မြန်မာ့နွေဦး

ကြားကာလ အခြေခံပညာ တတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ အကြံပြုချက် NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

မဲခေါင် 30 Dec - 2022
အမျိုးသား ညီညွတ်ရေး အစိုးရ-NUG ရဲ့ ပညာရေးဝန်ကြီးဌာနက “ကြားကာလ အခြေခံပညာ တတ်ကျွမ်းမှု စွမ်းရည် စံသတ်မှတ်ချက်များ" အကြံပြုချက်ကို မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

ကြားကာလမှာ ပညာရေးကို နည်းလမ်း အမျိုးမျိုးနဲ့ ဆောင်ရွက်ကြရာမှာ ရှိရင်းစွဲ သင်ရိုးညွှန်းတမ်းတွေမှ ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းများနဲ့ မဆန့်ကျင်တဲ့ သင်ရိုးတွေ၊ တိုင်းရင်းသား ပညာရေးဌာနတွေက ရေးဆွဲထားတဲ့ သင်ရိုးတွေနဲ့ ဒီမိုကရေစီနိုင်ငံတွေမှ သင်ရိုးတွေကို သင့်တော်သလို လွတ်လပ်စွာ မှီငြမ်း အသုံးပြုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ စံနှုန်းတွေနဲ့ မဆန့်ကျင်တဲ့ သင်ရိုး‌တွေကို ကိုးကားပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ စွမ်းရည်ကို မြှင့်တင်နိုင်ရေး ဆောင်ရွက်ကြရာမှာ အခြေခံပညာအဆင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း အသက်အရွယ်အလိုက် ရှိသင့်တဲ့ တတ်ကျွမ်းမှု စွမ်းရည် စံသတ်မှတ်ချက်‌တွေကို မှီငြမ်း အသုံးပြုနိုင်ဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပညာရေးဝန်ကြီးဌာန အနေနဲ့ အကြံပြု ထုတ်ပြန်ပေးတာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးစနစ်မှာ ပြဋ္ဌာန်း စာအုပ်ပါ အကြောင်းအရာတွေကိုသာ အလွန်အမင်း မှီခိုပြီး အလွတ်ကျက်မှတ် ပြန်လည်ဖြေဆိုတဲ့ ပညာရေးစနစ်ထက် ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း၊ ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ လွတ်လပ်စွာ တွေးခေ ါ်မြော်မြင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို အားပေးအားမြှောက်ပြုမယ့် ပညာရေးစနစ်တွေဖြစ်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြထားပါတယ်။

တတ်ကျွမ်းမှု စွမ်းရည်ကို အခြေခံတဲ့ သင်ရိုးညွှန်းတမ်းစနစ်-Competency-based Curriculum က နိုင်ငံ အများအပြားမှာ ပြောင်းလဲ ကျင့်သုံးနေတဲ့ မျက်မှောက်ခေတ်နဲ့ လျော်ညီတဲ့စနစ် ဖြစ်တယ်လို့ ဆိုပါတယ်။

ပြဋ္ဌာန်းစာအုပ် အကြောင်းအရာ အခြေပြု -Content-based စနစ်မှ တတ်ကျွမ်းမှုစွမ်းရည်အခြေပြု-Competency-based စနစ်သို့ ကူးပြောင်းရာမှာ စနစ်တကျအချိန်ယူပြီး အဆင့်ဆင့် ဆက်လက်ညှိနှိုင်း လုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ဖော်ပြထား ပါတယ်။

NUG ပညာရေးဝန်ကြီးဌာန အနေနဲ့ ပထမဆုံး အကြိမ် “ ကြားကာလ အခြေခံပညာတတ်ကျွမ်းမှုစွမ်းရည် စံသတ်မှတ်ချက်များ -Statement of Basic Education Competency Standards for Interim Period (Version 2) ကို စတင် အကြံပြု ထုတ်ပြန်တာဖြစ်ပြီး ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေရဲ့ အတွေ့အကြုံနဲ့ သုတေသန လေ့လာတွေ့ရှိချက်တွေကို အခြေခံပြီး ပိုမိုကောင်းမွန်အောင် အခြေခံပညာ တတ်ကျွမ်းမှု စွမ်းရည် စံသတ်မှတ်ချက်တွေ (Version 3, 4, 5, …) ကို စနစ်တကျ အဆင့်ဆင့် ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း အသိပေး ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု
မြန်မာ့နွေဦး

ကွန်ဟိန်းမြို့နယ်မှာ ကားမောင်းလာတဲ့ အမျိုးသမီးကို RCSS တပ်ဖွဲ့ တားဆီး ပစ်သတ်လိုက်တယ်လို့ ဒေသခံတွေ စွပ်စွဲ

မဲခေါင်၊ မေ ၃၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်းစိမ်းနဲ့ ဆိုင်မွန်းကျေးရွာကြားမှာ မေလ ၂၈ ရက်နေ့က ကားမောင်းလာတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

စစ်တပ်က ကျောက်ပချုပ်ရွာမှာ ဖမ်းမိတဲ့ PDF ကို အသုံးချပြီး ကရင်နီ PDF တွေကို ထောင်ဖမ်းဖို့ ကြိုးစားနေ

မဲခေါင်၊ မေ ၃၀ သာစည်မြို့နယ်၊ ကျောက်ပချုပ်ကျေးရွာ အခြေစိုက် PDF စခန်းကို စစ်ကောင်စီနဲ့ ပျူစောထီးတွေ ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ဖမ်းမိတဲ့ PDF တစ်ဦးကို အသုံးချပြီး ကရင်နီက PDF တွေကို ထောင်ဖမ်းဖို့