ကမ္ဘာ့သတင်း

စစ်ကောင်စီကို Spyware ရောင်းတဲ့ Cognyte ကုမ္ပဏီနဲ့ အစ္စရေးအစိုးရတာဝန်ရှိသူတွေကို တရားရုံးချုပ်ထံ တိုင်ကြား

မဲခေါင် 16 Jan - 2023
အာဏာမသိမ်းမီ တစ်လအလိုမှာ အစ္စရေး Cognyte ကုမ္ပဏီက စစ်ကောင်စီထံ ကြားဖြတ် Spyware ရောင်းချဖို့ တင်ဒါအောင်ခဲ့ကြောင်း ပေါက်ကြားခဲ့တာကြောင့် အစ္စရေးတရားရုံးချုပ်ထံ အစ္စရေးဦးဆောင် လူ့အခွင့်အရေးအဖွဲ့တွေက တိုင်ကြားထားပါပြီ။ 

မဲခေါင်၊ ဇန်နဝါရီ ၁၆

အာဏာမသိမ်းမီ တစ်လအလိုမှာ အစ္စရေး Cognyte ကုမ္ပဏီက စစ်ကောင်စီထံ ကြားဖြတ် Spyware ရောင်းချဖို့ တင်ဒါအောင်ခဲ့ကြောင်း ပေါက်ကြားခဲ့တာကြောင့် အစ္စရေးတရားရုံးချုပ်ထံ အစ္စရေးဦးဆောင် လူ့အခွင့်အရေးအဖွဲ့တွေက တိုင်ကြားထားပါပြီ။ 

အစ္စရေးတရားရုံးချုပ်ဟာ မြန်မာစစ်တပ် ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်ကတည်းက စစ်ဘက်ဆိုင်ရာပစ္စည်းတွေရောင်းချမှု ပိတ်ပင်ကြောင်း ကြေညာခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ 

ဒါပေမဲ့ ကြားကာလတွေမှာ မြန်မာစစ်ကောင်စီထံ လက်နက်တွေတင်ပို့နေတယ်ဆိုတဲ့စွပ်စွဲချက်တွေအကြိမ် ကြိမ်ကို ငြင်းဆိုခဲ့ပြီး အခုနောက်ဆုံး မြန်မာစစ်တပ်ပိုင် MPT ထံ Cognyte ကုမ္ပဏီက ၂၀၂၀ ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့လိပ်မူပြီး ဖုန်းကြားဖြတ်စောင့်ကြည့် ဆော့ဖ်ဝဲလ်ဖြစ်တဲ့ Intercept Spyware စနစ် ရောင်းချကြောင်း ရိုက်တာသတင်းဌာနက စာချုပ်အထောက်အထားနဲ့ပါ ဖော်ထုတ်တင်ပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အစ္စရေး နိုင်ငံသား ၆၀ ကျော်ပါဝင်တဲ့ ဦးဆောင် လူ့အခွင့်အရေးအဖွဲ့တွေက အစ္စရေး တရားရုံးချုပ်ထံ လိပ်မူပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှာ အစ္စရေးရှေ့နေချုပ်ထံ လိပ်မူပြီး လက်မှတ်ရေးထိုးတိုင်ကြားခဲ့ကြပါတယ်။ 

အစ္စရေးလူ့အခွင့်အရေးရှေ့ဆောင် ရှေ့နေဖြစ်တဲ့ အီတေမက်ခ်က Cognyte ကုမ္ပဏီနဲ့ အစ္စရေးနိုင်ငံ ခြားရေးဝန်ကြီးဌာနက အမည်မဖော်ပြသေးတဲ့ အရာရှိတစ်ဦး ပူးပေါင်းပြီး စစ်ကောင်စီရဲ့ MPT တယ်လီကွန်း ကုမ္ပဏီထံ စောင့်ကြည့် Spyware ရောင်းချခဲ့ခြင်းဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်း၊ မြန်မာစစ်တပ် ကို စစ်အသုံးအဆောင်ပစ္စည်းတင်ပို့ခွင့်ပိတ်ပင်ထားတဲ့ကြားက Cognyte ကုမ္ပဏီကို Intercept Spyware စနစ် ရောင်းချဖို့ ခွင့်ပြုမိန့်ပေးခဲ့တဲ့ အစိုးရတာဝန်ရှိသူတွေကိုလည်း စုံစမ်းဖော်ထုတ်အရေးယူဖို့ တိုင်ကြားခဲ့တာ ဖြစ်တယ်လို့ ပြောသွားပါတယ်။

