မဲခေါင်၊ ဖေဖော်ဝါရီ ၂၂
ထိုင်းနိုင်ငံ နခွန်ပထုံခရိုင် ဘန်လင်းမြို့နယ်မှာ အမျိုးသားတစ်ဦး ရေထဲမှာမှောက်လျက်အနေထားနဲဲ့ သေဆုံးနေတာတွေ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့နဲ့ ထိုင်းရဲတွေ အခင်းဖြစ်တဲ့နေရာကို သွားရောက်ခဲ့တယ်လို့ ထိုင်း မီဒီယာတွေမှာဖော်ပြထားပါတယ်။
သေဆုံးနေတဲ့ ရုပ်အလောင်းကို ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သေဆုံးနေတဲ့ အမျိုးသားမှာ မြန်မာလုပ်သားတစ်ဦးဖြစ်ပြီး သေဆုံးတဲ့နေရာနားမှာ မြန်မာမှတ်ပုံတင်နဲ့ အလုပ်သမားကတ်ကိုတွေ့ရှိခဲ့လို့ မြန်မာလုပ်သားဖြစ်ကြောင်း အတည်ပြောလို့ရတာပါလို့ ဘန်လင်းရဲအရာရှိတစ်ဦးက ဆိုပါတယ်။
မြန်မာလုပ်သားမှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်တာဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သေဆုံးသူရေးထားးတဲ့စာကိုလဲတွေ့တယ်လို့ ဘန်လင်းရဲအရာရှိကပြောပါတယ်။
သေဆုံးသူရေးခဲ့သည့်စာမှာ ” ကျွန်တော် မြန်မာပါခင်ဗျ။ နေစရာနေရာလဲမရှိ စားစရာလဲ မရှိလို့ ထမင်းနဲနဲလောက် ကျွေးကြပါ။ ကျွန်တော် ထိုင်းစကားမတတ်လို့ သနားကြပါဗျ။ ထမင်းလေး ရေလေး ပေးသနားကြပါခင်ဗျ ” လို့ ထိုင်း လိုရေးသားထားတာ ဖြစ်ပါတယ်။
ထိုင်းစကားမတတ်သူဟာ ထိုင်းစာဘယ်လိုရေးသားထားတဲ့နဲ့ အမှန်တကယ် အဆုံးစီရင်မှု ဖြစ်တယ်ဆိုတာကိုတော့ သေချာအတည်မပြုနိုင်သေးပါဘူး။
MK-001


