မြန်မာ့နွေဦး

ကွက်ခိုင်က ရှမ်းရွာအဝင်ဆိုင်းဘုတ်တွေကို တအောင်းဘာသာနဲ့ အစားထိုးတဲ့အပေါ် TNLA တပ်ဖွဲ့ မသိသေးလို့ဆို

မဲခေါင် 28 May - 2024
ကွက်ခိုင်မြို့နယ်အတွင်း ရှမ်းဘာသာနဲ့ရေးသားထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းဘာသာနဲ့ လိုက်လံအစားထိုးနေတဲ့အပေါ် TNLA တပ်ဖွဲ့အနေနဲ့ သိရှိခြင်းမရှိသေးဘူးလို့ ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

မဲခေါင် မေ ၂၈

ကွက်ခိုင်မြို့နယ်အတွင်း ရှမ်းဘာသာနဲ့ရေးသားထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းဘာသာနဲ့ လိုက်လံအစားထိုးနေတဲ့အပေါ် TNLA တပ်ဖွဲ့အနေနဲ့ သိရှိခြင်းမရှိသေးဘူးလို့ ပြောရေးဆိုခွင့်ရှိသူထံက သိရပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မယေဦးက “ဆိုင်းဘုတ်ဖျက်ခံရတဲ့ကိစ္စတော့ ကျမဆီ မရောက်သေးဘူး။ သိလည်း မသိရသေးဘူးပေါ့နော်။ အတူယှဥ်တွဲနေထိုင်ကြတဲ့ အဲ့ဒီတိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးကို လက်ခံထားပါတယ်။ တိုင်းရင်းသားအချင်းချင်းကြားမှာ အငြင်းပွားမှုတစ်စုံတစ်ရာ ဖြစ်လာမယ်ဆိုရင်လည်း နိုင်ငံရေးနည်းနဲ့ပဲ ဆွေးနွေးသွားဖို့ရှိပါတယ်။ ဒီဖြစ်ရပ်တွေ အပေါ် လူထုက စိုးရိမ်စရာ မရှိပါဘူး။ မူလအတိုင်း အေးအေးချမ်းချမ်း နေထိုင်နိုင်ပါတယ်” လို့ ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလမ်းခွဲက ရှမ်းဘာသာနဲ့ရေးသားထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို ဒေသခံတွေရဲ့ သဘောထားမပါဘဲ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တအောင်းဘာသာနဲ့ ပြင်ဆင်အစားထိုးလိုက်တယ်လို့ စုံစမ်းသိရပါတယ်။

မူရင်းရှမ်းဘာသာနဲ့ မြန်မာဘာသာရေးထိုးထားတဲ့ ရွာအဝင်ဆိုင်းဘုတ်တွေကို ဒေသခံတွေရဲ့ သဘောဆန္ဒ မပါဘဲ ပန်လော့ရွာအုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးပြီး ပြောင်းလဲခဲ့တာလို့ ဆိုပါတယ်။

ဒေသတွင်း ရှမ်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးက “လူမျိုးတစ်မျိုးရှိတဲ့နေရာကို နောက်ထပ်လူမျိုး တစ်မျိုးက လာအုပ်ချုပ်တဲ့အခါ သူတို့ဘာသာပြောင်းတာတော့ မထူးဆန်းပါဘူး။ ဥပမာ ဟိုပန်ဆိုရင် ဗမာစာနဲ့ ဝစာ တွဲသုံးတယ်ပေါ့။ ဒါပေမယ့် မူလရှိပြီးသား ပြောင်းလိုက်တဲ့ဟာက အရင်ကတည်းက ရှမ်းဘာသာနဲ့လေ၊ အတူတူရောနှောနေထိုင်တဲ့ မိုင်းယုလိုမျိုးဆိုရင်တော့ ဒါက ပြဿနာရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။

