မြန်မာ့နွေဦး

ကရင်နီပြည်နယ်မှာ စစ်ရှောင် ၂သိန်းနီးပါးရှိလာ

မဲခေါင် 10 Apr - 2023
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြား စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ပြည်သူ ၂သိန်း နီးပါးထိ ရှိလာပြီး ပွင့်လင်းရာသီမှာ စစ်ရှောင်ဦးရေ ပိုတိုးလာတယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်က မဲခေါင်သတင်းကို ဧပြီလ ၉ရက်က ပြောပါတယ်။

မဲခေါင်၊ ဧပြီ ၁၀

တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေကြား စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ပြည်သူ ၂သိန်း နီးပါးထိ ရှိလာပြီး ပွင့်လင်းရာသီမှာ စစ်ရှောင်ဦးရေ ပိုတိုးလာတယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်က မဲခေါင်သတင်းကို ဧပြီလ ၉ရက်က ပြောပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ရှောင်စခန်း ထောင်ဂဏန်းအထိရှိနေပြီး အခြေခံစားသောက်ကုန်က အစ အမိုး၊ အကာတွေအထိ လိုအပ်ချက်တွေများပြားနေတယ်လို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ယက်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လူတွေများလာတော့ လိုအပ်ချက်တွေ ရှိလာတယ်။ အဓိကလိုတာက ဆန်၊ ဆီ၊ ဆား အခြေခံစားနပ်ရိက္ခာတွေ၊ ပြီးတော့ သောက်သုံးရေနဲ့ဆေးဝါးတွေပေါ့နော်။ သောက်သုံးရေရှားပါးမှုတွေလည်း ကြုံရတယ်။ နေရာထိုင်ခင်းအတွက်လည်း လိုတယ်။ ခဏခဏရွေ့ပြောင်းနေရတော့ တဲလုပ်ဖို့ မိုးကာတွေပေါ့ လိုပါတယ်”လို့ သူကပြောပါတယ်။

ကရင်နီပြည်နယ်မှာ ပွင့်လင်းရာသီရောက်တိုင်း တိုက်ပွဲတွေပိုပြင်းထန်လာတတ်သလို လက်ရှိမှာလည်း တိုက်ပွဲတွေက နေရာအနှံ့ဖြစ်လာတာကြောင့်  စစ်ရှောင်ဦးရေက ထပ်တိုးလာနိုင်တယ်လို့ စစ်ဘေးရှောင်စောင့်ရှောက်ကူညီရေးအဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

“စစ်မျက်နှာကျယ်လာတာနဲ့ အမျှ စစ်ရှောင်ကတိုးလာမှာပဲလေ။ အခုဆိုလည်း စစ်မဖြစ်တဲ့နေရာက အနည်းအကျည်းပဲရှိတော့တယ်။ တချို့ကတော့ စားသောက်နေထိုင်ဖို့ အဆင်မပြေလို့ တောင်ယာလေးပြေးလုပ်လိုက်၊ စစ်ရှောင်စခန်းကို ပြန်လာလိုက်နဲ့ သူတို့လည်း ပင်ပန်းနေကြပါပြီ”လို့ သူကပြောပါတယ်။

စစ်ရှောင်ဦးရေတွေများလာပေမဲ့ တဖက်မှာလည်းထောက်ပံ့ကူညီတဲ့ အလှူရှင်တွေက နည်းသထက်နည်းလာနေပြီး ကုန်စျေးနှုန်းတွေက တတ်လာတာကြောင့် အလှူရှင်တွေအနေနဲ့ ပိုပြီး အားစိုက်ကူညီပေးကြဖို့ ကရင်နီစစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကတော့ ကရင်နီပြည်နယ်အတွင်းကို စားနပ်ရိက္ခာသယ်ယူပို့ဆောင်မှုတွေကို ကန့်သတ်ထားပြီး ပစ္စည်းအများအပြားသယ်ယူမှုတွေကို ပိတ်ပင်ထားတာကြောင့် စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးအဖွဲ့တွေ အခက်တွေ့နေရတယ်လို့ ပါ၀င်ကူညီနေသူ တစ်ဦးက ပြောပါတယ်။

MK-007

#MeKongNews 

#ကရင်နီ 

#စစ်ရှောင် 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ
မြန်မာ့နွေဦး

ကိုးကန့်၊ TNLA ၊ AA မဟာမိတ် ၃ဖွဲ့နဲ့ စစ်ကောင်စီတို့ မိုင်းလားမြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိနေ

မဲခေါင် ၊ မေ ၃၀ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်အဖွဲ့ AA၊ တအာင်းအဖွဲ့ TNLA ၊ ကိုးကန့်အဖွဲ့ MNDAA နဲ့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု