မြန်မာ့နွေဦး

ကျောက်မဲ စကခ (၁) အပါအဝင် တပ်ဂိတ်တွေ ငွေတောင်းကြမ်းနေ

မဲခေါင် 23 Mar - 2024
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ရှိတဲ့ စကခ(၁) ဂိတ်အပါအဝင် တပ်ဂိတ်တွေ ငွေတောင်းကြမ်းနေတယ်လို့ ခရီးသွားရင်းမြစ်တွေထံက သိရပါတယ်။

မဲခေါင်၊ မတ် ၂၃

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ရှိတဲ့ စကခ(၁) ဂိတ်အပါအဝင် တပ်ဂိတ်တွေ ငွေတောင်းကြမ်းနေတယ်လို့ ခရီးသွားရင်းမြစ်တွေထံက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းကို တက်တဲ့ ၆ဘီးကုန်ကားနဲ့အိမ်စီးကားတွေဟာ ကားတစ်စီးကို ကျောက်မဲမြို့ စကခ(၁) ဂိတ်မှာ ကျပ် ၁ သိန်းနဲ့ နတ်တောင်က ပစ်ကူပေးတပ်ဂိတ်မှာ ကျပ် ၂ သောင်းစီပေးရတယ်လို့ ပြောပါတယ်။

“စကခ ရဲ့ နောက် ခြံစည်းရိုးဘေးမှာ ကားလမ်းဆိုတော့ သူတို့ မိန်းဂိတ်မှာနဲ့ သိပ်မဝေးတဲ့ ပစ်ကူပေးတပ်ဂိတ်မှာ ပေးရတာ၊ စက်သုံးဆီပါရင် တပေပါကို ကျပ် ၂ သောင်းနဲ့ဆန်အိတ်တွေ ပါလဲ ပေးရတယ်” လို့ အမည်မဖော်လိုသူ တစ်ဦးက မဲခေါင်ကို ပြောပါတယ်။

စက်သုံးဆီကို မိုင်းငေါ့က တရားမဝင် ရွှေလုပ်ကွက်တွေဆီပို့တာဖြစ်လို့ မပေးလို့မရလို့ ပေးရတာလို့ ဆိုပါတယ်။

ကျောက်မဲကနေ နမ္မတူ-မန်တုံ-နမ့်ခမ်း-မူဆယ်အတိုင်း သွားတဲ့ ကုန်နဲ့ခရီးသွားကားတွေဟာ တစ်ရက်ကို ကားအစီးရေ ၂၀၀ ခန့်ရှိနေတာဖြစ်ပြီး သွားတဲ့ကားတိုင်းပေးနေရတာမှာ အသွားအပြန်ပေးနေရတာလို့ သိရပါတယ်။

လတ်ရှိမှာ အောက်လမ်းလို့ခေါ်တဲ့ နမ္မတူ က ၁၀ မိုင်ခန့်အကွာ က သတ္တုထုတ်တင်တဲ့ တရုတ်လုပ် တေပါ ၁၀ ဘီးကားကြီးတွေကြောင့် မြေသားလမ်းတွေပျက်စီးပြီး သတ္တုတင်ကားတွေ အများအပြား မောင်းနေတာကြောင့် ခရီးသွားကားတွေ အန္တရာယ်များလို့ အပေါ်လမ်းဖြစ်တဲ့ မန်တုံ
လမ်းအတိုင်း သွားနေကြရတယ်လို့သိရပါတယ်။

ကားတွေအနေနဲ့ လားရှိုးဘက်ကိုတော့ ကျောက်မဲအဝင် ဟိုက်ဝေးလမ်း ကျွဲကုန်းရွာ၊ နားပုံ၊ နားပျိန်း၊ ဟဲကွီရွာက ဒုဌဝတီမြစ်ဆင်းလမ်း တာလုံမြစ်ဆိပ်ကနေ SSPP ထိန်းချုပ်ထားပြီး မြစ်တစ်ကမ်းကို သံကြိုးနဲ့သွယ်ထားတဲ့ သံဖောင်နဲ့ကူးရာမှာ ကားငယ် ၁ စီးကို ၃ သောင်းနဲ့ ၄ စီးတင်ကူးရပြီး ၆ ဘီးကားဆိုရင် ၅ သောင်းနဲ့ ၂ စီးတင်ကူးရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် မန္တလေး-လားရှိုး-မူဆယ် အဝေးပြေး နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်မှာ တံတားတွေ ပျက်စီးပြီး မဖြတ်နိုင်လို့ ကျင်သီတံတားမှာ လူ/ကုန်ချိန်းပြီး သွားလာနေကြရသလို လက်ရှိမှာလဲ လမ်းက ဂိတ်တွေမှာ ငွေကြေးပေး
ပြီး ဖြတ်သန်းနေရတာဖြစ်လို့ ကားခတွေ၊ ကုန်ုဈေးနှုန်းတွေ အဆမတန်မြင့်တက်လာနေတာလို့ ဒေသခံလူထုက ဝေဖန်ပြောကြားနေကြပါတယ်။