MPT ဖုန်းကွန်ရက်တွေမှာ စာသားပေးပို့မှု၊ ဖုန်းပြောဆိုမှု၊ အီးမေးလ်သုံးစွဲမှုအားလုံးကို ကြားဖြတ်ခိုးနားထောင် သိရှိစေတဲ့ Intercept Spyware စနစ်တွေ တပ်ဆင်ပြီးစီးနေပြီဖြစ်ကြောင်း စစ်တပ်ကိုကြောက်လို့ အမည်မဖော် လိုတဲ့ MPT ဝန်ထမ်းနှစ်ဦးက ရိုက်တာကို အတည်ပြုပြောကြားထားပါတယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ ရိုက်တာက MPT အပြင် ပူးတွဲအလုပ်လုပ်နေတဲ့ ဂျပန် KDDI Corp.နဲ့ Sumitomo Corp တို့ကို ဆက်သွယ် မေးမြန်းပေမယ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိသလို အစ္စရေး ရှေ့နေချုပ်၊ Cognyte ကုမ္ပဏီ ကိုယ်စားလှယ် တွေ၊ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန အားလုံးဆီ ရိုက်တာက လိုက်စုံစမ်းပေမယ့် ဘယ်သူကမှ တုံ့ပြန်ဖြေကြား ခြင်းမရှိသေးဘူးလို့ ဖော်ပြခဲ့ပါတယ်။

Intercept Spyware စနစ်ဟာ အစ္စရေးမှာ စစ်အသုံးအဆောင်ပစ္စည်း စာရင်းဝင်ပြီး ရာဇဝတ်မှုတွေကို လိုက်လံ စုံစမ်းတဲ့အခါမှာသာ အသုံးပြုရတာဖြစ်ပြီး အများပြည်သူသုံးဖုန်းစနစ်ထဲ ထည့်သွင်းခွင့်မရှိပါဘူး။

အများပြည်သူသုံး ဖုန်းကွန်ရက်တွေမှာ စစ်ကောင်စီက ဒီ Intercept Spyware စနစ်ကို ထည့်သွင်းအသုံးပြုခြင်းဟာလည်း နိုင်ငံတကာဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်မှုမြောက်ပါတယ်။ 

Cognyte ကုမ္ပဏီကို အကောင့်တုတွေစီမံပြီး သတင်းအချက်အလက်ခိုးမှု၊ မဟုတ်မမှန်သတင်းတင်မှုကြောင့် ၂၀၂၁ ခုနှစ်ကတည်းက ဖေ့စ်ဘုတ်ကုမ္ပဏီ (META) က ပိတ်ပင်ထားသလို နော်ဝေအချုပ်အခြာအာဏာပိုင် ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ပြီးခဲ့တဲ့လက ပိတ်ပင်တဲ့စာရင်းထဲ ထည့်သွင်းထားပါတယ်။ 

အများပြည်သူ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့ စောင့်ကြည့်နည်းပညာတွေကို ထုတ်လုပ်လို့ ပိတ်ပင်လိုက်ကြတာဖြစ်ပြီး ဒီကုမ္ပဏီရဲ့ မနှစ်က တစ်နှစ်တာဝင်ငွေဟာ ဒေါ်လာ ၄၇၄ သန်းရှိခဲ့တယ်လို့ သိရပါတယ်။

MKF – 001

Ref: Reuter

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