မြန်မာ့နွေဦး

စစ်ကောင်စီကားတန်းကို ကင်းပုန်းလာစောင့်ပေးတဲ့ တွင်းမပျူစောထီးတွေကို PDF ပူးပေါင်းတပ် ဒရုန်းဗုံးတွေ၊ ဆွဲမိုင်းတွေနဲ့တိုက်ခိုက်

မဲခေါင် 9 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၉ ပေါက်မြို့နယ်၊ ဖလံကိုင်းဘက်ကနေပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူဖို့ ကင်းပုန်းလာစောင့်တဲ့ တွင်းမပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီနေ့မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ မနက် ၇နာရီခွဲလောက်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂) -ဂဠုန်နဲ့ အလင်းတန်းပြောက်ကျားတပ်ဖွဲတို့ တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ဦး သေစေနိုင်လောက်တဲ့ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် မနက် ၉နာရီခွဲခန့်ကလည်း ကမ္မကနေ သရက်ကန်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကို စုံစမ်းနေတယ်လို့ မြိုင်ပကဖ က ဆိုပါတယ်။ မနက် ၁၁နာရီခန့်မှာ ဖလံကိုင်းက ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ မြိုင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊

မဲခေါင်၊ ဖေဖော်ဝါရီ ၉

ပေါက်မြို့နယ်၊ ဖလံကိုင်းဘက်ကနေပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို လုံခြုံရေးယူဖို့ ကင်းပုန်းလာစောင့်တဲ့ တွင်းမပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဒီနေ့မနက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

မနက် ၇နာရီခွဲလောက်က မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂) -ဂဠုန်နဲ့ အလင်းတန်းပြောက်ကျားတပ်ဖွဲတို့ တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ဦး သေစေနိုင်လောက်တဲ့ဒဏ်ရာ ရရှိသွားတယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မနက် ၉နာရီခွဲခန့်ကလည်း ကမ္မကနေ သရက်ကန်ကိုသွားတဲ့ စစ်ကောင်စီယာဉ်တန်းကို တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှုကို စုံစမ်းနေတယ်လို့ မြိုင်ပကဖ က ဆိုပါတယ်။

မနက် ၁၁နာရီခန့်မှာ ဖလံကိုင်းက ပြန်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တွင်းမ-သရက်ကန်လမ်းပိုင်းတနေရာမှာ မြိုင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ၊ တပ်ခွဲ(၁)၊ တပ်ခွဲ(၂) -ဂဠုန်၊ အလင်းတန်းပြောက်ကျားတပ်ဖွဲတို့ ပူးပေါင်းရာမှာ မိုင်းခွဲမရတာကြောင့် ဒရုန်းနဲ့ အီနာဂါချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ကန်တော်ကျေးရွာအနီး စစ်ကောင်စီနဲ့ ပျူစောထီး စစ်ဆေးရေးဂိတ်ဟာ ခရီးသွားကားတွေဆီကနေ ငွေကြေးအတင်း‌အဓ္ဓမ ကောက်ခံနေတာကြောင့် မြိုင် ပကဖ တပ်ရင်း(၁)၊ YSO Urban Underground Revolution Force၊ 27 Revolution Force၊ Black Cobra နဲ့ Black Cheetah အဖွဲတို့ပူးပေါင်းပြီး  အီနာကာ ၈လုံးချကျဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

#MeKongNews 

#မြိုင်ပကဖ

#စစ်ကောင်စီ 

#ပျူစောထီး 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။