မြန်မာ့နွေဦး

ကုန်စိမ်းဒိုင်တွေကို ရှမ်းကုန်အဝင်ပါးပြီး သီးနှံဈေးနှုန်းမြင့်တက်

မဲခေါင် 16 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၆ ရှမ်းပြည်နယ် ထွက်သီးနှံတွေ ကုန်အဝင်နည်းချိန်မှာ ကုန်ရှားပါးကာသီးနှံစျေးနှုန်းတွေ ပြန်တက်လာတယ်လို့ သီရိမင်္ဂလာဈေး ကုန်စိမ်းလက်ကားအရောင်းဒိုင်များက စုံစမ်းသိရပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ် ထွက်သီးနှံတွေ ကုန်အဝင်နည်းချိန်မှာ ကုန်ရှားပါးကာသီးနှံစျေးနှုန်းတွေ ပြန်တက်လာတယ်လို့ သီရိမင်္ဂလာဈေး ကုန်စိမ်းလက်ကားအရောင်းဒိုင်များက စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ ၂ လနီးပါးက ရှမ်းပြည်နယ် စိုက်ပျိူးတောင်သူတွေဟာ သီးနှံအထွက်နှုန်းနည်းတာ၊ သွင်းအားစုဈေးမြင့်တက်တာ၊ လောင်စာဆီ ဈေးတက်တာတွေကြောင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်ပြီးထွက်ရှိတဲ့ သီးနှံတွေအတွက် တွက်ချေမကိုက် ဖြစ်နေသလို၊ စားသုံးသူတွေဘက်မှာလဲ စျေးကြီးမြင့်မှုတွေ ရှိနေတာ​ပါ။

“ ရှမ်းကုန်တွေကဒိုင်တွေမှာလည်း တချိူ့ဟာတွေ ပစ္စည်းပြတ်နေတာ၊ ဈေးအတက်အကျရှိနေပေမယ့် အလုပ်သမားစရိတ်တွေ၊ ကားခတွေကတက်တော့ ဈေးထဲမှာ လျော့ရောင်းလို့မရဘူး။ ဆိုင်ခန်းခ၊ စည်ပင်ကိုပေးရတဲ့ အခတွေက တက်သထက်တက်လာတော့​ ဈေးကို အတက်အကျအရင်လိုညှိရောင်းလို့မရဘူးလို့” တာမွေဈေးရှိ လက်လီ ကုန်စိမ်းရောင်းချသူတစ်ဦးက ဆိုပါတယ်။

လက်ရှိအချိန်ဟာ ပြည်နယ်နဲ့ တိုင်းအလိုက်သီးနှံမျိုးစုံ ပေါ်ချိန်ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ် အရင်ကနဲ့ယှဉ်ရင် ရောင်းအားအခြေနေမှာ ထက်ဝက်ကျော် ကျဆင်းမှုရှိတယ်လို့လည်း သိရပါတယ်။

“ အရင် ဆိုပွင့်လင်းရာသီပွဲလမ်းသဘင်ပေါများတယ်။ အခုက ပုံမှန်ခပ်အေးအေးပဲ အရောင်းအဝယ်လုပ်နေကတယ်လို့” သီရိမင်္ဂလာဈေး ကုန်စိမ်း လက်ကားအရောင်း ဒိုင်ပိုင်ရှင်က ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်း၊ ပင်လောင်၊ ကလော၊ ညောင်ရွှေနဲ့ အစရှိတဲ့မြို့နယ်တွေမှာ ခရမ်းသီး၊ ခရမ်းချဥ်သီး၊ မုန့်ညှင်းထုပ် နဲ့ ဂေါ်ဖီစိုက်ပျိူးထုတ်လုပ်တဲ့ တောင်သူအများစုလာမယ့်နှစ်မှာ စိုက်ပျိူး ထုတ်လုပ်မှု လျော့ကျနိုင်ခြေ ရှိနေပါတယ်။

