မြန်မာ့နွေဦး

ခြုံခိုတိုက်ခိုက်မှာ စိုးရိမ်လို့ ဆောင်းပြောင်းဒေသမှာ နေကြာနဲ့ပြောင်း စိုက်ပျိုးခွင့် ပအိုဝ်းပြည်သူ့စစ် ပိတ်ပင်

မဲခေါင် 19 May - 2023
မဲခေါင်၊ မေ ၁၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က နေကြာနဲ့ ပြောင်းတွေ စိုက်ပျိုးခွင့် မပေးတော့ဘူးလို့ ကျေးရွာနေ တောင်သူတွေက ပြောပါတယ်။

မဲခေါင်၊ မေ ၁၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာမှာ ပအိုဝ်းပြည်သူ့စစ် (PNA) က နေကြာနဲ့ ပြောင်းတွေ စိုက်ပျိုးခွင့် မပေးတော့ဘူးလို့ ကျေးရွာနေ တောင်သူတွေက ပြောပါတယ်။

ဆောင်းပြောင်းကျေးရွာက ပြည်သူတွေဟာ နေကြာနဲ့ ပြောင်းကို အဓိက စိုက်ပျိုးတာဖြစ်ပြီး တော်လှန်ရေး အင်အားစုတွေ ခြုံခို တိုက်ခိုက်မှာကို စိုးရိမ်ပြီး PNA အနေနဲ့ မေလ ၁၅ ရက်နေ့ ရွာလုံးကျွတ် အစည်းအဝေးမှာ အခုလို ကန့်သတ်လိုက်တာလို့ ကျေးရွာနေ တောင်သူ တစ်ဦးက ပြောပါတယ်။

“ရွာလူကြီးအိမ်မှာ အစည်းအဝေးလုပ်တော့ PNA လူကြီးတွေက စိုက်ခွင့် မပေးတော့ဘူးလို့ ပြောတယ်။ ပြောင်းနဲ့ နေကြာက အပင်တွေ အရမ်းရှည်ပြီး ခြုံတွေလည်းများတော့ PDF တွေ ပုန်းခိုနိုင်တယ်ပေါ့။ ပင်လောင်းမှာက ပြောင်းနဲ့ နေကြာ စိုက်ပျိုးမှုက အများဆုံးလို့ ပြောလို့ရတယ်။ ဒါတွေကို ကန့်သတ်လိုက်တယ် ဆိုတာ့ ကျနော်တို့ အတွက် အခက်အခဲ ဖြစ်တာပေါ့” သူက ရှင်းပြပါတယ်။

လက်ရှိ ပြောင်းနဲ့ နေကြာ မစိုက်ရ ကန့်သတ်နယ်မြေထဲမှာ ဧက ၁၀၀ ကျော်ပါဝင်တာကြောင့် တောင်သူတွေ အနေနဲ့ စီးပွားရေး အခက်အခဲ ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ဆောင်းပြောင်းကျေးရွာမှာ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ တောင်မဲသင်းကျေးရွာက စစ်ဘေးရှောင် အများစု ခိုလှုံနေတာကြာင့် စစ်ဘောင်းရှောင်တွေ အတွက် အလုပ်အကိုင် ရှားပါးလာနိုင်တယ်လို့ ကျေးရွာနေ ပြည်သူတွေက ပြောပါတယ်။

ပင်လောင်းမြို့နယ်မှာ လက်ဖက်၊ အာလူး၊ ဂေါ်ဖီထုတ်၊ ဂေါ်ဖီပန်း၊ ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတာတွေ စိုက်ပျိုးကြပေမယ့် နေကြာနဲ့ ပြောင်း စိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ဧက တစ်ထောင်ကျော် အထိ ရှိတယ်လို့ သိရပါတယ်။

ဆောင်းပြောင်း ဒေသမှ ကရင်နီ မဟာမိတ် တော်လှန်ရေး အင်အားစုတွေနဲ့ PNA၊ စစ်ကောင်စီ ပူးပေါင်းတပ် ဖေဖော်ဝါရီလ ကတည်းက အခုချိန်ထိ နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-007

#MeKongNews

#ဆောင်းပြောင်း

#PNA

#ပင်လောင်းမြို့နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

မိုးဗြဲက စစ်ရှောင်စခန်းတစ်ခုကို စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကြဲ

မဲခေါင်၊ မေ ၂၈ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲအနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်တွေနေတဲ့စခန်းကို လေယာဉ်နဲ့ (၂) ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ အပါအဝင် စစ်သား ၃၀ နီးပါးသေဆုံးနိုင်တယ်လို့ ABSDF ပြော

မဲခေါင်၊ မေ ၂၈ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၇ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ အရာရှိ ၁၃ ဦး
မြန်မာ့နွေဦး

ရဲဘော်တွေ ယူနီဖောင်း လိုအပ်နေလို့ ပြည်သူတွေကူညီပေးကြရန် အင်းလေး PDF မေတ္တာရပ်ခံ

မဲခေါင်၊ မေ ၂၈ ရှမ်း-ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲ၀င်နေတဲ့ ရဲဘော်တွေ စစ်သုံးယူနီဖောင်းတွေ လိုအပ်နေလို့ ပြည်သူတွေ ကူညီပေးကြဖို့ အင်းလေး PDF က ဒီကနေ့ မေလ ၂၈ ရက်မှာ မေတ္တာရပ်ခံပြောဆိုထားပါတယ်။
မြန်မာ့နွေဦး

ဗန်းမောက်မြို့နယ် တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကို စစ်တပ် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ မေ ၂၆ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု မရှိတဲ့ နောင်ကန်ရွာကို စစ်တပ်က မနေ့ မေလ ၂၅ ရက်နေ့၊ ည ၉ နာရီကျော်မှာ တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံးကြဲ
မြန်မာ့နွေဦး

တောင်ခင်ရန်း ရဲစခန်းကို ABSDF လက်နက်ကြီးနဲ့ပစ်၊ စစ်သား ၃ ဦးသေပြီး စစ်အရာရှိ ခြေထောက်ဖြတ်လိုက်ရ

မဲခေါင်၊ မေ ၂၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို မေလ ၂၅ ရက် ညပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရသွားတယ်လို့ ABSDF
မြန်မာ့နွေဦး

မိုးဗြဲမှာ စစ်ရေးတင်းမာနေလို့ ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ဖို့ PDF တိုက်တွန်း

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့နယ်မှာ စစ်ရေး အခြေအနေတွေ တင်းမာနေပြီး စစ်ကောင်စီက အကြမ်းဖက် သတ်ဖြတ်မှုတွေ လုပ်နေတာကြောင့် ပြည်သူတွေ ခရီးသွားလာတာ ဂရုစိုက်ကြဖို့ မိုးဗြဲ PDF က ဒီကနေ့
မြန်မာ့နွေဦး

အင်းလေးမှာ ရှောင်တခင် ဧည့်စာရင်းဝင်စစ်၊ စစ်တပ် ထောက်ခံသူရဲ့အိမ်ပါ အစစ်ခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ညဘက် မီးလင်းနေတဲ့ နေအိမ်တွေကို ရှောင်တခင် ဧည့်စာရင်း ဝင်စစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မန်တုံနဲ့ မိုးမိတ်မှာ TNLA စိုက်ထူထားတဲ့ သစ်တောကြိုးဝိုင်း ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

မဲခေါင်၊ မေ ၂၄ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့နယ်နဲ့ မိုးမိတ်မြို့နယ်အတွင်း PSLF/ TNLA မြေယာနှင့် သစ်တောဌာနက စိုက်ထူထားတဲ့ ကြိုးဝိုင်းသစ်တော ထိန်းသိမ်းရေး ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ TNLA က မနေ့ မေလ