မြန်မာ့နွေဦး

စစ်ကောင်စီက ပုဂ္ဂလိကဆေးရုံ ဆေးခန်းတွေမှာ CDM စာရင်း လိုက်ကောက်နေ

မဲခေါင် 10 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက စစ်ဆေးရေးအကြောင်းပြပြီး CDM ကျန်းမာရေးဝန်ထမ်း စာရင်းတွေ လိုက်လံကောက်ယူနေတယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့တွေက စစ်ဆေးရေးအကြောင်းပြပြီး CDM ကျန်းမာရေးဝန်ထမ်း စာရင်းတွေ လိုက်လံကောက်ယူနေတယ်လို့ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

ဇန်နဝါရီလမှ စတင်ကာ ရန်ကုန်တိုင်းအတွင်း ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဆေးရုံတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေရှိပေမယ့် ဖမ်းဆီးတာမရှိသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောပါတယ်။

“ စစ်တပ်နဲ့ပတ်သက်တဲ့ ဆေးရုံတွေ စစ်တာ မရှိဘူး။ အုပ်ကြီး အများစုကတော့ ရပ်ကွက်ဆေးခန်းတွေ ဝင်စစ်တာ လုပ်ရတယ်။ ဆေးရုံကြတော့ စစ်တပ်နဲ့ရဲက ဝင်စစ်တယ်။ ကျွန်တော်တို့ကတော့ အသိသက်သေ ပုံစံမျိုး လိုက်ရတာတွေရှိတယ်။ ဒီနှစ်ကုန်ကစပြီး စစ်ဆေးတာတွေ လုပ်တာပါ။ သတင်းတစ်ခုခုရလို့ စစ်ဆေးတာ ထင်တယ်” လို့ သူကပြောပါတယ်။

လက်ရှိ တောင်ဒဂုံ၊ သာကေတ၊ မြောက်ဒဂုံနဲ့ မြောက်ဥက္ကလာပမှာ ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဆေးရုံနဲ့ ဆေးခန်းအချို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပေမယ့် ဖမ်းဆီးခံရသူ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေးတိုင်းမှာတော့ စစ်ကောင်စီက CDM ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီးခဲ့ပြီး ပုဂ္ဂလိက ဆေးရုံတွေကို ဝင်ရောက်စစ်ဆေးကာ ပိတ်သိမ်းတာတွေ ရှိခဲ့ပါတယ်။

စစ်အာဏာ ဖီဆန်ခဲ့တဲ့ ကျန်းမာရေး ဝန်ထမ်း ၅၅၇ ဦးကို စစ်ကောင်စီက ဆေးကုသခွင့်လိုင်စင်-ဆမ လက်မှတ်တွေ တစ်နှစ်တိတိ ရုပ်သိမ်းထားပြီး နိုင်ငံ့ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်တာတွေလည်း ရှိတယ်လို့ CDM ဆရာဝန် တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP က ထုတ်ပြန်ထားတဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ ကျန်းမာရေးဝန်ထမ်း ၁၀၈ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။

MK-005

#MeKongNews

#ပုဂ္ဂလိကဆေးရုံ #CDM #ကျန်းမာရေးဝန်ထမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။