လက်ရှိမှာ အောင်လံခရမ်းချဥ်သီး လက်ကားစျေး တစ်ပိဿာကို ၁၈၀၀ နီးပါးစျေးရှိပြီး ပန်းဂေါ်ဖီတစ်ထုပ် ၉၀၀ ကျော် စျေးရှိနေပါတယ်။

MK-006

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်ဖို့ NUG မှာ တာဝန်ရှိတယ်လို့ ပြည်ထောင်စု ဝန်ကြီးချုပ် သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၇ စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ၃၇ ခုက ပြည်သူတွေ မထိခိုက်စေဖို့ NUG
မြန်မာ့နွေဦး

ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ်မှာ ကျင်းပ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ရှမ်းပြည်အမျိုးသားနေ့ ၇၆ နှစ်ပြည့် အခမ်းအနားကို SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှာ ဖေဖော်ဝါရီ ၇
မြန်မာ့နွေဦး

အာဏာသိမ်းကာလ စစ်ရေးပဋိပက္ခများအတွင်း ကရင်နီနှင့် ရှမ်းတောင်တွင် စစ်ဘေးရှောင် ၁၂၈ ဦး အပါအဝင် အရပ်သား ၄၀၀ ကျော် သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၄ စစ်ရေးပဋိပက္ခအပြင်းထန်ဆုံးဒေသတစ်ခုဖြစ်တဲ့ ကရင်နီနဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အာဏာသိမ်း ၂ နှစ်အတွင်း စစ်ရှောင် ၁၂၈ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာ့နွေဦး

ယူကေ နိုင်ငံခြားရေးဝန်ကြီးနဲ့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တရားဝင်တွေ့ဆုံ

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ယူကေ နိုင်ငံခြားရေးဝန်ကြီး James Cleverly နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မနေ့ ညနေ ၃ နာရီခွဲက လန်ဒန်မြို့ UK
မြန်မာ့နွေဦး

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ ယူကေနိုင်ငံ Labor Party လွှတ်တော်အမတ် Rushanara Ali တို့ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး

မဲခေါင်၊ ဖေဖော်ဝါရီ ၇ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသား ညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ယူကေနိုင်ငံ Labor Party မှ လွှတ်တော်အမတ် Rushanara Ali တို့ မနေ့က
မြန်မာ့နွေဦး

TNLA က ဂျာယန်ပြည်သူ့စစ်စခန်းကို စီးနင်းပြီး အဓမ္မစစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေအပါအဝင် တအာင်း ၁၂၇ ဦးကို ကယ်ထုတ်

မဲခေါင်၊ ဇန်နဝါရီ ၇ TNLA တပ်ဖွဲ့ အင်အား ၅၀၀ ဟာ ဂျာယန်ပြည်သူ့စစ်စခန်းကို ဝင်ရောက်စီးနင်းပြီး အဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းခံရတဲ့ ကလေးတွေ အပါအဝင် တအာင်း-ရူစိင် ၁၂၇ ဦးကို ကယ်ထုတ်ခဲ့တယ်လို့ မနေ့က
မြန်မာ့နွေဦး

လမိုင်းမြို့နယ်ခွဲမှာ ဖမ်းမိတဲ့ ခမရ (၅၄၅) မှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း

မဲခေါင်၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ်၊‌ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲမှာ ဇန်နဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိတဲ့ ခမရ (၅၄၅) တပ်ရင်းမှ ဗိုလ်ကြီးမြတ်သူ ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဆီ လွှဲပြောင်း ပေးလိုက်တယ်လို့ YGF-
မြန်မာ့နွေဦး

စစ်အာဏာရှင် အမြတ်ပြတ်ဖို့ တစ်ဖွဲ့တည်း ဦးဆောင်နေလို့မရဘူးလို့ KIO ဥက္ကဋ္ဌ သတိပေး

မဲခေါင်၊ ဇန်နဝါရီ ၆ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းဖို့ အတွက် တစ်ဖွဲ့တည်းက ဦးဆောင်နေလို့ မရဘူးလို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ က သတိပေးလိုက်ပါတယ်။