ယခုကဲ့သို့ TNLA အနေနဲ့ ဒေသခံတွေရဲ့ သဘောထားမပါဝင်ဘဲ ရွာအဝင်ဆိုင်းဘုတ်တွေကို တအာင်းဘာသာပြောင်းလဲရေးသားခြင်းမှာ အာဏာရှင်ဆန်တာဖြစ်ကြောင်းနဲ့ လူမျိုးစုနှစ်ခုအကြားမလိုအပ်ဘဲ ပဋိပက္ခပိုမိုကြီးထွားလာစေနိုင်ကြောင်း ရှမ်းတိုင်းရင်းသားတွေက ဆိုပါတယ်။

ရွာခံတွေ ကန့်ကွက်နေတဲ့ကြားက မေလ ၈ ရက်နေ့မှာ TNLA တပ်သားတွေ ရောက်ရှိလာပြီး ရွာအဝင်ဆိုင်းဘုတ် ကို တအောင်းဘာသာနဲ့ အစားထိုးရုံတင်မကဘဲ ရှမ်းအလံ၊ သာသာနာ အလံတွေလည်း ဖြုတ်ချသွားတယ်လို့ သိရပါတယ်။

ဒေသတွင်းနေထိုင်တဲ့ ပလောင်တိုင်းရင်းသားတစ်ဦးက “ TNLA အနေနဲ့ အရင်က ဒီလိုခွဲခြားဆက်ဆံတာမရှိပေမယ့် အခုနောက်ပိုင်း သူတို့သိမ်းတဲ့မြို့တွေမှာလုပ်လာတာတွေ့ရတယ် တအာန်းလူမျိုးတစ်ယောက်အနေနဲ့ ကျွန်တော်လဲ မကြိုက်ပါဘူး၊ တနေရာတည်းမှာနေတဲ့ တိုင်းရင်းသားအချင်းချင်း အမုန်းပွားတာတွေပိုဖြစ်လာနိုင်တယ် “ လို့ ပြောပါတယ်။

TNLA အနေနဲ့ အုပ်ချုပ်မှုနယ်မြေအတွင်းနေထိုင်တဲ့ တခြားတိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုကို လေးစားသင့်ကြောင်းနဲ့ ဖိနိုပ်မှုတွေက ဒေသတွင်း မတည်ငြိမ်မှုကို ပိုမိုဖြစ်ပေါ်လာစေတယ်လို့ တအာန်းလူမျိုး တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောပါတယ်။

ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ဇန်နဝါရီလ ၈ ရက်လောက်ကစလို့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း တွေဖြစ်တဲ့ ခမရ ၂၄၁၊ ၂၄၂၊ ၂၄၅ နဲ့ အမြောက်တပ်ရင်း ၂၄၇ တို့ကို မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ TNLA က တိုက်ခိုက်သိမ်းယူပြီးနောက် မြို့ကို ထိန်းချုပ်ထားပါတယ်။

ဒါပေမယ့် ကွတ်ခိုင်မြို့ပေါ်မှာတော့ ကိုးကန့် တပ်မတော် (MNDAA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့လည်း နေရာတချို့မှာ တပ်ခွဲထားပြီး ရွာဘက်ခြမ်းတွေကိုတော့ TNLA က အုပ်ချုပ်‌ရေးယန္တရား အပြည့်အဝ လည်ပတ်နေပြီလို့ ဆိုပါတယ်။

မိုင်းယုလမ်းခွဲက ကျေးရွာတွေမှာ ရှမ်း၊ ကချင်၊ ဗမာ၊ လီဆူ စတဲ့တိုင်းရင်းသားအများစု နေထိုင်ကြပြီး တအောင်းတိုင်းရင်းသားလူနည်းစုသာ ပါဝင်တာကြောင့် TNLA ရဲ့ အခုလိုလုပ်ရက်ဟာ ဒီမိုကရေစီနည်းလမ်း မကျဘူးလို့ ဒေသခံတွေကြားမှာ ဝေဖန်ပြောဆိုနေကြပါတယ်။

အလားတူ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့အဝင်ဆိုင်းဘုတ်ကိုလည်း ရှမ်းဘာသာနဲ့ ရေးထိုးထားတဲ့ နောက်ကျောဘက်မှာ TNLA က ဒေသခံတွေရဲ့ သဘောထားမပါဘဲ တအောင်းစာပေကို ဖြည့်စွက်ထားတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

