မြန်မာ့နွေဦး

စစ်ကိုင်းနဲ့ မကွေးမှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စစ်တမ်းထုတ်ပြန်

မဲခေါင် 6 Apr - 2023
မဲခေါင်၊ ဧပြီ ၆ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက် ကနေ ဇန်နဝါရီ ၃၀ ရက်ထိ ၆ လတာ ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုစုထားတဲ့ သုတေသန စစ်တမ်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ ဧပြီ ၆

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁ ရက် ကနေ ဇန်နဝါရီ ၃၀ ရက်ထိ ၆ လတာ ကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုစုထားတဲ့ သုတေသန စစ်တမ်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်း အတွင်း စစ်ရာဇဝတ်မှု ၃၀၀ ကျော်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ၃၈ မှု၊ ရာဇဝတ်မှု ၉၉ မှုနဲ့ အများဆုံးဖြစ်ပြီး မကွေးတိုင်းမှာ စစ်ရာဇဝတ်မှု ၇၀ ကျော်၊ လူ့အခွင့်အရေး ချိုးဖောက်မှု ၂ မှုနဲ့ ရာဇဝတ်မှု ၂၀ မှု အထိ ရှိတယ်လို့ စစ်တမ်းကောက်ယူရာမှာ ပါဝင်သူ ကိုကက်စ်ပါ-Casper ကပြောပါတယ်။

ဒီပြစ်မှုတွေ အနက် စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေက အများဆုံးဖြစ်ပြီး တော်လှန်ရေး အဖွဲ့တွေ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်မှုက ရာခိုင်နှုန်း အလွန်နည်းတယ်လို့ သူကဆိုပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်က ပြည်သူကို အဓိကထား ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ ပိုမိုများပြား နေတာ တွေ့ရပြီး အခြား လက်နက်ကိုင်အဖွဲ့တွေက ပြည်သူကို အတတ်နိုင်ဆုံး ရှောင်ရှားတယ်လို့ ကိုကတ်စ်ပါ က ပြောပါတယ်။

စစ်တမ်း ကောက်ယူရာမှာ မြေပြင် ကွင်းဆင်းကောက်ယူတာ ရှိသလို ကျူးလွန်ခံရ သူတွေဆီ တိုက်ရိုက် ဖုန်းဆက်သွယ် မေးမြန်းပြီး ကျူးလွန်ခဲ့တဲ့အဖွဲ့တွေကို တိုက်ရိုက် မဟုတ်ပေမဲ့ သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ အတည်ပြုချက်ရယူ စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်တယ်လို့ သူကပြောပါတယ်။

“ဒီလို စစ်တမ်း ကောက်ယူတဲ့ အခါမှာ ကျွန်တော်တို့ အနေနဲ့ မြေပြင်ထိ ကွင်းဆင်း ကောက်ယူတာ ရှိသလို ကျူးလွန်ခံရတဲ့ သူတွေဆီ တိုက်ရိုက် ဖုန်းဆက်သွယ် မေးမြန်းပြီး ကောက်ယူတာလည်းရှိတယ်။ ကျူးလွန်ခဲ့တဲ့ အဖွဲ့အစည်းတွေကို တိုက်ရိုက် မေးမြန်းဖို့ မဖြစ်နိုင်လို့ သွယ်ဝိုက်တဲ့ နည်းလမ်းတွေနဲ့ အဖက်ဖက်က အတည်ပြုချက် ရယူခဲ့ပါတယ်” လို့ သူကရှင်းပြပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနနဲ့ သမ္မတရုံးက တာဝန်ရှိသူ တစ်ချို့ တက်ရောက်ခဲ့ပါတယ်။

NUG လူ့အခွင့်အရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ကတော့ လူ့အခွင့်အ‌ရေး ချိုးဖောက်မှု ဆိုတာ ဘယ်သူလုပ်တာပဲ ဖြစ်ပါစေ လူ့အခွင့်အရေး ချိုးဖောက်မှုသာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီလို ကိစ္စတွေကို အချက်အလက် ကိန်းဂဏာန်းတွေ အပြင် တကယ်တိုင်ကြားနိုင်တဲ့ အဖြစ်အပျက် အစုံအလင်ကို ကျွန်တော်တို့ ဆီကို ပေးပို့ပေးပါ။ ကျွန်တော်တို့ ဆီမှာ ရှိပြီးသား အချက်အလက်တွေနဲ့ ကိုက်ညီမှု ရှိအောင် ကျွန်တော်တို့ ပြန်ပြီးတော့ စိစစ်ပါမယ်။ တကယ်လို့ မရှိသေးဘူး ဆိုရင်လည်း ဒါတွေ အကုန်လုံးကို စုဆောင်းပြီးတော့ သက်ဆိုင်ရာ ဝန်ကြီးဌာနများကို လွှဲပြောင်းပေးတဲ့ ဟာတွေ ရှိမယ်။ တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ လုပ်ဆောင်မှုကို တရားဥပဒေ အတိုင်းဖြစ်အောင် နောက်တစ်ခါ တော်လှန်ရေး ကာလ အခြေအနေ ဖြစ်တဲ့အတွက် တော်လှန်ရေးရဲ့ အခြေအနေနဲ့လည်း ကိုက်ညီမှုဖြစ်အောင် ကျွန်တော်တို့ ကြိုးစား လုပ်ဆောင်ပါမယ်” လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ဒေသတွင်း တော်လှန်ရေး အဖွဲ့အစည်း အချင်းချင်း ဖြစ်ပေါ်လာတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး NUG တရားရေးဝန်ကြီးဌာန၊ MOG လက်အောက်က တရားရေးဌာနတွေကို တိုင်ကြားနိုင်သလို တိုင်ကြားရေး ယန္တရား ရေးဆွဲပြီး ဖြစ်ကြောင်း ပြောပါတယ်။

