မြန်မာ့နွေဦး

စစ်ကောင်စီက အခွန်ကောက်လို့ ရှမ်းပြည်က သဘာ၀ အပန်းဖြေစခန်းတွေ ပိတ်ရမလိုဖြစ်နေ

မဲခေါင် 14 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၄ သဘာဝ တောတောင် ရှူခင်းတွေနဲ့ တွဲဖက်ထားတဲ့ ရှမ်းပြည်နယ်က သဘာ၀ အပန်းဖြေ စခန်းတွေကို စစ်ကောင်စီက ဝင်ငွေခွန် စတင်ကောက်ခံ နေတာကြောင့် ဝင်ငွေနဲ့ မျှတတဲ့ နှုန်းထား မဟုတ်ပါက လုပ်ငန်း ပိတ်သိမ်းရမလို ဖြစ်နေတယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရီးသွား လုပ်ငန်းရှင်တွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၄

သဘာဝ တောတောင် ရှူခင်းတွေနဲ့ တွဲဖက်ထားတဲ့ ရှမ်းပြည်နယ်က သဘာဝ အပန်းဖြေ စခန်းတွေကို စစ်ကောင်စီက ဝင်ငွေခွန် စတင်ကောက်ခံ နေတာကြောင့် ဝင်ငွေနဲ့ မျှတတဲ့ နှုန်းထား မဟုတ်ပါက လုပ်ငန်း ပိတ်သိမ်းရမလို ဖြစ်နေတယ်လို့ ရှမ်းပြည်နယ် တောင်ပိုင်းရှိ ခရီးသွား လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်ကောင်စီက ရှမ်းပြည်နယ် အတွင်းရှိ သဘာဝ အပန်းဖြေစခန်း တစ်ချို့ကို ဝင်ငွေခွန် စတင် ကောက်ခံနေပြီး ၂၀၂၂-၂၀၂၃ ခုနှစ် အတွက် စတင် ပေးဆောင်နေရသူတွေ ရှိနေပြီ ဖြစ်ရာ လက်ရှိ ကာလ နေ့စဉ်ဝင်ငွေ ခန်းမှန်းရ ခက်ခဲတဲ့ အတွက် နှုန်းထား မြင့်မားစွာ သတ်မှတ် ကောက်ခံမှာကို စိုးရိမ်တယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“ တကယ်တော့ အရပ်သား အစိုးရခေတ် လက်ထက်မှာ ခရီးသွား လုပ်ငန်း ပိုပြီး ချဲ့ထွင်နိုင်ဖို့ အခုလို အခွန်ကောက်တာ မရှိဘူး။ စစ်ကောင်စီက ငွေရပေါက် ကြံဖန်တဲ့ သဘောပေါ့။ မြေပြင် အခြေနေနဲ့ တစ်နေ့ဝင်ငွေကို မှန်းဆလို့ မရဘူး။ သင့်တင့်မျှတတဲ့ နှုန်းထား မဟုတ်ရင်တော့ လုပ်ငန်း ရပ်ဆိုင်းရမယ့် သဘော ရှိတယ်။ နိုဝင်ဘာ ဒီဇင်ဘာက ဧည့်သည် ဝင်ပေမယ့် နယူးရီးယား နောက်ပိုင်း ညောင်ရွှေ တိုက်ပွဲကြောင့် ဘိုကင် လုပ်ထားတာတွေပါ ပြန်ဖျက်သွားပြီး အခုလို တင်းကျပ်မှုတွေ လုပ်နေတာကြောင့် ခရီးသွား လုပ်ငန်းက ပိုဆိုးသွားနိုင်ပါတယ်” လို့ ရှမ်းတောင်ရှိ အပန်းဖြေ စခန်း ပိုင်ရှင် တစ်ဦးက ဆိုပါတယ်။

NLD အစိုးရ လက်ထက်က သဘာဝကို အခြေခံတဲ့ ခရီးသွား လုပ်ငန်းတွေကို ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ လိုင်စင် ၄ မျိုးထဲ ထည့်သွင်းတာ ဝင်ငွေခွန် ကောက်ခံတာ မရှိဘဲ ကုမ္ပဏီ အနေနဲ့သာ အခွန်ဆောင်ခိုင်းကာ လုပ်ငန်း တိုးတက်ဖို့ ဦးစားပေးခဲ့ပေမယ့် စစ်ကောင်စီ ကတော့ ယိမ်းယိုင်နေတဲ့ ခရီးသွား လုပ်ငန်းကို ရပ်ဆိုင်းအောင် တင်းကျပ်မှုတွေ လုပ်နေတယ်လို့လည်း သူကပြောပါတယ်။

“ ဒီကာလမှာ တည်းခို လာရောက် လည်ပတ်မယ့် စရိတ်တောင် နှုန်းထား သတ်မှတ်လို့ မရဘူး။ ဧည့်သည်နဲ့ ညှိနိူင်း လုပ်ဆောင်နေရတာ။ ဘယ်လို ပုံစံမျိုးနဲ့ ကောက်မှာလဲပေါ့။ မီတာခ ကောက်ခံတာ၊ အခြား အခွန်တွေ ကောက်သလို ကျသင့်ငွေ အတိုင်း မဟုတ်ဘဲ သူတို့ ခန့်မှန်းခြေ အတိုင်း ကောက်မယ်ဆို လုပ်ငန်းရှင်က လုပ်ငန်း ရပ်ဆိုင်းရမှာပဲ။ ပိတ်ထားတဲ့ ဟိုတယ်တောင် အခွန်အခတွေ ကောက်နေတာ။ အခုက ဧည့်သည် အဝင်ကလည်း မရှိ၊ လုံခြုံမှု မရှိရင် ပြည်ပရော ပြည်တွင်းကရော လာပြီး လည်ပတ်မှာ မဟုတ်ဘူး” လို့ ခရီးသွား လုပ်ငန်းရှင် တစ်ဦးက ဆိုပါတယ်။

သဘာ၀ ရှူခင်းတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ အပန်းဖြေစခန်း အများစုဟာ ရှမ်းပြည်နယ်မှာရှိပြီး ကလောမြို့နဲ့ အင်းလေးဒေသကို ခရီးသွားတွေ ကြိုက်နှစ်သက်တယ်လို့ သိရပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့
မြန်မာ့နွေဦး

ရွှေပြည်အေးမြို့ကို PDF တပ်ပေါင်စု စီးနင်းသိမ်းပိုက်ထား

မဲခေါင်၊ ဖေဖော်ဝါရီ ၂ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ-နအဖ ခေတ်က ဗိုလ်ချုပ်သာအေး တည်ထောင်ခဲ့တဲ့ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို ဒေသခံ ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားပြီ ဖြစ်တယ်လို့ ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း၊ ဟုမ္မလင်းက