မြန်မာ့နွေဦး

ကရင်နီပြည်တစ်ဝှမ်းမှာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လုပ်ငန်းစဉ်မှန်သမျှ မဆောင်ရွက်ဖို့ KNDF တားမြစ်

မဲခေါင် 28 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၈ ကရင်နီပြည် တစ်ဝှမ်းမှာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်မှန်သမျှ မဆောင်ရွက်ဖို့ ပိတ်ပင်တဲ့ ကြေညာချက်ကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၈

ကရင်နီပြည် တစ်ဝှမ်းမှာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်မှန်သမျှ မဆောင်ရွက်ဖို့ ပိတ်ပင်တဲ့ ကြေညာချက်ကို ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်-KNDF က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ ပြင်ဆင်မှု အဖြစ် တစ်အိမ်တက်ဆင်း လူဦးရေစာရင်းတွေ ကောက်ခံတာ၊ ကြိုတင်မဲတွေ ကောက်ယူတာ၊ စည်းရုံးဟောပြောတာ၊ တာဝန်ပေးအပ်တာ အစရှိတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေမှာ မပူးပေါင်းကြဖို့ KNDF က သတိပေးပါတယ်။

ဒါ့အပြင် တစ်သီးပုဂ္ဂလ သော်လည်းကောင်း အစုအဖွဲ့နဲ့ သော်လည်းကောင်း နိုင်ငံရေးပါတီ ဖွဲ့စည်းပြီး ဝင်ရောက်ယှဉ်ပြိုင်တာ လုံးဝ-လုံးဝ မပြုလုပ်ဖို့လည်း ‌ဖော်ပြထားပါတယ်။

ကရင်နီပြည် တစ်ဝှမ်းလုံးမှာ ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းစဉ်မှန်သမျှကို ပိတ်ပင်ပြီး ပူးပေါင်း ဆောင်ရွက်တာ မပြုလုပ်ဖို့ KNDF က ဆိုပါတယ်။

ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဆောင်ရွက်မှုတွေ တွေ့ရှိပါက မိမိတို့ တော်လှန်ရေး အင်အားစုတွေမှ ကျင့်ဝတ်နည်းနာတွေနဲ့အညီ ထိရောက်စွာ အရေးယူမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်ဆိုးရှည်စေဖို့ ကြိုးပမ်းတဲ့ အတုအယောင် ဆောင်ရွက်မှုသာ ဖြစ်တယ်လို့လည်း KNDF က ဆိုပါတယ်။

လူထုဆန္ဒ မပါဝင်တဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ကရင်နီပြည်နယ်အတွင်း ပြုလုပ်ခွင့်ပြုမှာ မဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ် တွေကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်တိုက်ဖျက်မယ်လို့လည်း သတိပေးထားပါတယ်။

အဲဒီ ထုတ်ပြန်ချက်ကို ကရင်နီတော်လှန်ရေး အင်အားစုတွေဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေး DMO PDF နဲ့ KNDF တို့ ပူးတွဲ ကြေညာထားတာပါ။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွင်း မဲမသမာမှု ရှိတယ်လို့ စွပ်စွဲကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားလိုက်နာမှုမရှိဘဲ စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူခဲ့တယ်လို့ KNDF က သတ်မှတ်ထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။