NUG အနေနဲ့လည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်တမ်း ကောက်ယူနေပြီး ဒီထဲမှာ စစ်ကောင်စီက အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တာတွေကို စစ်တမ်း ကောက်ယူထားတယ်လို့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ဆိုင်ရာဝန်ကြီး နော်ဆူဇန်နာလှလှစိုး ကပြောပါတယ်။

“စကစ ဘက်ကနေပြီးတော့ ကျူးလွန်တဲ့ ဖြစ်ရပ်ပေါင်းက ၉၉ မှုရှိပါတယ်။ အဲထဲမှာရှိတဲ့ အရေအတွက်ကို ပြန်ပြီးတော့ ရေတွက်တဲ့ အခါမှာ ၁၂၂ ဦးရှိပါတယ်။ တချို့ ဖြစ်ရပ်တွေကတော့ အုပ်စုလိုက်ကျူးလွန် ခံရတာတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ တရားစီရင်မှုကို ရောက်အောင်အတွက် ကျွန်မတို့ IIMM ကနေ တစ်ဆင့် ဆက်သွယ်ပြီးတော့ ကျွန်မတို့ ပို့ပါတယ်။ ဆရာတို့မေးတဲ့ အထဲမှာ ဒီတော်လှန်ရေးဘက်က ကျူးလွန်တဲ့ ဖြစ်စဉ် အဲဒါလည်း မှန်ပါတယ်။ သိပ်တော့ မများပေမယ့် ရှိတယ်။ ကျွန်မတို့ဘက်ကိုလည်း တိုင်ကြားတယ်။ တိုင်းရင်းသား ထိန်းချုပ်နယ်မြေတွေမှာ ဆိုရင်တော့ သူတို့ရဲ့ တိုင်းရင်းသားရဲ့ စစ်ဆေးမှု တရားစီရင်မှု အတိုင်းကို ကျွန်မတို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်’’ လို့ သူကပြောပါတယ်။

တော်လှန်ရေး အဖွဲ့အစည်းတွေ ဘက်မှာလည်း အမျိုးသမီးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ပြစ်မှုတွေ ရှိနေပြီး ဝန်ကြီးဌာနကို တိုင်ကြားစာတွေ ရောက်တယ်လို့ သူကဆိုပါတယ်။

NUG တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ကိုမင်းနောင်ခိုင် ကတော့ ဥပဒေဆိုင်ရာ တိုင်ကြားရမဲ့ ဌာနတွေကို ပြည်သူတွေကို အသိပေးဖို့ လိုအပ်နေပြီး ဘယ်ပြစ်မှုဆို ဘယ်ဌာနကို တိုင်ကြားရမလဲ ဆိုတာ မီဒီယာဌာနတွေက တစ်ဆင့် ဖော်ပြပေးဖို့ လိုအပ်တယ်လို့ အကြံပြု ပြောပါတယ်။

စစ်တမ်း ကောက်ယူရာမှာ ပြည်သူတွေ အကြား ဖြစ်နေတဲ့ ခိုးမှု၊ လုယက်မှု၊ သတ်သေမှု၊ ပေါက်ကွဲမှုနဲ့ ဖမ်းဆီးခံရမှု တွေကိုလည်း စာရင်း ပြုစုထားတယ်လို့ ကိုကတ်စ်ပါက ဆိုပါတယ်။

စစ်ကိုင်းနဲ့ မကွေးတိုင်း အတွင်းက စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ရာဇဝတ်မှုတွေကို စစ်ကောင်စီတပ်သားတွေ ပြုလုပ်တာ မဟုတ်ဘဲ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြုလုပ်တာ ဖြစ်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

MK-007

#MeKongNews

#စစ်ကိုင်းနဲ့မကွေး

#လူ့အခွင့်အရေး

#သုတေသနစစ်တမ်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