MK-012

MeKongNews

စစ်ကောင်စီ

ကျောက်မဲ

စကခ

ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ကချင်အများစုနေတဲ့ ရှမ်းမြောက် ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းက ကချင် အမျိုးသားအလံ MNDAA တပ်ဖွဲ့က ဖြုတ်ချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ဖိုင်ကောင်းရွာရှိ စာသင်ကျောင်းဝင်းက ကချင် အမျိုးသားအလံကို ယမန်နေ့ မေလ ၂၆ ရက်နေ့
မြန်မာ့နွေဦး

ပင်‌လောင်းမှာ ကျောင်းသားတွေကိုလည်း စစ်မှုထမ်းခေါ်ယူ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ လိန်းညာကျေးရွာအုပ်စုမှာ ကျောင်းသားတွေကို စစ်မှုထမ်းခေါ်ယူနေတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ ကောက်ခံတဲ့ကိစ္စ နေပြည်တော်ထိ အတိုင်ခံရပြီးနောက် ရင်ခွဲရုံဝန်ထမ်းကို စစ်ကောင်စီထံ ဝန်ခံထိုးဖို့ ဆေးရုံအုပ်က ဖိအားပေး

တောင်ကြီးစဝ်စံထွန်းဆေးရုံမှာ အလောင်းထုတ်ခ အဆမတန် ကောက်ခံတဲ့ကိစ္စ ပြီးခဲ့တဲ့ အပတ်က မဲခေါင်သတင်းမှာ ဖော်ပြပြီးတဲ့နောက် နေပြည်တော် ကျန်းမာရေးဌာနကို တိုင်ခံခဲ့ရတဲ့အတွက် စစ်ကောင်စီက လာစစ်ရင် ရင်ခွဲရုံဝန်ထမ်းကို ဝန်ခံလိုက်ဖို့ ငွေကောက်ခံခိုင်းတဲ့ ဆေးရုံအုပ်နဲ့ မှုခင်းဆရာဝန်က ဖိအားပေးထားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဒေါနတောင်ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးလာတဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ မနေ့ညက မေလ ၂၆ ရက်နေ့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်ဘက်က ထိုးလာတဲ့ စစ်ကြောင်း ကရင်နီဘက်ကိုတိုးဝင်နေ

ရှမ်းတောင်၊ ပအိုဝ်းဒေသ ဆီဆိုင်မြို့ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ လွိုင်လင်လေးကို မနေ့ညနေပိုင်းက ရောက်လာခဲ့ပြီလို့ JOBS For Kayah က မနေ့ မေလ ၂၆ ရက်က သတိပေးချက် ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကျောက်မဲက ONE LOVE ဟိုတယ် ဗုံးပစ်ခံရလို့ ဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိ

ရှမ်းမြောက်၊ ကျောက်မဲမြို့၊ ရပ်ကွက်-၁ မှာ ရှိတဲ့ ONE LOVE ဟိုတယ်ကို မနေ့ကည ပိုင်းမှာ လက်လုပ်ဗုံးနဲ့ပစ်ထည့်လို့ ဟိုတယ်ဝန်ထမ်း ၁ ဦး ဒဏ်ရာရ သွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ညောင်ရွှေ(NS) ပညာရေးဖောင်ဒေးရှင်းက တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေမှာ ကျောင်းအပ်စတင်လက်ခံ

ညောင်ရွှေမြို့နယ်၊ NS ပညာရေးဖောင်ဒေးရှင်းက ဆရာ၊ ဆရာမနဲ့ လုပ်အားပေး Volunteer တွေက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်ကလေးငယ်တွေကို မေလ ၂၅ ရက်က စပြီး ကျောင်းအပ်လက်ခံနေပြီလို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကလောမှာ ၁၂ ဘီးကားနဲ့တိုက်လို့ အာလူးကြော်ပို့ဆိုင်ကယ်သမား သေဆုံး

ရှမ်းတောင်၊ ကလောမြို့နယ်၊ ရေယားကျေးရွာမှာ မနေ့ ည က ၁၂ ဘီးယာဉ်နဲ့ အာလူးကြော်ပို့ ဆိုင်ကယ်ကို တိုက်မိလို့ အာလူးကြော်သည် သေဆုံးသွားတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now