မြန်မာ့နွေဦး

ကျင်သီတံတားကို မြေဖို့ အခိုင်အမာပြင်ဆင်ပြီးလို့ ကားတွေ အဆင်ပြေစွာဖြတ်သန်း

မဲခေါင် 7 Jun - 2024
ရှမ်းမြောက် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပေါ်က အရေးကြီးတံတားတစ်စင်းဖြစ်တဲ့ ကျင်သီတံတားကို မြေဖို့ပြင်ဆင်ပြီး ဖြစ်လို့ ယနေ့ ဇွန် ၇ ရက်နေ့မှာ ကားတွေ အဆင်ပြေစွာသွားလာနိုင်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မဲခေါင်၊ ဇွန် ၇

ရှမ်းမြောက် မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းပေါ်က အရေးကြီးတံတားတစ်စင်းဖြစ်တဲ့ ကျင်သီတံတားကို မြေဖို့ပြင်ဆင်ပြီး ဖြစ်လို့ ယနေ့ ဇွန် ၇ ရက်နေ့မှာ ကားတွေ အဆင်ပြေစွာသွားလာနိုင်ပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

မူလ ကျိုးပျက်နေတဲ့ ချဉ်းကပ်လမ်း တံတားအပိုင်းကို မြေဖို့ပြင်ဆင်လိုက်တာဖြစ်လို့ တံတားပေါ်က ကားတွေတိုက်ရိုက်ဖြတ်သန်းနိုင်သွားနိုင်ပြီလို့ သိရပါတယ်။ လတ်တလောမှာတော့ ခရီးသည်တင် မှန်လုံယာဉ်ကြီးတွေ စုံစမ်းမေးမြန်းပြီး သွားလာဖို့တော့လိုမယ်လို့ သိရပါတယ်။

“ ဒီမနက်ပဲ ကားတွေစဖြတ်ခွင့်ပြုတာ၊ တံတားဖြတ်သန်းခွင့် မပေးရပါဘူး။ ကားကြီးတွေတော့ မတွေ့သေးဘူး၊ ကုန်ကားတွေတော့ ကုန်ကန့်သတ်ချက်ထားမယ်ထင်တယ်။ အခိုင်အမာဆိုပေမယ့် မြေဖို့ထားတာဆိုတော့လည်း ကားကြီးတွေ သိပ်မသေချာသေးဘူး။ အခုက အရင်လို ခရီးမဖင့်တော့ဘူး၊ မိုးတွင်းလည်း မစိုးရိမ်ရတော့ဘူး။ ဒါပေမယ့် စဉ့်အင်တံတားကျန်သေးတယ်။ ခုက ဖောင်နဲကူးနေရတာ၊ ယာယီတံတားက စိတ်မချရသေးဘူးလေ” လို့ ကျောက်မဲက ကားပိုင်ရှင်တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရလို့ တံတားချဉ်းကပ်အပိုင်း ကျိုးကျပျက်စီးသွားတာကို မြေအခိုင်အမာဖို့ပြီး ပြင်ဆင်လိုက်တာလို့ သိရပါတယ်။ ယာယီတံတားကတော့ ကျင်သီတောင်ကျချောင်းရေတိုက်စားမှုကြောင့် ဖြတ်သန်းသွားလာရန် မသင့်တော်တော့လို့ပိတ်ထားလိုက်ပြီလို့ သိရပါတယ်။

ရှမ်းမြောက် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အဓိကကျတဲ့တံတားတွေဖြစ်တဲ့ ကျောက်မဲ-သီပေါကြားက “ ကျင်သီတံတား” ၊ လားရှိုး-ကွတ်ခိုင်ကြားက “ သိန္နီတံတား” ၊ လားရှိုး-သီပေါကြားက “ စဉ့်အင်တံတား” ၊ လားရှိုး-နမ့်မ္မတူ(နမ်ဆန်)ကြားက “ အီနိုင်းတံတား” ၊ သီပေါ-နမ္မတူကြားက “ မိုးတေတံတား” ၊ ကျောက်မဲ-မိုင်းငေါ့ကြားက “ နန့်မန်းတံတား” စုစုပေါင်း တံတား (၆)စင်းဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖျက်ဆီးခံခဲ့ရတာဖြစ်ပြီး ယခု ကျင်သီတံတားကို ခရီးသည်တွေအဆင်ပြေစွာသွားနိုင်ဖို့ မြေဖို့ပြီး အခိုင်အမာ ပြန်တည်ဆောက်လိုက်တာ လို့သိရပါတယ်။

MK-012

MeKongNews

ကျင်သီတံတား

သီပေါ

ရှမ်းမြောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကျိုက်မရော‌ထောင်မှာ အကျဉ်းသားတစ်ဦး ဓါတ်လိုက်ပြုတ်ကျမှုဖြစ်ပွားခဲ့ပြီး လုံလောက်တဲ့ ဆေးကုသခွင့် ရရှိဖို့ နိုင်ကျဥ်းအဖွဲ့အစည်းတွေကတောင်းဆို

