မြန်မာ့နွေဦး

ကရင်နီပြည်နယ်တွင်းက စစ်ရှောင်စခန်းတွေမှာ တုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်းမြင့်တက်

မဲခေါင် 19 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၉ ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ စစ်ရှောင်စခန်း အများစုမှာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းများပြားနေတယ်လို့ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၉

ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ စစ်ရှောင်စခန်း အများစုမှာ ရာသီတုပ်ကွေးနဲ့ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းများပြားနေတယ်လို့ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ ကရင်နီနယ်စပ်ဖြစ်တဲ့ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲဒေသအပါအဝင်၊ ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်၊ ဖားဆောင်းနဲ့ ထိုင်း-ကရင်နီ နယ်စပ်က စစ်ရှောင်စခန်းတွေမှာပါ တုပ်ကွေးနဲ့ ငှက်ဖျားဖြစ်နေသူတွေရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။

“အဖြစ်များတာကတော့ အသက် ၁၀ နှစ်အောက် ကလေးတွေမှာ ဖြစ်နေတယ်။ ပြီးတော့ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေမှာလည်း ဖြစ်နေတာရှိတယ်။ ပြီးတော့ လူလတ်ပိုင်းပေါ့နော် အစုံပါပဲ လူကြီးလူငယ်မရွေး ဖြစ်နေတယ်” လို့ စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောပြပါတယ်။

ရောဂါလက္ခဏာ အနေနဲ့ နှာစေးတာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ ကိုယ်ပူတာနဲ့ ဖျားနာတာတွေ ဖြစ်နေပြီး ရှမ်း-ကရင်နီနယ်စပ်က စစ်ရှောင်စခန်းတိုင်းမှာ လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက် တုပ်ကွေးနဲ့ ငှက်ဖျားလက္ခဏာပြတာတွေ ရှိနေတယ်လို့ သိရပါတယ်။

တောတောင်ထဲမှာအဆင်ပြေသလိုနေထိုင်ရတဲ့ ကရင်နီစစ်ရှောင်စခန်းတွေမှာ ခြင်ကိုက်တာနဲ့ သောက်သုံးရေ မလုံလောက်တာ၊ မိုးရေတစ်မျိုးတည်းကိုသာ အဓိက သုံးစွဲနေရတာကြောင့် တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေရှိနေပြီး တုပ်ကွေးဖျားနာတာအပြင် ယားနာတွေလည်း ဖြစ်နေတယ်လို့ စစ်ရှောင်ကူညီသူတွေက ဆိုပါတယ်။

“ဒီဘက်က အဓိက ယားနာ၊ ဖျားနာ၊ ချောင်းဆိုး အများဆုံးပဲ။ မနေ့ကသွားတဲ့ စစ်ရှောင်စခန်းဆို လူနာ ၂၀၀ လောက်ကြည့်ခဲ့ရတယ်။ နက်ဖြန်သွားမယ့် စစ်ရှောင်စခန်းက ဘယ်လိုလာမလဲ မသိဘူး” လို့ ဖယ်ခုံမြို့နယ်တွင်း ကူညီနေသူ တစ်ဦးက ဆိုပါတယ်။

စစ်ရှောင်ကူညီသူတွေဟာ ကျန်းမာရေး တာဝန်ခံတွေနဲ့အတူ တုပ်ကွေးနဲ့ ငှက်ဖျားလက္ခဏာပြနေတဲ့ လူနာတွေကို malaria test နဲ့စစ်ဆေးပေးပြီး လက္ခဏာပေါ်လာသူတွေကို သောက်ရမယ့် ဆေးညွှန်းအတိုင်း ဆေးသောက်ခိုင်းတာနဲ့ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် ပြည်သူတွေကို ခြင်ထောင်နဲ့ ခြင်လိမ်းဆေးတွေ ဖြန့်ဝေတာ၊ စခန်းအနီးဝန်းကျင်က ခြုံနွယ်တွေ ဝိုင်းဝန်းရှင်းလင်းတာတွေလည်း လုပ်ပေးနေတယ်လို့ သိရပါတယ်။

သို့သော်လည်း ကရင်နီအရပ်ဖက်အဖွဲ့အစည်းတွေရဲ့စာရင်းအရ လူဦးရေ ၃ သိန်းဝန်းကျင် စစ်ရှောင်နေရတဲ့ ကရင်နီပြည်နယ် အနှံ့မှာ စစ်ရှောင်စခန်းတွေ များပြားလွန်းတာကြောင့် လက်လှမ်းမမီနိုင်တဲ့ စခန်းတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေကဆိုပါတယ်။

