မြန်မာ့နွေဦး

ကျောက်ကြီးမှာ ရွေးကောက်ပွဲအတွက် တက်ကြွနေတဲ့ စစ်ကောင်စီခန့် ရာအိမ်မှူး ပစ်ခတ်ခံရ

မဲခေါင် 17 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၇ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ အပိုင်း (၃) မှ စစ်ကောင်စီခန့် ရာအိမ်မှူး သိန်းလွင်ကို နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ်ခဲ့တယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၇

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့၊ ပဲခူးရပ်ကွက်၊ အပိုင်း (၃) မှ စစ်ကောင်စီခန့် ရာအိမ်မှူး သိန်းလွင်ကို နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ်ခဲ့တယ်လို့ Bago Region PDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က ညနေ ၆ နာရီခန့်မှာ ကျောက်ကြီးမြို့နယ် ပကဖ က နန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ပစ်ခတ် ခဲ့တာလို့ သိရပါတယ်။

အဲဒီ ပစ်ခတ်မှုကြောင့် ဦးသိန်းလွင်မှာ သေနတ်ကျည် ၂ ချက် ထိမှန်ပြီး ဆေးရုံတင်ထားတာကို သိရပြီး ‌နောက်ဆက်တွဲ အခြေအနေကို ထပ်မံ အတည်ပြု စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ရာအိမ်မှူး ဦးသိန်းလွင်ဟာ ပြည်သူတွေကို လွန်စွာ ဒုက္ခပေးနေတဲ့ စစ်ကောင်စီရဲ့ အဓိက သတင်းပေးဖြစ်ပြီး စစ်ကောင်စီရဲ့ တရားမဝင် ရွေးကောက်ပွဲ ကျင်းပနိုင်‌ဖို့ အတွက် လူဦးရေနဲ့ မဲစာရင်းတွေကို တက်ကြွစွာ ကောက်ယူနေသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့လ နောက်ဆုံး အပတ်မှာ သိန်တန်းရပ်ကွက်၊ မာလာဦးဂိတ်ကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့ထားစဉ် ရာအိမ်မှူးသိန်းလွင် ရှိတဲ့ လမ်းဘက်က ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေရဲ့ ဈေးကုန်ပစ္စည်းတွေကို စစ်ကောင်စီ အားကိုးနဲ့ မတရား အဓမ္မ သိမ်းဆည်းခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ဒေါက်တိုင် ဖြစ်တဲ့အပြင် စစ်ကောင်စီကို သတင်းပေးတာ၊ ပြည်သူကို အနိုင်ကျင့် ဗိုလ်ကျ ခြိမ်းခြောက်တာ၊ တရားမဝင် ရွေးကောက်ပွဲ ကျင်းပဖို့ ပူးပေါင်း ဆောင်ရွက်တာ‌တွေကြောင့် ရာအိမ်မှူးသိန်းလွင်ကို ပစ်ခတ် ရှင်းလင်းခဲ့တာလို့ Bago Region PDF က ဆိုပါတယ်။

ပစ်ခတ်ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာစဉ် စစ်ကောင်စီဘက်မှ ၁၂၀ မမ နဲ့ ပစ်ခတ်ရာ ကျေးရွာ တွေဘေးသို့ ကျရောက် ပေါက်ကွဲပြီး ကျေးရွာသား တစ်ဦး မျက်လုံး ထိခိုက်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။