မဲခေါင်၊ ဇန်နဝါရီ ၁၅
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ စစ်ကောင်စီကဦးစီးကျင်းပခဲ့တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို ဒရုံးနဲ့ဗုံးဖြင့်တိုက်ခိုက်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
ဒီနေ့ဇန်နဝါရီ ၁၅ရက် မနက်ပိုင်းက အခမ်းအနားပြုလုပ်နေတဲ့ မုဒ်ဦးမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာဖြစ်ပြီး ရဲ ၄ဦးနဲ့ ပန်းပွာကတဲ့သူ ၆ဦး ဒဏ်ရာရတယ်လို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တဲ့အတွက် မီးသတ်ကုန်းအောက်မှာ ထမင်းစားနေတဲ့ အဖိုးအိုတစ်ဦးသေဆုံးသွားတယ်လို့ အဲဒီသတင်းရင်းမြစ်က အတည်ပြုပါတယ်။
လွိုင်ကော်မှာ စစ်ကောင်စီကဦးစီးကျင်းပတဲ့ (ကယားဒေးပွဲ) ကယားပြည်နယ်နေ့ပွဲ အပါအဝင်အခြားပွဲတော်တွေကို မသွားဖို့ PDF လွိုက်ကော်က ဒီလ၁၃ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ဒရုန်းဗုံးနဲ့တိုက်ခိုက်ခဲ့တာကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့လည်းဆိုတာ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
MK – 005
#MeKongNews