မြန်မာ့နွေဦး

စစ်ကောင်စီကြောင့် မစ္စတာရှောင်တာနယ်ရဲ့ အာရှခရီးစဥ်များ အန္တရာယ်ရှိလာနိုင်

မဲခေါင် 13 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၃ NLD အစိုးရ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြန်လည် ရုပ်သိမ်းလိုက်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုဆီ ရာဇဝတ်သားအဖြစ် တိုင်ကြားထားနိုင်တဲ့အတွက် အာရှဒေသခရီးတွေမှာ စွန့်စားရတဲ့အန္တရာယ်မျိုးရှိနေတယ်လို့ မစ္စတာရှောင်တာနယ်က ထုတ်ဖော်ပြောလာပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၃

NLD အစိုးရ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြန်လည် ရုပ်သိမ်းလိုက်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုဆီ ရာဇဝတ်သားအဖြစ် တိုင်ကြားထားနိုင်တဲ့အတွက် အာရှဒေသခရီးတွေမှာ စွန့်စားရတဲ့အန္တရာယ်မျိုးရှိနေတယ်လို့ မစ္စတာရှောင်တာနယ်က ထုတ်ဖော်ပြောလာပါတယ်။

ရှောင်တာနယ်ကို လူသားချင်းစာနာထောက်ထားမှုနဲ့ နှစ်နိုင်ငံဆက်ဆံရေးကောင်းဖို့အလိုငှာ လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီက ကြေညာပြီး ထောင်ကလွတ်လွတ်ချင်း မိခင်နိုင်ငံကို ပြန်ပို့လိုက်တာပဲဖြစ်ပါတယ်။

ဒါပေမဲ့ အကျဉ်းသားတွေအဖြစ် တွေ့ခဲ့ရစဉ်က ဒေါ်အောင်ဆန်းစုကြည်က သူ့ကို တစ်ကမ္ဘာလုံးအမှန်တရား သိစေဖို့ ကြိုးစားပေးပါလို့ အမှာပါးလိုက်တဲ့အတိုင်း ရှောင်တာနယ်ဟာ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတဆင့်၊ ကမ္ဘာ့သတင်းမီဒီယာတွေက တစ်ဖုံ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ ထောင်တွင်း တရားလက်လွှတ်ပြုမှုနှိပ်စက်မှု၊ မြန်မာ့စီးပွားရေးပျက်ဆီးခဲ့မှုတွေကို ကမ္ဘာသိပြောဆိုခဲ့ပါတယ်။

ဒါကြောင့် စစ်ကောင်စီက လွတ်ငြိမ်းခွင့်ကို ပြန်ရုပ်သိမ်းကြောင်းနဲ့ နောက်ထပ် ထပ်ပြီးသတင်းအမှားတွေ ကို ထပ်ဖြန့်နေမယ်ဆို လက်ကျန်ပြစ်ဒဏ်ကျခံရုံသာမက ပြစ်ဒဏ်စီရင်ချက်အသစ်တွေနဲ့ပါ အရေးယူသွားမှာ ဖြစ်ကြောင်း တရားဝင်မဟုတ်တဲ့ သွယ်ဝိုက်ထုတ်ပြန်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။

စစ်ကောင်စီက တရားဝင်ထုတ်ပြန်တာမဟုတ်ဘဲ လူမှုကွန်ရက်တွေပေါ်ကတစ်ဆင့် ဒီဇင်ဘာ ၆ ရက်နေ့မှာ ဖြန့်လိုက်တာဖြစ်ပေမယ့် မစ္စတာရှောင်တာနယ်က “ဒီကြေညာချက်က ဟန်ပြမဟုတ်ဘူး။ သူတို့ ကျွန်တော့် လွတ်ငြိမ်းခွင့်ကို ပြန်ရုပ်သိမ်းပြီးပြီ။ နိုင်ငံတကာရဲတပ်ဖွဲ့ကို ဖမ်းဖို့ တောင်းဆိုထားပြီးလောက်ပြီ။ (ဩစတြေးလျဟာမြန်မာနဲ့ တရားခံလွှဲပြောင်းရေး စာချုပ် မချုပ်ထား) ဒါကြောင့် အာရှဒေသတွေကို ကျွန်တော်သွားတာဟာ စွန့်စားရင်းနှီးမှုဖြစ်နေတယ်” လို့ ဗီအိုအေမှာ ပြောသွားခဲ့တယ်။

Ref: VOA
MKF-001

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။