မြန်မာ့နွေဦး

စစ်ကောင်စီက နိုင်ငံတဝှမ်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးက အကျဉ်းသား ၇,၀၁၂ ဦးကို ပြန်လွှတ်

မဲခေါင် 4 Jan - 2023
မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက နိုင်ငံတဝှမ်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၇,၀၁၂ ဦးကို ဒီကနေ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့နဲ့ လူမှုရေးအရ ငဲ့ညှာထောက်ထားလို့ ဆိုပြီး လွှတ်ငြိမ်းချမ်းသာခွင့်ပြုတာလို့ ဆိုပါတယ်။

ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား-သူ ၇,၀၁၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုတွေ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၈၇၈ ခုနှစ် လက်နက်များ အက်ဥပဒေပုဒ်မ ၁၉(စ) အရ ပြစ်မှုတွေ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ် စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုတွေ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက်အမိန့်အရ ပြစ်မှု‌တွေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ ပြစ်မှုတွေ၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေအရ ပြစ်မှုတွေ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုတွေနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှု တွေမှအပ တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနဲ့ စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်တာခံရပြီး အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှာ ပြစ်ဒဏ် ကျခံနေရတဲ့ အကျဉ်းသား-သူတွေကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ သူတို့ ကျခံနေရတဲ့ ပြစ်ဒဏ်ရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်တယ်လို့ သိရပါတယ်။

၇,၀၁၂ ဦးက ခံဝန်ကတိနဲ့ လွှတ်ပေးတာပါ။ ကျန်တာက သူတို့ ကန့်သတ်တဲ့ ပြစ်ဒဏ် ၈ မျိုးမှအပ မလွတ်တဲ့ အကျဉ်းသားတွေ ခံစားခွင့်ရမှာပါ

လို့ ရှေ့နေ့တစ်ဦးက ပြောပါတယ်။

အခု ထုတ်ပြန်ချက်အရ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ ၅၀၅(က)၊ ၅၀၅(ခ) အမှုတွေနဲ့ ထောင်ဒဏ်ကျခံနေရ သူတွေထဲက ကျခံဖို့ ကျန်ကာလ တနှစ်အောက် အကျဉ်းသားတွေကို ကျန်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး လွှတ်မယ်လို့လည်း သူက ဆိုပါတယ်။

ကျခံဖို့ ကျန်ကာလ တနှစ်အထက် ကျန်သူတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံလျှော့ပေါ့ လွတ်ငြိမ်းပေးမယ် ကြားရပါတယ်။ ပြစ်ဒဏ်၂ နှစ်ချခံရသူတွေ အားလုံးလွတ်ပါမယ်။ ပြစ်ဒဏ် ၃ နှစ် ကျသူတွေကတော့ ချုပ်ရက်ထောင်နေသား၊ လျှော့ရက်စနစ်များအရ တွက်ကြည့်တဲ့အခါ ၂၀၂၁ မေလအထိ ဖမ်းဆီးခံရပြီး ပြစ်ဒဏ်ကျခံရသူတွေ လွတ်နိုင်ပါတယ် 

လို့ သူက သုံးသပ်ထားပါတယ်။

ဒီနေ့ ပြန်လွှတ်ပေးတဲ့ အကျဉ်းသား ၇,၀၁၂ ဦးထဲမှာ နိုင်ငံရေး အကျဉ်းသား အချို့လည်း ပါဝင်နိုင်ပြီး လgတ်မြောက် စာရင်းထဲမှာ ပါဝင်တဲ့ မိသားစုဝင်တွေကတော့ ‌အကျဉ်းထောင်ရှေ့တွေမှာ သွားရောက် စောင့်ဆိုင်းနေတာတွေ ရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ်
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

တာချီလိတ်မြို့နယ်လဝကရုံးအနီးဖောက်ခွဲမှုလုပ်ခဲ့တယ်လို့အရှေ့ပိုင်းနဂါးအဖွဲ့အသိပေး

တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ ဆောက်လုပ်ရေးရုံးအနီးမှာ ပေါက်ကွဲခဲ့တဲ့ ဖောက်ခွဲမှုကို ပြုလုပ်ခဲ့တယ်လို့ အရှေ့ပိုင်းနဂါးအဖွဲ့က ဖေဖော်ဝါရီလ ၂ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မြန်မာ့အရေး ဂျပန်အစိုးရအနေနဲ့ ဖိအားပေးဆောင်ရွက်ဖို့ ဂျပန်လွှတ်တော်အမတ် ၅၆ ဦး လက်မှတ်ထိုး တောင်းဆို

မဲခေါင်၊ ဖေဖော်ဝါရီ ၂ မြန်မာ့အရေးကို ဂျပန်အစိုးရ အနေနဲ့ ဖိအားပေး ဆောင်ရွက်နိုင်ဖို့ ဂျပန်အထက် လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ် ၅၆ ဦးက လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ တောင်းဆိုလွှာ အပါအဝင် ကျန်တောင်းဆိုလွှာတွေကို ဂျပန်
မြန်မာ့နွေဦး

နိုဘယ်ငြိမ်းချမ်းရေးဆု တင်သွင်းစာရင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

မဲခေါင်၊ ဖေဖော်ဝါရီ ၂ ၂၀၂၃ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေးဆု တင်သွင်းဖို့ စာရင်း ထုတ်ပြန်ရာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ NUCC တို့