မြန်မာ့နွေဦး

ကရင်အချင်းချင်း တိုက်နေမယ့်အစား သေနတ်ပြောင်း၀ စစ်အုပ်စုဘက်လှည့်ဖို့ IKO တိုက်တွန်း

မဲခေါင် 22 Feb - 2023
မဲခေါင်၊ဖေဖော်ဝါရီ ၂၂ ကရင်အချင်းချင်း တိုက်ခိုက်မယ့်အစား သေနတ်ပြောင်း၀ကို စစ်အုပ်စုဘက်သို့ လှည့်ကြဖို့ နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKOက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မဲခေါင်၊ဖေဖော်ဝါရီ ၂၂

ကရင်အချင်းချင်း တိုက်ခိုက်မယ့်အစား သေနတ်ပြောင်း၀ကို စစ်အုပ်စုဘက်သို့ လှည့်ကြဖို့ နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKOက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ နယ်မြေအတွင်း KNLA နဲ့ KTLA တို့အကြား တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး IKOက အခုလို ထုတ်ပြန်လိုက်တာလို့ သိရပါတယ်။

အခုကာလဟာ စစ်အစိုးရကို ပြည်သူတစ်ရပ်လုံးမှ တော်လှန်တိုက်ပွဲဝင်နေကြတာဖြစ်ရာ ကရင်တပ်ဖွဲ့တွေအကြား အချင်းချင်း တိုက်ခိုက်နေတာက မဖြစ်သင့်ဘဲ အခုလိုဖြစ်နေတဲ့အပေါ် အထူးစိတ်မချမ်းမြေ့ ဖြစ်ရတယ်လို့ IKOက ဆိုပါတယ်။

စစ်အစိုးရဟာ ကရင်လူမျိုး အပါအဝင် ပြည်သူတစ်ရပ်လုံးအပေါ် မတရားဖိနှိပ်အုပ်ချုပ် ကျွန်ပြုခဲ့တာဟာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး တစ်ခါမှမရှိခဲ့ဖူးတဲ့ ပြည်သူတစ်ရပ်လုံးက စစ်အုပ်စု အမြစ်ပြတ် ဖြုတ်ချရေး တော်လှန်တိုက်ပွဲဝင်နေတာက အဖိနှိပ်ခံ ပြည်သူ တစ်ရပ်လုံးအတွက် အခွင့်အခါကောင်းဖြစ်တာကြောင့် လက်မလွှတ်သင့်ဘူးလို့ IKO ကထုတ်ပြန်ပါတယ်။

စစ်အုပ်စုရဲ့ အယုတ်မာဆုံး လုပ်ရပ်ဖြစ်တဲ့ ပြည်သူအပေါ် ညှင်းပမ်းနှိပ်စက် သတ်ဖြတ်တာ၊ အိုးအိမ်နဲ့ ကျေးရွာ‌တွေကို မီးရှို့ဖျက်ဆီးတာစတဲ့ ယုတ်မာတဲ့ နည်းတွေကို ကျင့်သုံးနေတယ်လို့ ဖော်ပြထားပြီး စစ်အုပ်စုဘက်သို့ သေနတ်ပြောင်း၀ လှည့်ကြဖို့ IKOက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် KTLA နဲ့ KNLA တာဝန်ရှိသူတွေဟာ ကရင်တမျိုးသားလုံးရဲ့ မျက်နှာကို ထောက်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အချင်းချင်း ရန်မူ တိုက်ခိုက်နေမှုတွေ အမြန်ဆုံး အဆုံးသတ်ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

KTLA ဟာ ဗိုလ်မှူးချုပ် နယ်ဒါးမြ ဦးဆောင်တဲ့ တပ်ဖြစ်ပြီး KNU တပ်မဟာ(၆)နယ်မြေ နဲ့တပ်မဟာ(၄)နယ်မြေတို့မှာ သူ့ရဲ့ တပ်တွေလှုပ်ရှားမှုရှိတယ်လို့ သိရပါတယ်။

ဗိုလ်မှူးချုပ် နယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဝေါ်လေဒေသတိုက်ပွဲမှာ တံတားလုပ်ငန်းခွင်မှ အရပ်သားတွေ အစုလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် အပေါ် KNUက စုံစမ်းစစ်ဆေးရာ စစ်ဆေးမှုကို လက်မခံတာကြောင့် တာဝန်မှ ရပ်စဲခံခဲ့ရပြီး နောက်ပိုင်းမှာ KTLA ကို ဖွဲ့စည်းလိုက်တာကြောင့် အဖွဲ့အစည်းမှ ထုတ်ပယ်ခံရတယ်လို့ သိရပါတယ်။

