မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင် 3 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့ Kawlin Revolution -KR မှ သိရပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့ Kawlin Revolution -KR မှ သိရပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှ စတင်ကာ စစ်တပ် စစ်ကြောင်းတွေ ကျေးရွာတွေကို ဝင်ရောက်လာတာကြောင့် ဒေသခံ အိမ်ထောင်စု ၆,၀၄၂ စုနဲ့ ခရီးသွားကား ၉၆၈ စီးမှ စစ်ဘေးရှောင်တွေ အပါအဝင် လူဦးရေ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရတာပါ။

“ လက်ရှိအချိန် အထိကတော့ စစ်ရှောင်ရွာတွေ အရမ်းများတယ်။ ဒါပေမယ့် ပြည်သူကနေ ပြည်သူ ပြန်စောင့်ရှောက်တယ်။ ပြည်သူကနေ ပြည်သူ ပြန်စောင့်ရှောက်တဲ့ အစီအစဉ်မှာ ဒေသခံ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေး ပကဖ နဲ့ ပအဖတွေက ဝိုင်းဝန်း စောင့်ရှောက်ပေးတယ်။ အဓိကက လူသားစာနာကနေ စီမံ ကွပ်ကဲမှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်” လို့ Kawlin Revolution -KR တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ ၃၁ ရက်နဲ့ ဖေဖော်ဝါရီ ၁ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကြောင်းထိုး ဝင်ရောက်စဉ် ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ကျည်ထိမှန်မှုကြောင့် ဒေသခံပြည်သူ ၁၀ ဦး ထိခိုက်ကာ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က ကျောက်တန်းရွာထဲသို့ ဝင်ရောက်ခဲ့ပြီး ၃၁ ရက်နေ့မှာ ကျောက်တန်းရွာကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ခံသာရွာမှ ဒေါ်ခင်ဝင်း -ပေါင်ကျည်ထိမှန်၊ ဦးညွှန့်အောင်-လက်နက်ကြီးစ ထိမှန်၊ ကိုဖြိုးဝေ-ခြေထောက်ကျည်ထိမှန်၊ မှိုဝရွာမှ ဒေါ်သန်းကြည်-လက်နက်ကြီးစ ထိမှန်၊ ညောင်ပင်သာရွာမှ ကိုအောင်ကိုဝင်း- လက်နက်ကြီးစ ထိမှန်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၆ နာရီမှာ ခံသာရွာမှ ညောင်ပင်သာရွာသို့ ဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ပစ်ခတ်မှုကြောင့် ညောင်ပင်သာရွာမှ ၃၄ နှစ်ရွယ် ကိုဇော်ဝင်းနိုင် လည်ပင်း ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ကရွတ်တာရွာမှ ဦးမောင်ရွှေ၊ ဒေါ်သန်းဌေး၊ ရှိုင်းထက်အောင်နဲ့ ညောင်ပင်သာရွာမှ မမြင့်ဝင်း တို့ လက်နက်ကြီးစ ထိမှန် ဒဏ်ရာ အသီးသီးရခဲ့တယ်လို့ ဆိုပါတယ်။

“ မနေ့က ရွာတွေ မီးရှို့ခံရတာ မရှိသေးဘူး။ ၁ ရက်နေ့ကတော့ မနက် ၆ နာရီလောက်မှာ ညောင်ပင်သာရွာကို ပစ်ဝင်ဝင်လာပြီး မီးရှို့တယ်၊ အိမ် ၂ လုံး ပါသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၂၇ ရက်က စစ်ကြောင်း ၂ ကြောင်း ဝင်လာစဉ် ကုက္ကိုကုန်း၊ ပေပင်ချောင်၊ ညောင်ကုန်း၊ လျှော်ကုန်း၊ ဇီးဖြူကုန်း၊ ဝါးသီးကုန်း၊ ဝက်သဲကုန်း၊ ပေါက်ကုန်း၊ ပေါက်တော၊ တောင်ဘို့လှ၊ သုံးတင်ထပ်၊ နှောကုန်း စတဲ့ ကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်ခဲ့ရပါတယ်။

ဇန်နဝါရီ ၂၈ ရက်က စစ်ကြောင်း ထိုးစဉ် စစ်ရှောင်ရတဲ့ ရွာတွေမှာ သဲချောင်း ရွာဟောင်း၊ သဲချောင်း ရွာသစ်၊ ရှောက်ပင်ခြုံ၊ ကျောက်ပြင်သာ၊ မင်းကုန်း၊ အင်ပင်လှရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဇန်နဝါရီ ၂၉ ရက်နေ့ စစ်ကြောင်းထိုးစဉ် စစ်ရှောင်ရတဲ့ ရွာတွေမှာ ငါးကြီးအိုင်၊ မြင့်ဒူး၊ ပေကုန်း၊ မကျီးကုန်း၊ ရှမ်းကုန်း၊ ကျောက်တန်း၊ သစ်ဆိမ့်ကုန်း၊ အင်းတက်၊ ညောင်ပင်သာ၊ ခံသာ၊ မုတ်ဝ၊ ဖက်ခါးကုန်း၊ ကြိတ်သီတာကုန်း (ရွာအခေါ်)၊ စိန်ပန်းကုန်း၊ ဆင်ကုန်း၊ ဖလဲ၊ ရွာရှည်၊ ပဒုမ္မာ၊ ကြိုးကြာဥ၊ ကရွတ်တာ ကျေးရွာတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ကောလင်းမြို့နယ်က ကျေးရွာ တစ်ချို့မှာ ဒေသခံ PDF တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲတွေ ရှိနေပေမယ့် ဒေသခံ ကာကွယ်ရေးတပ်ဘက်က အသေးစား ထိခိုက်မှုတွေသာ ရှိ‌တယ်လို့ သိရပါတယ်။

MK-003

#MeKongNews

#ကောလင်းမြို့နယ်

#စစ်ကြောင်းထိုး

#စစ်ဘေးရှောင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။