မဲခေါင်၊ မေ ၄
ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်ပြီး ခိုလှုံနေရတဲ့ စစ်ရှောင်စခန်းတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်လာလို့ ပြည်သူတွေ ဘေးလွတ်ရာကို ထပ်မံ နေရာပြောင်းရွှေ့နေရတယ်လို့ ရှမ်းတောင်တော်လှန်ရေးအင်အားစုက ဒီကနေ့ မေလ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာလာရတဲ့ ပြည်သူတွေကို စစ်ကောင်စီက စစ်ကြောင်းတိုက်ခိုက်လာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အရေးပေါ် နေရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ SSLRU ကပြောပါတယ်။
အရေးပေါ်ရွှေ့ပြောင်းလာရလို့ နေရာထိုင်ခင်းအတွက် မိုးကာတွေ၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေ၊ စစ်ရှောင်တွေအတွက် လိုအပ်နေကြပြီး ပြည်သူတွေ တတ်နိုင်သမျှ ဝိုင်းကူပေးကြဖို့ ရှမ်းတောင်တော်လှန်ရေး အင်အားစု ထုတ်ပြန်ချက်မှာ မေတ္တာရပ်ခံထားပါတယ်။
ရှမ်း- ကယားနယ်စပ် ပင်လောင်း-ဖယ်ခုံနဲ့ မိုးဗြဲဒေသမှာ တိုက်ပွဲတွေ နှစ်လကျော်ကြာတဲ့အထိ ပြင်းထန်နေတာကြောင့် ပြည်သူတွေနေရပ်မပြန်နိုင်သေးတာကြောင့် SSLRU အနေနဲ့ စစ်ရှောင်အကုန်လုံးကို မထောက်ပံနိုင်သော်လည်း သက်ကြီးရွယ်အိုတွေကို ကိုယ်ပိုင်မုန့်ဖိုးတွေနဲ့ နိုင်သလောက် ကန်တော့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
MK-007
#ကရင်နီစစ်ဘေးရှောင်
#စစ်ကောင်စီစစ်ကြောင်းထိုး