MK 014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ရှောင်စခန်းထဲ စစ်ကောင်စီရဲ့ လက်နက်ကြီးကျလို့ အမျိုးသမီးနဲ့ ကလေးငယ်တွေ ဒဏ်ရာရရှိ

ရှမ်းတောင်၊ ပင်လောင်းနဲ့ ဖယ်ခုံနယ်စပ် ဆောင်လန်စစ်ရှောင်စခန်းနဲ့ ဗန်းမောက်ရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာမှာ ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေး
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်သား ၃ ဦး တိုက်ပွဲမှာသေဆုံး

ရှမ်းတောင်၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်မောတောင်၊ ထမ်းယံတိုင်ကျေးရွာအနီးကို စစ်ကောင်စီက စစ်ကြောင်ထိုးလာလို့ မနေ့က ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

နမ့်ခမ်းက အများပြည်သူစျေးကို ဒေသခံတွေ မညှိနှိုင်းဘဲ TNLA က စတင်ဖျက်နေ

ရှမ်းမြောက်၊ နမ့်ခမ်းမြို့က အများပြည်သူရောင်းချနေတဲ့ အောင်မေတ္တာ အမှတ် ၂ စျေးကို ဒေသခံတွေအား မညှိနှိုင်းဘဲ TNLA က မနေ့ဇွန် ၁၈ ရက်က စပြီး ဖြိုဖျက်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကယန်းဒေသ စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာဖူလုံရေးအတွက် ကယန်းမျိုးဆက်သစ်လူငယ်(KNGY)က စိုက်ပျိုးရေး သင်တန်းပေးခဲ့

ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ်၊ ဖယ်ခုံမြို့နယ်၊ အလယ်ကယန်းဒေသရှိ ကျေးရွာ ၅ ခုက စစ်ဘေးရှောင် အယောက် ၂၀၀ ကို ဇွန်လ ဒုတိယပတ်အတွင်း စိုက်ပျိုးရေး သင်တန်းပေးနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

၁၀၂၇ စစ်ဆင်ရေးအပြီး စစ်ကောင်စီ-တရုတ်နယ်စပ်ကုန်သွယ်ရေး ၁၂ ရာခိုင်နှုန်းအထိ ကျဆင်း

တရုတ်နဲ့ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ နယ်စပ်ကုန်သွယ်ရေးရှိခဲ့တဲ့ စစ်ကောင်စီဟာ ၁၀၂၇ ရှမ်းမြောက်တခွင်က ဒေသတွင်းတိုက်ပွဲအပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ အားလုံးနီးနီး ပိတ်ထားလိုက်ရတာကြောင့် စစ်ကောင်စီရဲ့ နယ်စပ်ကုန်သွယ်မှုတန်ဖိုး ဆက်တိုက်ကျဆင်းနေတာပါ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်းတောင်မှာ အိမ်ငှားခ ဈေးတက်လို့ စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မြို့နယ်တချို့မှာ အိမ်ငှားခတွေ ဈေးတက်လာတာကြောင့် စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေတယ်လို့ ‌ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရပ်စောက်နယ်ထဲမှာ ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့

ရှမ်းတောင် ရပ်စောက်၊ ကျောက်ဂူနယ်၊ တောင်ထစ်(လက်ဘက်ခြံ)တောင်သူကုန်းနေရာမှာ ဇွန် ၁၆ ရက် မနက် ၈နာရီခွဲက အင်အား ၈၀ ခန့်ရှိတဲ့ RCSS တပ်ဖွဲ့နဲ့ SSPP နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထောင်ရွှေ့ပြောင်းခံရတဲ့ နိုင်ငံရေးအကျဥ်းသားတွေ ဒိုက်ဦးထောင်အတွင်း အကြမ်းဖက်ခံနေရ

မွန်ပြည်နယ်၊ ကျိုက်မရောအကျဥ်းထောင်ကနေ ဇွန်လ ၁၅ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးထောင်ကို ပြောင်းရွှေ့လာတဲ့ အကျဉ်းသူ အယောက် ၄၀ ဟာ အကျဉ်းထောင်အတွင်း အကြမ်းဖက်ခံနေရတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now