မြန်မာ့နွေဦး

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်က KNDF ရဲ့ တပ်ခွဲတစ်ခုအဖြစ် ပေါင်းစည်း

မဲခေါင် 9 May - 2023
မဲခေါင် ၊ မေ ၉ ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF က ၎င်းတို့ရဲ့တပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉၊ တပ်ခွဲ ၆ အဖြစ် ရပ်တည်သွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မဲခေါင် ၊ မေ ၉

ကရင်နီပြည်သူ့ကာကွယ်ရေးတပ် KPDF က ၎င်းတို့ရဲ့တပ်ဖွဲ့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉၊ တပ်ခွဲ ၆ အဖြစ် ရပ်တည်သွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

KPDF အနေနဲ့ အရင်ကတည်းက KNDF နဲ့ပူးပေါင်းပြီး တပ်ပေါင်းစုအသွင် စစ်ရေးလှုပ်ရှားတာ တိုက်ပွဲဝင်တာတွေ ပြုလုပ်ခဲ့ပြီး ဒီနေ့အချိန်မှ စပြီး တပ်ပေါင်းစုအသွင်မဟုတ်တော့ဘဲ KNDF ရဲ့ တပ်ခွဲတစ်ခုအဖြစ် အပြည့်အဝ ပြောင်းလဲရပ်တည်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မူလတပ်ဖွဲ့ အမည် ဖြစ်တဲ့ KPDF အဖြစ် အဖွဲ့နာမည်အသုံးပြုမှုကို ရပ်ဆိုင်းပြီး KNDF တပ်ရင်း (၉) တပ်ခွဲ (၆) အဖြစ် ရာနှုန်းပြည့် ဆက်လက်ရပ်တည်သွားမည်လို့ တပ်ဖွဲ့ ၂ နှစ်ပြည့်မှာ ထုတ်ပြန်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ အခုလို ပေါင်းစည်းလာနိုင်တာဟာ ကောင်းမွန်တဲ့လက္ခဏာဖြစ်ပြီး စစ်ရေးဗျူဟာ ချမှတ်တာတွေကအစ ပိုအားကောင်းစေတယ်လို့ ယုံကြည်ကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

“အခုလို သူတို့ထုတ်ပြန်ချက်ကိုမြင်ရတာ ဝမ်းသာတယ်ဗျ။ တစ်ဖွဲ့တည်း ပေါင်းစည်းလိုက်တော့ စစ်ရေးဗျူဟာ ချမှတ်တာတွေ တိုက်ပွဲဖော်တာတွေလည်း ပိုထိရောက်လာမယ်လို့မြင်တယ်” လို့ သူကပြောပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းအမှတ်(၉) ရဲ့ တပ်ခွဲတစ်ခွဲအနေနဲ့ တရားဝင် စတင်ဝင်ရောက်ချိန်မှစပြီး စစ်ရေးစစ်ရာ လှုပ်ရှားမှုများသာမက အခြားသောလုပ်ငန်းများကိုပါ KNDF အနေနဲ့ ဆက်လက်ထမ်းဆောင်သွားမယ်လို့ သိရပါတယ်။

အာဏာရှင်ဆန့်ကျင်တော်လှန်ရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးရဲ့ အစဖြစ်တဲ့ နွေဦးတော်လှန်ရေးမှသည် အာဏာရှင်စနစ် ဆုံးခန်းတိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်-KPDF အနေနဲ့ စဖွဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်ထိ ၂ နှစ်တာကာလအတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း ၁၅၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း KPDF တပ်ဖွဲ့ဝင် ၅ ဦးကျဆုံးခဲ့ရပြီး ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို နွေဦးတော်လှန်ရေးရဲ့ အာဇာနည်သူရဲကောင်းများအဖြစ် မှတ်းတမ်းတင် ဂုဏ်ပြုတယ်လို့လည်း KPDF ကဆိုပါတယ်။

တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ရဲဘော်များမှာ “ရဲဘော်စိုင်းဘုန်းမင်းသန့်” ၊ “ရဲဘော်နေထူးနိုင်” ၊ “ရဲဘော်စိုင်းသက်ပိုင်ဟိန်း” ၊ “ရဲဘော်ရဲရင့်နိုင်” နဲ့ “ရဲဘော်လင်းအိမ်သစ်” တို့ဖြစ်တယ်လို့ အဲ့ဒီအဖွဲ့က ဆိုပါတယ်။

ကရင်နီပြည်သူ့ကာကွယ်ရေးတပ်-KPDF ကို ၂၀၂၁ ခုနှစ်၊ မေလ (၇)ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

CJ – 002

#MeKongNews

#KPDFKNDF

#ကရင်နီတပ်ဖွဲ့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု