မြန်မာ့နွေဦး

ကိုရီးယား EPS ဒုတိယအသုတ် စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူ ၁၅,၀၀၀ နီးပါးရှိ

မဲခေါင် 21 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၁ တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ် စာမေးပွဲ-EPS ရဲ့ ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူ ၁၅,၀၀၀ နီးပါးရှိတယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ-POEA က ကြေညာထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၁

တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ် စာမေးပွဲ-EPS ရဲ့ ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ် စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူ ၁၅,၀၀၀ နီးပါးရှိတယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီ-POEA က ကြေညာထားပါတယ်။

ဒီစာမေးပွဲကို ဖေဖော်ဝါရီ ၆ ရက်မှ မေလ ၁၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။

ပထမအကြိမ် EPS စာမေးပွဲကို ၂၀၂၂ နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့ရာမှာ ဖြေဆိုသူ ၁၀,၀၀၀ ကျော် ရှိတဲ့အနက် ၆,၃၈၆ ဦး အောင်မြင်ခဲ့လို့ သမိုင်းတလျှောက် အောင်မြင်မှု အများဆုံးဖြစ်ကာ တောင်ကိုရီးယားနိုင်ငံက လုပ်သား တိုးမြှင့် ခေါ်ယူမယ့် အစီအစဉ်ရဲ့ သက်ရောက်မှု ဖြစ်နိုင်တယ်လို့ ကိုရီးယားဘာသာ သင်တန်းကျောင်း နည်းပြတချို့က သုံးသပ်ပါတယ်။

“EPS-TOPIK စာမေးပွဲ အောင်မြင်တဲ့ သူတွေကို ခေါ်ရာမှာ အရင်နှစ်တွေက လူတွေကို ဦးစားပေး ခေါ်စေ ချင်တယ်။ အခုနှစ် ၁၁ လပိုင်းက Job Form အလုပ်လျှောက်လွှာ တင်တဲ့ သူတွေတောင် Calling ကျလာတာ တွေ့တဲ့အတွက် အများကြီး မျှော်လင့်ချက်တွေ ရှိလာပြီ” လို့ ကိုရီးယားဘာသာ သင်တန်းကျောင်း နည်းပြတစ်ဉီးက ပြောပါတယ်။

တောင်ကိုရီးယား အစိုးရက အခုနှစ်အတွင်း မြန်မာ အပါအဝင် နိုင်ငံခြားသား လုပ်သား ၁၂၀,၀၀၀ ကျော် ခေါ်ယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

အခုကျင်းပမယ့် စာမေးပွဲပြီးရင် မေလကနေ ဇွန်လလယ်အထိ ဆောက်လုပ်ရေး လုပ်ငန်း အတွက် စာမေးပွဲ ပြုလုပ်မှာ ဖြစ်တယ်လို့ POEA က ကြေညာထား ပါတယ်။

ကိုရီးယားနိုင်ငံသို့ EPS စနစ်နဲ့ လုပ်သား စေလွှတ်တဲ့ နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ အပါအဝင် ၁၆ နိုင်ငံ ရှိပြီး ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ ခန့် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

MK-010

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီခန့်ရှမ်းပြည်နယ်စစ်ဝန်ကြီးချုပ် (သို့) မိုဆိုလူသတ်သမား

အာဏာသိမ်း ၂ နှစ်ပြည့်နေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့
မြန်မာ့နွေဦး

ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့လက်တွဲဖို့ SSPP ဆုံးဖြတ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ လက်တွဲသွားမယ်လို့ ရှမ်းတော်လှန်ရေး အင်အားစု ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ-SSPP
မြန်မာ့နွေဦး

ဟုမ္မလင်းမှာ ရဟတ်ယာဉ်တစ်စီးကို PDF ပစ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ NUG က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ထပ်ချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကို နိုင်ငံဘဏ္ဍာငွေ အလွဲသုံးမှုနဲ့ စစ်ကောင်စီက ဒီကနေ့ ထောင်ဒဏ် ၂ နှစ် ထပ်ချလိုက်တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းမှ သိရပါတယ်။
မြန်မာ့နွေဦး

Spring Bliss နွေဦးစံရိပ်မွန် အိမ်ရာတွေ စတင်ရောင်းချပေးတော့မယ်

မဲခေါင်၊ ဖေဖော်ဝါရီ ၃ Spring Bliss 1-2-3 (နွေဦးစံရိပ်မွန် ၁၊၂၊၃ အိမ်ရာတွေကို ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က စတင် ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာ့နွေဦး

NUG ယာယီသမ္မတရဲ့ လူမှုကွန်ရက်စာမျက်နှာ တိုက်ခိုက်ခံရ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ယာယီ သမ္မတဒူဝါလရှီးလ ရဲ့ လူမှုကွန်ရက်-Facebook စာမျက်နှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ သမ္မတရုံးက ထုတ်ပြန်ပါတယ်။
မြန်မာ့နွေဦး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ ၃၈ ရွာမှ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူတစ်ဦး သေဆုံး

မဲခေါင်၊ ဖေဖော်ဝါရီ ၃ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကျေးရွာ ၃၈ ရွာမှ ဒေသခံ ပြည်သူ ၄၀,၀၀၀ နီးပါး စစ်ဘေးရှောင်နေရပြီး ကျည်ထိမှန်ကာ ပြည်သူ တစ်ဦး သေဆုံးခဲ့တယ်လို့
မြန်မာ့နွေဦး

စစ်တပ်က ရှေ့တန်းတပ်စခန်းသို့ လေကြာင်းက ရိက္ခာပို့စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချ

မဲခေါင်၊ ဖေဖော်ဝါရီ ၃ ကရင်ပြည်နယ်၊ တပ်မဟာ (၅) နယ်မြေရှိ စစ်ကောင်စီ ရှေ့တန်းတပ်စခန်းဖြစ်တဲ့ ကဟီးကျိုးစခန်းကို ကုန်းကြောင်းနဲ့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်မှု မပြုနိုင်တော့လို့ လေကြောင်းအသုံးပြုကာ စားနပ်ရိက္ခာတွေ လာရောက်ပို့ဆောင်စဉ် တိုက်လေယာဉ်‌တွေနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ သိရပါတယ်။