားစွဲနိုင်ဖို့ ကြိုးစားမှုတွေ ရှိနေတာပါ။

အဲဒီလို အာဏာသိမ်း စစ်ခေါင်းဆောင် အလိုကျ ကျောင်းသားလူငယ်တွေ၊ အရပ်သားတွေကို သွေးအေးအေးနဲ့ ပစ်သတ်ဖို့ အမိန့်ပေးခဲ့တာ၊ အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖို့ ခွင့်ပြုခဲ့တာ စသဖြင့် အသုံးတော်ခံခဲ့ရာက လက်ရှိမှာတော့ အရပ်ဘက်ပြောင်းပြီး စစ်ကောင်စီခန့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဖြစ်လာတာကြောင့် ဒေသတွင်း အကြမ်းဖက်မှုတွေ ပဋိပက္ခတွေ ပိုမိုးများပြားလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။