မြန်မာ့နွေဦး

စစ်ကောင်စီက နိုင်ငံခြားငွေစီးဆင်းမှုကို ထပ်မံထိန်းချုပ်လိုတာကြောင့် ပြည်ပငွေလွှဲ လုပ်ငန်းတွေအပေါ် တင်းကျပ်မှုတွေ လုပ်လာတာလို့ လုပ်ငန်းရှင်တွေဆို

မဲခေါင် 27 Jan - 2023
မဲခေါင်၊ ဇန်နဝါရီလ၂၇ စစ်ကောင်စီက ပြည်ပငွေလွဲလုပ်ငန်းတွေကို တရားဝင်လိုင်စင် ရှိမှသာ လုပ်ကိုင်ရမယ်လို့ တင်းကျပ်မှုဟာ နိုင်ငံခြားငွေကြေးစီးဆင်းမှုကို ထပ်မံထိန်းချုပ်လိုခြင်းသာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီလ၂၇

စစ်ကောင်စီက ပြည်ပငွေလွဲလုပ်ငန်းတွေကို တရားဝင်လိုင်စင် ရှိမှသာ လုပ်ကိုင်ရမယ်လို့ တင်းကျပ်မှုဟာ နိုင်ငံခြားငွေကြေးစီးဆင်းမှုကို ထပ်မံထိန်းချုပ်လိုခြင်းသာဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဗဟိုဘဏ်ကမိမိနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေကြားမှာ တရားမဝင် ငွေလွှဲလုပ်ငန်းတွေ လျော့နည်းစေဖို့ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် လျှောက်ရမှာဖြစ်ပြီး လိုင်စင်လျောက်တဲ့အခါမှာလည်းDICA ကခွင့်ပြုတဲ့လုပ်ငန်းဖြစ်ရမယ်လို့ ကြေညာချက်ထွက်ရှိထားပါတယ်။

ပြည်ပနိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာလည်း သက်ဆိုင်ရာနိုင်ငံမှာ တရားဝင်ငွေလွှဲလုပ်ငန်းလိုင်စင် ရရှိရမှာဖြစ်တယ်လို့လည်းဗဟိုဘဏ်ကဆိုပါတယ်။

“ ဒါက ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ချင်တဲ့သဘောပေါ့။ နောက်တစ်ခုက အခွန်ကို အဓိကထိန်းချင်တာလည်းပါတယ်။ နိုင်ငံတော်ဘတ်ဂျက်ထဲကို ရသလောက်ဆွဲသွင်းတာမျိုး၊ အခုလိုတင်းကျပ်လာတာက ပြည်တွင်းဘဏ်တွေ အသုံးပြုမှုနည်းလာတာရယ် ဟွန်ဒီလုပ်ငန်း ငွေယိုစိမ့်လာတာထိန်းချုပ်ချင်တာလည်းပါတယ်။ နောက် မမြင်ရတဲ့ဘက်အခြမ်းမှာ ဘာလုပ်ချင်တာလည်းဆိုတာလည်း စဥ်းစားစရာပေါ့လို့” သုံးသပ်သူကဆိုပါတယ်။

ပြည်ပ ငွေလွဲလိုင်စင်ရရှိထားတဲ့သူက ဗဟိုဘဏ်မှာ အာမခံငွေကျပ် သန်း ၁၀၀ အပ်နှံထားရတဲ့အပြင် နှစ်စဥ်ကြေး ကျပ် တစ်သိန်း သတ်မှတ်ထားပြီး လိုင်စင်သက်တမ်း ၃ နှစ် ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

ဟွန်ဒီငွေလွဲလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရအဆက်ဆက် ထိန်းချုပ်မှုလုပ်ခဲ့ပေမယ့် အရပ်သား အစိုးခေတ်လက်ထက်က အနည်းငယ်ပြောင်းလဲမှုရှိခဲ့ပေမယ့် လက်ရှိနိုင်ငံအခြေနေအရ ထိန်းချုပ်ဖို့ မလွယ်ကူနိုင်ဘူးလို့ သုံးသပ်သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ လ ကျော်က နိုင်ငံခြား ငွေရှားပါးကာ ကန် ၁ ဒေါ်လာ ၃၀၀၀ ကျော်အထိ ရောက်ရှိချိန်မှာ ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားတွေနဲ့ သင်္ဘောသားတွေရဲ့ လုပ်ခ လစာ အပေါ် စစ်ကောင်စီက ဖိအားပေးတင်း​ကျပ်မှုတွေ လုပ်ပြီး အတင်းအကျပ်ငွေလွဲခိုင်းစေမှုတွေ ရှိခဲ့ပါတယ်။

“ ပြည်ပက ငွေလွဲဆိုတဲ့လုပ်ငန်းမှာ အဓိကလမ်းကြောင်းက နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့သူတွေ ကုန်သွယ်ရေးလုပ်ငန်းတွေ အဓိကသက်ဆိုင်တာပေါ့။ ဒီဟာတွေအပေါ် မူဝါဒအမျိုးမျိုး ထုတ်ပြန်တယ်။ မတည်ငြိမ်တဲ့ အခြေနေဖန်တီးထားပြီးမှတော့ အခွန်ရဖို့ လုပ်ဆောင်တာကဟာသလို ဖြစ်နေတယ်။ အာဏာသိမ်းလုပ်ရက်ကို ကာဗာလုပ်ဖို့က ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးကို တင်းကျပ်စွာကိုင်တွယ်နေတယ်ဆိုတာ ကမ္ဘာကိုပြချင်တာကြောင့် လိုက်တင်းကျပ်နေတာလို့ပဲမြင်တယ်လို့” အမည်မဖော်လိုသူ ငွေလွှဲ လုပ်ငန်းလုပ်ဆောင်နေသူ တစ်ဦးကပြောပါတယ်။

ပြည်ပ ငွေလွှဲလိုင်စင် ရရှိထားတဲ့သူက ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေ လမ်းညွန်ချက်တွေ ပျက်ကွက်ရင် ပျက်ကွက်မှုတစ်ခုစီအတွက် ကျပ် ၁၀ သန်း ထက်မနည်း ဒဏ်ငွေကျခံရကာ လိုင်စင်အသိမ်းခံရတဲ့အထိ အရေးယူမှုတွေကြောင့် တရားဝင်လုပ်ဆောင်မှု အားနည်းတာလို့လည်းသူကဆိုပါတယ်။

လက်ရှိ စစ်ကောင်စီ ထိန်းချုပ်နေတဲ့ ငွေကြေးခဝါချမှု အပိုင်းမှာလည်း လုပ်ငန်းတရားဝင် ဖြစ်ရေးနဲ့ အခွန်ဆောင်ရေးသာကြည့်ပြီး ငွေကြေးစီးဆင်းမှုကို မျက်ကွယ်ပြုထားတာကြောင့်အမြတ်ထုတ်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် အခွင့်လမ်းသဖွယ်ဖြစ်နေတယ်လို့ လည်းသူကပြောပါတယ်။

လက်ရှိအချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်အား ကုမ္မဏီ ၁၁ ခု အတွက်ထုတ်ပေးထားပြီးဖြစ်တယ်လို့လည်းစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကကြေညာထားပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက