မြန်မာ့နွေဦး

ကွတ်ခိုင်မြို့အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်

မဲခေါင် 11 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၁ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး၊ နောင်ဆွေရွာနားမှာ ဇူလိုင်လ ၁၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ဝန်းကျင်က စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီး၊ နောင်ဆွေရွာနားမှာ ဇူလိုင်လ ၁၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ ဝန်းကျင်က စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်ဆွေရွာအနီး၊ မန်ဘန်ရွာ လမ်းဆုံ အမှိုက်ပုံကုန်းမှာ သိန္နီဘက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ခလရ (၂၄၁)၊ (၂၄၂) ပူးပေါင်း အင်အား ၁၀၀ ခန့်နဲ့ KIA တပ်မဟာ (၄)၊ တပ်ရင်း (၃၉) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“ ကွတ်ခိုင် စစ်တပ်ကနေ ပစ်ထုတ်လိုက်တာ။ လက်နက်ကြီး ရန်းပစ်တာ” လို့ ဒေသခံ အမျိုးသား တစ်ဦး ကပြောပါတယ်။

မန်ဘန်ရွာ အမှိုက်ပုံ အနီးမှာ စစ်တပ်က ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး ခြေထောက်ထိသွားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။

“ တနေ့ကလည်း တိုက်ပွဲ ဖြစ်တယ်ပြောတာ အရမ်းကြီး ပြင်းပြင်းထန်ထန် အသံတော့ မကြားဘူး။ သူတို့ လှုပ်ရှား သွားလာနေကြတယ်” လို့ ကွတ်ခိုင်မြို့ခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် လှုပ်ရှားနေတဲ့ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာ ဘက်မှာ လက်နက်ကြီး ရန်းသမ်း ပစ်ခတ်တာတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုး လှုပ်ရှားသွားလာစဉ် နမ့်ဖတ်ကာ စစ်ကောင်စီတပ်ကနေ လမ်းကြောရှင်းလင်း ပေးတဲ့ပုံစံနဲ့ လက်နက်ကြီး ပစ်ခတ်ပေးတာ မကြာခဏ ကြားရတယ်လို့ နမ့်ဖတ်ကာ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။

ဇူလိုင် ၉ ရက်နေ့၊ မနက်ပိုင်း ၁၀ ဝန်းကျင်က ကွတ်ခိုင်၊ လွယ်ဆမ်ဆစ်တောင်ခြေ၊ နမ့်ပါချီးရွာနဲ့ ၃၈ မိုင် မန်ပြိန်းရွာကြား၊ ပြည်ထောင်စုလမ်းမပေါ်က တာဝါတိုင်အနီးရှိ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ကိုင် အဖွဲ့ တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၆ နာရီခန့်မှာ လားရှိုးဘက်မှ ကွတ်ခိုင်ဘက်ကို လာတဲ့ စစ်ကောင်စီ ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၈ ရက်နေ့၊ မနက် ၁၀ နာရီ ခန့်ကလည်း လားရှိုးကနေ ကွတ်ခိုင်ဘက် စစ်ကြောင်းချီ တက်တာတဲ့ စစ်ကောင်စီကားတွေကို လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ KIA တပ်မဟာ (၄) တို့ နမ့်ပါချီးအနီး ပါဂျိုရွာ နဲ့ မန်ပြိန်းရွာကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။

ကွတ်ခိုင်မြို့အနီး နမ့်ပါချီးရွာ နဲ့ ပါဂျိုရွာ အနီးဝန်းကျင်မှာ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိပြီး တိုင်ရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့် MNDAA ၊ KIA ၊ TNLA ၊ PDF နဲ့ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တို့ လှုပ်ရှားရာ နယ်မြေ ဖြစ်ပါတယ်။

Photo-Crd
CJ-008

#MekongNews

#ကွက်ခိုင်မြို့နယ်

#KIA

#မန်ဘန်ရွာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now