မြန်မာ့နွေဦး

ကျွန်းလှနဲ့ ကန့်ဘလူမှာ မီတာမဆောင်ပါက လျှပ်စစ်ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီ လိုက်လံကြေညာ

မဲခေါင် 29 Dec - 2022
စစ်ကိုင်းတိုင်း၊ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်‌တွေမှာ မီတာမဆောင်ပါက လျှပ်စစ်ဥပဒေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက လိုက်လံ ကြေညာနေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က မနေ့က ထုတ်ပြန်ပါတယ်။

ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တွေမှာ မီတာခ ကြွေးကျန်တွေကို အပြီးဆောင်ဖို့နဲ့ မဆောင်ပါက လျှပ်စစ်ရေးရာ ဥပဒေတွေနဲ့ အရေးယူမှာဖြစ်ပြီး ကျေးရွာ တွေမှာ မီတာဆောင်ဖို့ တစ်အိမ်ကျန်ပါက တရွာလုံး မီးမ‌ပေးဘဲ ဖြတ်ထားမှာ ဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ် ဝန်ထမ်းတွေက လိုက်လံ ကြေညာနေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်က လိုက်လံ ကြေညာရာမှာ အရင်က မီတာခတွေကို လအလိုက် ခွဲဆောင်နိုင်ပေမယ့် အခု ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း ကျန်ရှိတဲ့ မီတာခတွေကို ၂၀၂၃ ခုနှစ် တစ်လပိုင်းမှာ အပြီးပေးဆောင်ရမယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အုပ်စုထံ ပြည်သူ့ဘဏ္ဍာငွေ မရောက်စေဖို့ အတွက် မီတာခ မဆောင်တာကို နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့ကြပေမယ့် စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဝန်ထမ်းတွေက မီးဖြတ်တောက်တာကြောင့် မီတာခ ပေးဆောင်သူတွေ ရှိလာခဲ့ပါတယ်။

အချို့သော ဒေသတွေမှာ မီတာခတွေ အဆမတန် ကျသင့်နေတာ၊ စီးပွားရေး လုပ်ငန်းတွေ ပျက်စီးခဲ့တာ တွေကြောင့် မီတာ မဆောင်နိုင်တဲ့ ပြည်သူတွေလည်း ရှိနေကာ အခုလို အတင်းအကျပ် တစ်လုံးတည်း မီတာခ ပေးဆောင်ခိုင်းတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့လည်း မြို့ခံပြည်သူတွေက ပြောပါတယ်။

စစ်ကောင်စီဟာ မီတာခတွေ အတင်းအကျပ် ကောက်ခံရာမှာ ကြွေးကျန်များတဲ့ နေအိမ်တွေကို ပစ်မှတ်ထား မီးဖြတ်တောက်တာတွေ ပြုလုပ်ပြီး တစ်လုံးတစ်ခဲတည်း ငွေရရှိစေတဲ့ နည်းလမ်းကို နိုင်ငံတစ်ဝန်း ကျင့်သုံး နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မီး ၃ ကြိမ်အထိ ဖြတ်တောက်ခံရပါက ခံဝန် လက်မှတ်ထိုးစေတာ၊ မီတာခ ထပ်ပြီး မဆောင်ပါက မီတာကို အပြီးတိုင် ဖြုတ်သိမ်းနေတာတွေ ဆက်တိုက် ပြုလုပ်လျက်ရှိတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။