မြန်မာ့နွေဦး

ကလေးမြို့နယ်မှာ မူးယစ်ဆေးဝါး‌ ရောင်းဝယ်ဖောက်ကားနေသူတွေကို NUG ရဲတပ်ဖွဲ့ ဖမ်းဆီး 

မဲခေါင် 6 Feb - 2023
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မူးယစ်ဆေးဝါး‌ ရောင်းဝယ်ဖောက်ကားသူနဲ့ လက်ဝယ်ထားရှိသူတွေကို ဖမ်းဆီးရမိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ မူးယစ်ဆေးဝါး‌ ရောင်းဝယ်ဖောက်ကားသူနဲ့ လက်ဝယ်ထားရှိသူတွေကို ဖမ်းဆီးရမိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF-Kalay) တပ်ရင်း (၃) နဲ့ CDF-KKG တပ်ဖွဲ့တို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူ တရားခံ တစ်ဦးနဲ့ ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ တစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့-မြောက်ပိုင်းက ဥပဒေအရ အရေးယူနိုင်ဖို့ စီစဉ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်မှာ PDF-Kalay တပ်ရင်း (၃) မှ တပ်ဖွဲ့ဝင် ၆ ဦးနဲ့ CDF-KKG တပ်ဖွဲ့မှ ဒုတပ်ခွဲမှူး ပါတပ်ဖွဲ့ဝင် ၄ ဦး စုစုပေါင်း တပ်ဖွဲ့ဝင် ၁၀ ဦးဟာ မူးယစ်ဆေးဝါး သတင်းအရ  ကလေးမြို့နယ်ရှိ ကျေးရွာ တစ်ရွာမှာ နေထိုင်တဲ့ ဦးလှရွှေရဲ့ လယ်တောသို့ ရှာဖွေဖမ်းဆီးရာ ဦးလှရွှေမှာ အဖမ်းမခံဘဲ အရိုးအသွား ၂၇ လက်မခန့်ရှိ ငှက်ကြီးတောင်ဓားနဲ့ ပြန်လည်ခုခံရာ သေနတ်နဲ့ တစ်ချက် ပစ်ခတ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

သူ့ထံမှ ပလပ်စတစ်ဗူးခွံ အတွင်း ထည့်လျက် မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အဝါရောင်ဖောက် အမှုန့်ရောရာ ၄ ဂရမ်ခန့်နဲ့ အတူ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ကြောင့် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်သူ ဦးလှရွှေကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့-မြောက်ပိုင်းက မူးယစ်‌ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ တရားစွဲဆိုနိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ  ကလေးမြို့နယ်၊ ကျေးရွာတစ်ရွာရှိ ကျေးရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင်ဦးစီးပြီး သတင်းအရ စစ်ဆေး‌ရေး ဆောင်ရွက်‌စဉ် ကျေးရွာဘက် မောင်းနှင်လာတဲ့ 125 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ဦးအောင်မာထွေး(ခ)ထွေးထွေးရဲ့ အောက်ခံ ဘောင်းဘီ အတွင်းမှ ပင်နီဆလင် ပုလင်းနဲ့ ထည့်ထားတဲ့ မူးယစ်ဆေးဝါးလို့ ယူဆရတဲ့ အဝါရောင်ဖောက်အမှုန့်ရောရာ တစ်ဂရမ်ခန့်နဲ့ အတူ  ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

တရားမဝင် မူးယစ်ဆေးဝါး လက်ဝယ်ထားရှိသူ ဦးအောင်မာထွေး(ခ) ထွေးထွေးကို  ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့-မြောက်ပိုင်းက မူးယစ်‌ ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ တရားစွဲဆိုနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့-မြောက်ပိုင်း။

MK-003

#MeKongNews 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။