မြန်မာ့နွေဦး

စစ်ကိုင်းမှာ PDF စခန်း စီးနင်းခံရပြီး ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင် 19 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၉ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ ထုံးဘိုရွာ အနီးရှိ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နယ်မြေ စခန်း စီးနင်း တိုက်ခိုက်ခံရပြီး PDF ရဲဘော် တစ်ဦးနဲ့ ပြည်သူတစ်ဦး သတ်ဖြတ် ခံခဲ့ရတယ်လို့ သိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်၊ ထုံးဘိုရွာ အနီးရှိ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ နယ်မြေ စခန်း စီးနင်း တိုက်ခိုက်ခံရပြီး PDF ရဲဘော် တစ်ဦးနဲ့ ပြည်သူတစ်ဦး သတ်ဖြတ် ခံခဲ့ရတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၇ ရက် မနက် ၉ နာရီခန့်က ထုံးဘိုကျေးရွာသို့ စစ်ကောင်စီတပ်က ပစ်ခတ် ဝင်ရောက်ခဲ့ရာ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ စခန်း စီးနင်း တိုက်ခိုက်ခံရပြီး ရဲဘော်ရဲဇင်ထွန်း ကျဆုံးခဲ့တယ်လို့ မတ္တရာမြို့နယ် အခြေစိုက် နဂါးနီ ပြောက်ကျားတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရဲဘော် ၂ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး စစ်ကောင်စီတပ်ကို မတ္တရာမြို့နယ် ကောင်းကင် တော်လှန်ရေး အင်အားစုနဲ့ စစ်ကိုင်းမြို့နယ် ပ.က.ဖ၊ ဝက်လက်မြို့နယ် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ပြန်လည် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ပြန်လည် ဆုတ်ခွာသွားတယ်လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက ဆိုပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်တပ် ပြန်လည် ဆုတ်ခွာသွားပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေ ရှင်းလင်း ဝင်ရောက်စဉ် နေအိမ် အလုံး ၂၀ ခန့် မီးလောင် ပျက်စီးနေပြီး အသက် ၄၀ နှစ် အရွယ် အမျိုးသား တစ်ဦးကို ရက်စက်စွာ မီးရှို့သတ်ဖြတ်ထားတဲ့ ရုပ်အလောင်း တွေ့ရှိရတယ်လို့ ကောင်းကင် တော်လှန်ရေး အင်အားစုက ဆိုပါတယ်။

လက်ရှိမှာတော့ ထုံးဘိုရွာ အပါအဝင် အနီးနားက ရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေတယ်လို့ သိရပါတယ်။

စစ်ကိုင်း အခြေစိုက် တပ်မ (၃၃) ဟာ ဇန်နဝါရီ ၁၆ ရက် ညပိုင်းက စတင်ကာ မင်းကွန်းဒေသမှာ စစ်ကြောင်းထိုး နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-နဂါးနီးပြောက်ကျားတပ်ဖွဲ့။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို ငွေလွှဲမှုရှိတဲ့ K Pay အကောင့်တွေကို ဦးတည်ပိတ်ဆို့နေ

မဲခေါင်၊ မေ ၂၇ စစ်ကောင်စီက ငွေအသွင်းအထုတ်များတဲ့ K Pay အကောင့်တွေကို ဒုတိယအကြိမ် ပိတ်ဆို့နေပြီး တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို
မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးနိုင်တယ်လို့ ABSDF ပြောရေးဆိုခွင့် OKSAW
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။