ကရင်နီပြည်နယ်တွင်းကို ရိက္ခာနဲ့ ဆေးဝါး ဝင်ရောက်နိုင်တဲ့လမ်းကြောင်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားတာအပြင် ပြည်နယ်တွင်း တိုက်ပွဲတွေကြောင့်လည်း လမ်းကြောင်းတွေ ပိတ်ဆို့နေရာ ဆေးဝါး မလုံလောက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

“ဆေးကတော့ ဘယ်လုံလောက်မလဲနော် ရှာကြံလုပ်ပေးနေရတာပေါ့။ ကြားထဲ လမ်းကြောင်းကြောင့် ဆေးမလာနိုင်တော့ ပိုခက်ခဲရပါတယ်။ ရှိစုမဲ့စုတွေထဲကဝယ်ထားရတဲ့ ဆေးတွေ လမ်းမှာခံနေတာ အများကြီးရှိတယ်” လို့ စစ်ရှောင် ကူညီသူ တစ်ဦးက ညီးညူ ပြောဆိုပါတယ်။

လက်ရှိအချိန်မှာ တောတောင်ထဲနေထိုင်ကြရတဲ့ စစ်ဘေးရှောင်တွေမှာသာမက လွိုင်ကော်မြို့ပေါ်မှာလည်း သွေးလွန်တုပ်ကွေးဂအဖြစ်များနေပြီး သွေးစစ်လိုက်တဲ့ကလေးတိုင်းလိုလိုမှာ သွေးလွန်တုပ်ကွေး တွေ့နေရတယ်လို့ သိရပါတယ်။

သွေးလွန်တုပ်ကွေး လက္ခဏာပြတဲ့ ကလေးတွေကို ပါရာစီတမောကလွဲပြီး တခြားအကိုက်အခဲပျောက်ဆေးတွေ မတိုက်ဖို့၊ ဓာတ်ဆားရည်မဝင်ဝင်အောင်တိုက်ဖို့နဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲ ပိုးသတ်ဆေးတွေ မတိုက်ဖို့နဲ့ ခြင်မကိုက်အောင် ကြိုတင်ကာကွယ်ကြဖို့ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်းတွေက အသိပညာပေးနေကြပါတယ်။

MK-009

#MekongNews

#ကရင်နီပြည်နယ်

#စစ်ဘေးရှောင်

#ငှက်ဖျား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

မူဆယ်မှာ စစ်‌ကောင်စီယာဉ်တန်းကို TNLA ချုံခိုတိုက်ခိုက်မှု တပ်ရင်းမှူး အပါအ၀င် စစ်သား ၉ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့က‌နေ မူဆယ်မြို့နယ်ကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို တအာင်း လွတ်မြောက်ရေး တပ်မတော်- TNLA က
မြန်မာ့နွေဦး

ကရင်နီပြည်နယ်က စစ်ရှောင်စခန်းတွေမှာ ရေရှားပါးမှု ပြန်လည်ကြုံတွေ့နေရ

ကရင်နီပြည်နယ် အတွင်း မိုးရွာသွန်းမှု နည်းပါးတာကြောင့် စစ်ဘေးရှောင်စခန်း အများစုမှာ ရေရှားပါးမှု ပြဿနာတွေ ပြန်လည် ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ပင်လယ်ကွေ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရနဲ့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့

ကရင်နီပြည်နယ်၊ ဒီးမော့ဆို အနောက်ခြမ်းမှာရှိတဲ့ စာသင်ကျောင်းက ကလေးတွေနဲ့ ဆရာမတွေကို အာဟာရ ကျွေးမွေးတာ၊ စိတ်ဓာတ်မြှင့်တင်ရေးတွေနဲ့ ထောက်ပံ့ကြေး ပေးအပ်တာတွေကို စက်တင်ဘာလ ၂၇ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဖရူဆိုနဲ့ ဘောလခဲကြားမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ

ကရင်နီပြည်နယ်၊ ဖရူဆို-ဘောလခဲကြား၊ နန်းဖဲကျေးရွာ တစ်၀ိုက်မှာ စစ်‌ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ကရင်နီ စစ်ရေး သတင်းရင်းမြစ် တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

တိုက်ပွဲမဖြစ်တဲ့ ကွတ်ခိုင်မြို့နယ် ငေါ့ငါးရွာကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးကြဲချ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မန်နိမ်းအွမ် ကျေးရွာအုပ်စု၊ ငေါ့ငါးရွာမှာ တိုက်ပွဲ ဖြစ်ပွားမှု မရှိဘဲ စစ်ကောင်စီက စက်တင်ဘာ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲခန့်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who Got The Large Prize" ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ Job For Kayah အဖွဲ့ တာဝန်ရှိသူ တစ်ဦးက မဲခေါင်သတင်းဌာနကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now