မြန်မာ့နွေဦး

ကောလင်းတိုက်ပွဲမှာ စစ်တပ် အထိနာပြီး ရွာသား ၁၇ ဦးကို ဖမ်းဆီးသွား

မဲခေါင် 22 Feb - 2023
မဲခေါင်၊ဖေဖော်ဝါရီ ၂၂ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊တောင်ပလူရွာအနီးတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံရွာသား ၁၇ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မဲခေါင်၊ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊တောင်ပလူရွာအနီးတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံရွာသား ၁၇ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖေဖေါ်ဝါရီ ၁၇ ရက်နေ့၊ တောင်ပလူရွာ၊ ဘုရားတောင်ရိုးအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ သုံးပွင့်ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သား၁၇ဦး သေဆုံးခဲ့တဲ့ ခမရ(၃၆၃)တပ်ကို လက်နက်ကြီးပစ်ကူနဲ့ ခြေလျင်စစ်ကြောင်းတို့နဲ့ လာရောက်ကယ်ထုတ်ခဲ့ရပြီး ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ စစ်တပ်အထိုင်စခန်းကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က ပြန်လည်ဆုတ်ခွာစဉ်မှာ ကသစ်ကုန်းရွာသားတွေကိုပါ တစ်ပါတည်း ဖမ်းဆီးသွားတာလို့ Kawlin Revolution-KR ကထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်၊ကျခပ်အိုက်ရွာသား ၃ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ KR ကဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ ကသစ်ကုန်းရွာသား၁၇ဦးအနက် ၂ဦးကို ဖေဖေါ်ဝါရီ ၂၁ရက်မှာ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးလိုက်တယ်လို့ သတင်းထွက်ပေါ်လာသော်လည်း အတည်မပြုနိုင်သေးဘူးလို့ KR က ထုတ်ပြန်ထားပါတယ်။

ဘုရားတောင်ရိုးအနီးတိုက်ပွဲကို ကောလင်းခရိုင် တပ်ရင်း(၁)မှ ဇင်ယော်လေးတပ်စိတ်၊ ထော်လှန်တပ်စိတ် နဲ့ကျောက်ပျဥ်သာတိုက်နယ် ပကဖ တို့ ပူပေါင်း တိုက်ခိုက်ခဲ့ရာ စစ်သားအထိအခိုက် ၃၀ခန့် ရှိတယ်လို့သိရပါတယ်။

တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ သုံးပွင့်ဗိုလ်ကြီးရဲ့အမည်မှာ ဧရာမင်းဖြစ်တယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို MNDAA နဲ့ပူးပေါင်းတပ်ဖွဲ့က စီးနင်းသိမ်းပိုက်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး ရပ်ကွက် ‌၅ က ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်ကို ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးကုတ်မှာ ဆန်ဈေး မြင့်တက်ပြီး ရှားပါးနေတာကြောင့် ဆန်အလှူရှင်တွေကို အားကိုးနေရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဆန်ဈေး အဆမတန် မြင့်တက်ပြီး ဆန်ပြတ်လပ်နေတာကြောင့် နေ့စဉ် ဆန်အခက်အခဲ ဖြစ်နေပြီး ဆန်အလှူရှင်တွေကို အားကိုးနေရတယ်လို့ မြို့ခံတွေက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီကို ချတဲ့ စစ်ကောင်စီရဲ့ ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရာတွင် SNLD တွဲဖက်အတွင်းရေးမှူးပါဝင်

ရှမ်းမြောက်၊ သိန္နီမြို့ကို ချတဲ့ စစ်ကောင်စီရဲ့ဗုံးဒဏ်ကြောင့် ပြည်သူ ၇ ဦး အနည်းဆုံးသေဆုံးရတဲ့ အထဲမှာ သိန္နီမြို့နယ် SNLD ရဲ့ စည်းရုံးရေးမှူးနဲ့ တွဲဘက်အတွင်းရေးမှူး ပါဝင်တယ်လို့ ကျားခေါင်းပါတီ(SNLD) ပါတီဝင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ‌MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဘက်က ၄ ရက်ကြာ စစ်ဆင်ရေး နား‌ပြီးနောက် ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက မြို့အဝင် စည်ပင် ‌နယ်နိမိတ်အထိ တိုက်ပွဲ ပြင်းထန်လာနေပြီဖြစ်ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တောင်ကြီး – တာချီလိတ်လမ်းတစ်လျှောက်မှာ တစ်လခွဲကျော်ကြာတဲ့အထိ ကားလမ်းပိတ်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ တောင်ကြီး-တာချီလိတ် လမ်းမကြီး တစ်လျှောက်က မိုင်းပျင်းတောင် လမ်းပိတ်မှုက ဇွန်လ ပထမပါတ်ကတည်းကနေ ယခု ဇူလိုင် လလယ်အထိ တစ်လခွဲကျော်ကြာ ခရီးလမ်းနှောင့်နှေး ကြန့်ကြာမှုတွေ ကြုံနေရတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ရန်ကုန်တိုင်းမှာ လုံခြုံရေးတင်းကြပ်နေတဲ့ကြားက “ဦးအောင်ဆန်းရေ.. အာဏာရှင်တစုကြောင့် လူထုမျက်ရည်ကျနေရပြီ”ဆိုတဲ့ ခေါင်းစဉ်နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

လားရှိုးမှာ နှစ်ဘက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေပြင်းထန်နေ

ရှမ်းမြောက်၊ လားရှိုးမှာ စစ်ကောင်စီတပ်နဲ့ MNDAA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ယနေ့ဇူလိုင်လ ၁၉ ရက် မနက် ၂းဝ၅ နာရီအချိန်က စပြီး နှစ်ဖက် စစ်ရှိန်မြင့်လာလို့ တိုက်ပွဲတွေ ပြင်းထန်လာနေတာ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

အင်းလေး ၁၀၀၉ IPDF အပတ်စဉ်-၈ သင်တန်းဆင်း အရန်အင်အားလုံလောက်ပြီလို့ ဆို

ရှမ်းတောင်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ်-၁၀၀၉ IPDF တပ်ရင်းရဲ့ အပတ်စဉ်-၉ အခြေခံစစ်သင်တန်းဆင်းပွဲကို ညောင်ရွှေမြို့နယ် တစ်နေရာမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now