မြန်မာ့နွေဦး

ကျန်းမာရေးဝန်ထမ်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ NUG ထုတ်ပြန်

မဲခေါင် 1 Mar - 2023
မဲခေါင်၊ မတ် ၁ ပြီးခဲ့တဲ့ ၂ လ အတွင်း အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် တခြား အကြမ်းဖက် သတ်ဖြတ်ခဲ့မှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မဲခေါင်၊ မတ် ၁

ပြီးခဲ့တဲ့ ၂ လ အတွင်း အာဏာသိမ်း စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် တခြား အကြမ်းဖက် သတ်ဖြတ်ခဲ့မှုတွေကို အမျိုးသား ညီညွတ်ရေး အစိုးရ-NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

NUG ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ချင်းအမျိုးသားတပ်ဦး-CNF ဌာနချုပ် Camp Victoria စခန်းကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့လို့ CNF ရဲဘော် ၃ ဦး၊ ရဲမေ ၂ ဦး ကျဆုံးခဲ့ပြီး ပြင်ပလူနာကုသဆောင်၊ ဆေး စတိုနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၁ ရက်ကလည်း မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ် ဆေးရုံကို စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေ ရှောင်တိမ်းနိုင်ခဲ့ပေမဲ့ ဆေးရုံ အနီးမှာ နေထိုင်တဲ့ ၆၂ နှစ်အရွယ် ဒေါ်ကြည် ကျည်ထိမှန် သေဆုံးခဲ့ပြီး ဆေးရုံရှိ ဓာတ်မှန်စက် အပါအဝင် ဆေးရုံနံရံနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီ ၁၉ ရက်က စစ်ကိုင်းတိုင်း၊ နွယ်အင်းကျေးရွာကို စစ်ကောင်တပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးခန်း တစ်ခုတည်းကိုသာ ရည်ရွယ်ချက်ရှိရှိ မီးရှို့သွားခဲ့တယ်လို့ NUG က ဆိုပါတယ်။

အရာတော်မြို့နယ်က မင်းရွာ၊ မလဲသာရွာနဲ့ ကန်ရင်းရွာတို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့သလို အထက်တန်းကျောင်းနဲ့ ဆေးရုံကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပြီး ဆေးနဲ့ ဆေးပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း တောထဲမှာ မွေးလူနာ ကိုကုသပေးပြီး အုတ်ဖိုမြို့ကို ပြန်လာတဲ့ CDM သူနာပြု ဆရာမ ဒေါ်မေဇွန်မိုး ဟာ PDF ရဲဘော် ၂ ဦးနဲ့အတူ အုတ်ဖိုမြို့နယ်၊ အေးမြသာယာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာ အနီးက စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီ ဖြစ်စဉ်မှာ PDF ရဲဘော် ၂ ဦးကို စစ်ကောင်စီက ဖမ်းမိစဉ် တစ်ခါတည်း ပစ်သတ်ခဲ့ပြီး ဆရာမ ဒေါ်မေဇွန်မိုး ထွက်ပြေးပေမဲ့ စစ်တပ်က ပြန်မိသွားပြီး စစ်ကြောရေးမှာ နှိပ်စက်ခံခဲ့ကာ ဖော်ဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ထန်းပင်ကုန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားတွေ မုဒိမ်းကျင့် သတ်ဖြတ်ခဲ့တယ်လို့ NUG ကဆိုပါတယ်။

အဆိုပါနေ့မှာပဲ ဖလမ်းပြည်သူ့ဆေးရုံက CDM အထက်တန်း သူနာပြုဆရာမ ဒေါ်သဲသဲဝင်းဟာ ဇာတိ ကသာမြို့နယ်၊ မိုးဒါးကြီးကျေးရွာမှာ နေထိုင်စဉ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ဖမ်းဆီးပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့က သတ်ဖြတ်ခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမျိုးသား ညီညွတ်ရေး အစိုးရရဲ့ ထုတ်ပြန်ချက်အရ စစ်ကောင်စီဟာ အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း ကျန်းမာရေးဝန်ထမ်း ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၇၈၀ ကျော် ထိခိုက်ဒဏ်ရာရကာ ကျန်းမာရေးဝန်ထမ်း ၉၀၀ ကျော်ကို ဖမ်းဆီးထားကာ နိုင်ငံအနှံ့က ဆေးရုံ၊ ဆေးခန်း ၁၆၀ ကျော်ကို ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်က ကျန်းမာရေး ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ဂျီနီဗာ ကွန်ဗန်းရှင်းကို ချိုးဖောက်နေသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်း ဥပဒေတွေကိုပါ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တာကြောင့် NUG ကျန်းမာရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ရှုံ့ချပြီး နိုင်ငံတကာ အနေနဲ့ အမြန်ဆုံး ထိရောက်စွာ တားဆီးပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ကြောင့် ကျဆုံးခဲ့ရတဲ့ ကျန်းမာရေးလုပ်သား၊ တော်လှန်ရေး ရဲဘော်၊အြ ပစ်မဲ့ ပြည်သူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ကျဆုံးခဲ့ရမှုတွေကို တရာမျှတမှု ပြန်ရအောင် လုပ်ပေးမယ်လို့ NUG ကပြောပါတယ်။

MK-007

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။