စီးပွားရေး

ဂျပန်ထွက်ဖို့ကြိုးစားနေတဲ့ မြန်မာလုပ်သား အရေအတွက်က ဂျပန်အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြား

မဲခေါင် 11 Mar - 2023
မဲခေါင်၊ မတ် ၁၁ အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

မဲခေါင်၊ မတ် ၁၁

အာဏာသိမ်းပြီးနောက် ဂျပန်ထွက်ဖို့ ကြိုးစားနေတဲ့ လူငယ် မြန်မာ လုပ်သား အရေအတွက်က ဂျပန် အစိုးရ ခေါ်ယူမှုထက် အဆမတန် များပြားနေတယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ စာရင်းတွေအရ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင် ရှားပါး လာတာကြောင့် ပြည်ပနိုင်ငံတွေကို သွားရောက် လုပ်ကိုင်တဲ့ မြန်မာလုပ်သား ပိုများလာပြီး စစ်အာဏာသိမ်းပြီး ပထမနှစ်ဝက်မှာ နိုင်ငံအတွင်း အလုပ်လက်မဲ့ ၁ ဒသမ ၈ သန်းကျော် ရှိလာသလို အလုပ် အကိုင်ရရှိဖို့ ပိုခက်လာတယ်လို့ အလုပ်သမား အဖွဲ့အစည်းတွေနဲ့ မြန်မာ့ စီးပွားရေး လေ့လာ သုံးသပ်သူတွေက ပြောပါတယ်။

“အခေါ်များတာကတော့ သူတို့ ဂျပန်ဘက်ခြမ်းမှာ လိုအပ်ချက်ရှိတယ်ဆိုတဲ့ အလျောက်ပေါ့။ သက်ကြီး ရွယ်အို စောင့်ရှောက်ရေး၊ သူနာပြုကိုလည်း ပြန်ခွဲထားတာတွေ ရှိတာဆိုတော့ အဲလိုမျိုးတွေလည်း အခေါ်များတယ်။ တခြား အလုပ်သင်နဲ့ဆိုင်တဲ့ အမျိုးအစားကတော့ တော်တော်များများ ရှိပါတယ်” လို့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဂျပန်ကုမ္ပဏီ၊ စက်ရုံတွေက မြန်မာ အလုပ်သမား ၇၀၀ ကျော် ခေါ်ယူမယ့် အလုပ်ကမ်းလှမ်းစာ ၂၃၀ စောင် ရရှိထားတယ်လို့ တိုကျိုမြို့ အခြေစိုက် မြန်မာသံရုံးက မတ်လ ၃ ရက် က ထုတ်ပြန်ထားသလို ၂၀၂၂ ခုနစ် အတွင်း ဂျပန်ကို အလုပ်လုပ်ဖို့ ထွက်ခွာသူ ၁၀,၀၀၀ နီးပါးအထိ ရှိလာပြီလို့ ကုမ္ပဏီတွေက ဆိုပါတယ်။

ဂျပန်နိုင်ငံကို ၂၀၂၀ ခုနှစ် နိုဝင်ဘာမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အထိ လုပ်သား ၃,၀၀၀ ခန့်သာ စေလွှတ်နိုင်ခဲ့ ပေမယ့် အခု ၂၀၂၂ ခုနှစ် မတ်လကစပြီး နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အေဂျင်စီ ၁၀၅ ခုကနေ လုပ်သား ၉,၀၀၀ ကျော် စေလွှတ်နိုင်ခဲ့တယ်လို့ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

“ဂျပန်ကို အလုပ်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ကတည်းက သင်တန်းတွေ စုံစမ်းပြီး တက်ခဲ့တယ်။ JLPT စာမေးပွဲတွေ ကိုလည်း အခက်ခဲကြားက ဖြေဆိုခဲ့ရတယ်။ အဲဒီအတွက်လည်း အချိန်တော်တော်ကြာကြာ ယူပြီး လေ့လာခဲ့ရတယ်။ ငွေကြေးတွေလည်း တော်တော်ကုန်ခဲ့ပြီး နောက်ဆုံး ပြည်တွင်းမှာ လုပ်ကိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့လို့ လက်ရှိ လုပ်ကိုင်နေတဲ့ အလုပ်ကနေ ရပ်နားပြီး ပြည်ပထွက်ဖို့ ကြိုးစားခဲ့တာတွေရှိတယ်” လို့ ဂျပန် သွားရောက်မယ့် အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဂျပန်စာ သင်သူ အများစုက အသက် ၂၀ နဲ့ ၂၅ နှစ်ကြား လူငယ်တွေဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ဂျပန် နိုင်ငံကို အလုပ်သင်ဗီဇာ၊ ကျွမ်းကျင်လုပ်သား ဗီဇာတွေ သာမက ကျောင်းသား ဗီဇာနဲ့ပါ သွားရောက်လိုတဲ့ လူငယ်တွေ ပိုများလာတယ်လို့ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်မှု အများဆုံးဖြစ်ကာ ဒုတိယ အများဆုံး အဖြစ် မလေးရှားနိုင်ငံက နေရာယူထားပြီး တတိယ ကတော့ ဂျပန်နိုင်ငံ ဖြစ်တယ်လို့ အလုပ်အကိုင် အေဂျင်စီတွေထံက သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။