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့မှာ မနေ့ ဇွန် ၁၂ ရက်နေ့က ညနေပိုင်းက ကျိုက်မရော‌ အကျဥ်းထောင်မှာ စစ်ကောင်စီလက်အောက်ခံ အကျဥ်းဦးစီးဌာနက
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းကိုင်မှာ ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း SSPP ထုတ်ပြန်

ရှမ်းတောင်၊ မိုင်းကိုင်မြို့နယ်အတွင်းမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ဖြစ်တဲ့ RCSS နဲ့ SSPP တို့ မနေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ SSPP

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ နှစ်ဖက် မြေပြင်အင်အားဖြည့်ပြီး ရှမ်းမြောက်တခွင် စစ်ရေးပြင်ဆင်နေ

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လေကြောင်းနဲ့ ဒရုန်းတပ်ဖွဲ့တွေအပါအဝင် အင်အား ၁၅၀၀ ကျော်ကို လားရှိုးကို ပို့ဆောင်ခဲ့တာအပြင် တန့်ယန်း၊ မိုင်းရယ်ဘက်က စစ်ယာဉ်တန်းတွေနဲ့ အင်အားအများအပြား ပို့ဆောင်ပြီး ကျောက်မဲ၊ သီပေါ၊ နောင်ချိုနဲ့ မူဆယ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေလုပ်နေခဲ့တယ်လို့ ဒေသခံတွေနဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

သီပေါ-နမ္မတူ သွား ကားလမ်းကို စစ်ကောင်စီက မြောင်းတူးပြီးဖျက်ဆီး

ရှမ်းမြောက်၊ သီပေါမြို့နယ်နဲ့ နမ္မတူမြို့နယ် သွား ကားလမ်းကို စစ်ကောင်စီက စက်ယန္တရားတွေနဲ့မြောင်းတူးပြီး ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်တွေ့သူဒေသခံတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထီဗွာရေဖြူ ကျေးရွာက စစ်ရှောင်ရာက နေအိမ်ပြန်လာတဲ့ အမျိုးသမီးတွေအပါအဝင် ရွာသား ၅၉ ဦးကို စစ်ကောင်စီနဲ့ PNOဖမ်းဆီးထား

ရှမ်းတောင်၊ ပအိုဝ်းဒေသ ၊ ဆီဆိုင်မြို့နယ်၊ ထီဗွာ(ရေဖြူ)ကျေးရွာက ဒေသခံ အမျိုးသမီးတွေအပါအဝင် ရွာသား ၅၉ ဦးကို စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးထားတာ ၃ရက်ကျော်ကြာသည်အထိ ပြန်မလွှတ်ပေးသေးဘူးလို့ PNLA က ထုတ်ပြန်ကြေညာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်ကောင်စီက ပြည်သူဆီက သိမ်းယူထားတဲ့ ပစ္စည်းတွေနဲ့ ပြန်ပြီးထောက်ပံ့နေတယ်လို့ နေရပ်ပြန် စစ်ဘေးရှောင်တွေပြော

လွိုင်ကော်မြို့မှာ ပြည်သူတွေဆီက သိမ်းယူထားတဲ့ပစ္စည်းတွေနဲ့ နေရပ်ပြန် စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ပြန်ပြီးထောက်ပံ့ပေးနေတယ်လို့ တော်လှန်‌ရေးမြေပြင် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ ဆေးဝါးဈေးနှုန်းမြင့်တက်မှုကြောင့် ကရင်နီစစ်ရှောင်စခန်းတွေမှာ အခက်တွေ့နေ

စစ်ကောင်စီရဲ့အာဏာသိမ်းပြီးကတည်းက စစ်ဘေးတိမ်းရှောင်နေရတဲ့ ကရင်နီဒေသက စစ်ရှောင်စခန်းတွေဟာ သုံးနှစ်နီးပါးရှိလာပြီးတော့ အခုမိုးတွင်းကာလမှာ ဆေးဝါးနဲ့ အခြားလိုအပ်ချက်တွေရှိတယ်လို့ ကူညီဆောင်ရွက်သူတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လွိုင်ကော်ကို စစ်ကောင်စီတပ်က ၈၀ ရာခိုင်နှုန်း ထိန်းထားနိူင်ပြီလို့ ဆိုခြင်းမှာ ဝါဒဖြန့်မှုသာဖြစ်

ကရင်နီပြည်၊ လွိုင်ကော်မြို့ကို စစ်ကောင်စီတပ်က ၈၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်ပြီလို့ စစ်တပ်ထောက်ခံသူတွေက လူမှုကွန်ယက်စာမျက်နှာ (Facebook)နဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဝါဒဖြန့်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now