KTLA အမည်နဲ့ ဖွဲ့ထားတဲ့ ဗိုလ်မှူးချုပ်နယ်ဒါးမြတပ်တွေဟာ KNU တပ်မဟာ ၆ နဲ့ တပ်မဟာ ၄ မှာရှိသော်လည်း တပ်မဟာ ၄ နယ်မြေမှာသာ တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့တယ်လို့ သိရပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

တာချီလိတ်-မယ်ဆိုင်နယ်စပ် လေထုအရည်အသွေး အဆိုးဆုံး အခြေအနေရောက်နေ

မဲခေါင်၊ မတ် ၂၄ ရှမ်းအရှေ့ တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်စပ်မှာ လေထုအရည်အသွေးဆိုးရွားမှုဟာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမှာ ၅ရက်အတွင်း PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၂ကြိမ်ဖြစ်၊ စစ်ကောင်စီတပ် ရွာသားတွေထဲက ဆန်တွေလု

ကြာအင်းဆိပ်ပြီးမြို့နယ်ထဲမှာ မတ် ၁၆ရက်ကနေ ၂၁ရက်နေ့အထိ ၅ရက်တာအတွင်း နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F၊ KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ
မြန်မာ့နွေဦး

ကြည့်မြင်တိုင်မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီး

မဲခေါင်၊ မတ်လ ၂၃ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ
မြန်မာ့နွေဦး

ဒီးမော့ဆို ဒေါတမကြီးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နေပြည်တော် PDF ရဲဘော်တစ်ဦး ကျဆုံး

မဲခေါင်၊ မတ် ၂၃ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးမှာ မနေ့က ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း နေပြည်တော် PDF ရဲဘော် တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-နေပြည်တော်က ဒီကနေ့ အသိပေးလိုက်ပါတယ်။
မြန်မာ့နွေဦး

ရဲမှူးချုပ်အပါအဝင် ၄ ဦးသေတယ်ဆိုတဲ့သတင်း မှားယွင်းတယ်လို့ မုံရွာမြို့ခံတွေပြော

မဲခေါင်၊ မတ် ၂၃ စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မင်းအောင်လှိုင် ပါတယ်လို့ ယူဆရတဲ့ စစ်ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက မတ်လ ၂၀ ရက်က မိုင်းဆွဲ တိုက်ခိုက်ရာ ရဲမှူးချုပ် အပါအဝင် ၄
မြန်မာ့နွေဦး

အဆင့်မြင့်ပညာ ခြေလှမ်းသစ် နွေဦးတက္ကသိုလ် အကောင်အထည်ဖော်

မဲခေါင်၊ မတ် ၂၃ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားတဲ့ ကျောင်းသူ ကျောင်းသူတွေ အတွက် အဆင့်မြင့်ပညာ ခြေလမ်းသစ် တစ်ခု အကောင်အထည်ဖော် လိုက်တယ်လို့ နွေဦးတက္ကသိုလ်က ကြေညာ လိုက်ပါတယ်။
မြန်မာ့နွေဦး

ဗိုလ်တထောင် ရေကြောင်းရဲရုံးရှေ့ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်ကဖောက်ခွဲပြီး ဧည့်စာရင်းဝင်စစ်

မဲခေါင်၊ မတ် ၂၃ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ဆိပ်ကမ်းမိသားစု ရပ်ကွက်၊ ကမ်းနား ကွန်ကရစ်လမ်းပေါ်ရှိ ရေကြောင်းရဲတပ်ဖွဲ့ရုံးရှေ့မှာ စစ်တပ်က လက်လုပ်ဗုံး ရှာတွေ့လို့ ဖောက်ခွဲခဲ့တယ်လို့ ဒေသခံတွေက မဲခေါင်သတင်းကို ပြောပါတယ်။
ဒေသတွင်းသတင်း မြန်မာ့နွေဦး

အခက်ခဲကြားက တအာင်းစာပေသင်ကြားတဲ့ ကျောင်းပေါင်း ၄၀၀ ကျော်ဖွင့်လှစ်

မဲခေါင်၊ မတ် ၂၃ စစ်ကောင်စီ အုပ်စိုးခဲ့တဲ့ ခေတ်အဆက်ဆက် သင်ကြားခွင့် မရခဲ့တဲ့ တအာင်း စာပေကို လက်ရှိ ကိုယ်ပိုင် ပညာရေးစနစ်အဖြစ် အကောင်အထည်ဖော်နေဆဲ ကာလမို့ ရုန်းကန်နေရတယ်လို့ တအာင်း ပညာရေး ကော်မတီ-TNEC တာဝန်ရှိသူတွေက