မြန်မာ့နွေဦး

ကမာရွတ်မှာ ချိတ်ပိတ်ခံရတဲ့ အိမ်ဟာ ထွေအုပ်ကအကောင်ကြီးကြီးတစ်ယောက်အိမ်လို့ ရပ်ကွက်ကပြော

မဲခေါင် 26 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၆ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ၊ အမှတ်(၁) ရပ်ကွက်၊ သန္တာလမ်းရှိ လုံးချင်းနေအိမ်တစ်လုံးကို စစ်ကောင်စီက စစ်ကားတစ်စီး၊ ရဲကားတစ်စီးနဲ့ လာရောက်ခဲ့ပြီး နေအိမ်တိုက်လုံးချင်းအိမ်ကို ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက မဲခေါင် သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၆

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ၊ အမှတ်(၁) ရပ်ကွက်၊ သန္တာလမ်းရှိ လုံးချင်းနေအိမ်တစ်လုံးကို စစ်ကောင်စီက စစ်ကားတစ်စီး၊ ရဲကားတစ်စီးနဲ့ လာရောက်ခဲ့ပြီး နေအိမ်တိုက်လုံးချင်းအိမ်ကို ချိတ်ပိတ်သွားတယ်လို့ ဒေသခံတွေက မဲခေါင် သတင်းဌာနကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လည် ၁ နာရီကျော်အချိန်က စစ်ကောင်စီတပ်တွေရောက်ရှိလာပြီးနောက် နေအိမ်ကို ချိတ်ပိတ်ပြီး ဗီနိုင်းစာရွက်လာကပ်သွားတာဖြစ်တယ်လို့ ​ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

“ နိုင်ငံရေးလုပ်တဲ့အိမ်တော့မဟုတ်ဘူး။ အဲ့တိုက်ကိုပိုင်တာ ထွေအုပ်ထဲကအကောင်ကြီးကြီးတစ်ယောက်လို့ကြားတယ်။ အဂတိအမှုနဲ့ငြိလို့လာပြီးချိတ်ပိတ်သွားတယ်လို့ကြားတယ်။ တိတိကျကျတော့ဘယ်သူမှသေချာမသိကြဘူး။ သေချာတာကတော့နိုင်ငံရေးလုပ်တဲ့အိမ်တော့မဟုတ်ဘူး” လို့ သူကပြောပါတယ်။

ကမာရွတ်မြို့နယ်အတွင်း စစ်ကောင်စီကနေ့စဥ် လှည့်ကင်းပတ်ကင်းများနဲ့ လှည့်လည်စစ်ဆေးနေပြီး လှည်းတန်းမီးပွိုင့်နဲ့ စံရိပ်ငြိမ်မှတ်တိုက်အနီးတွင် စစ်ကားများရပ်တန့်ကာ လမ်းသွားလမ်းလာများကို မကြာခဏစစ်ဆေးတတ်ပြီး လူငယ်များကိုလည်း ဖမ်းဆီးတတ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အမှတ် ၆ ရပ်ကွက် ပြည်ရိပ်မွန်အိမ်ရာ၊ မြို့နယ်ထွေအုပ်ရုံးနောက်ဘက်ရှိ အမျိုးသားအဆောင်တိုက်ခန်းကို ဖေဖော်ဝါရီ ၂၅ ရက် ည ၁၀ နာရီ ဝန်းကျင်က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး အခြားတိုက်ခန်းများကို ဓာတ်မီးနဲ့ထိုးကာ ထွက်မကြည့်ဖို့အော်ပြောနေခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

MK-005

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှာ ကျည်ဆံဖိုးတစ်အိမ် ၅သောင်း PNO အဓမ္မကောက်

မဲခေါင် ၊ မတ် ၃၁ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းကျေးရွာတွေမှာ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ကျည်ဆံဖိုး
မြန်မာ့နွေဦး

ရှမ်း-ကရင်နီနယ်စပ် စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးလို့ ကျန်းမာရေး ပြဿနာတွေ ကြုံတွေ့

မဲခေါင်၊ မတ် ၃၀ ရှမ်း-ကရင်နီ နယ်စပ် နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရသူတွေ တနေ့တခြား
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် စစ်ဘေးရှောင်စခန်းတွေမှာ ဖျားနာသူများနေလို့ ဆေးဝါးကုသမှု အကူအညီတွေ လိုအပ်နေ

မဲခေါင်၊ မတ် ၂၉ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ် စစ်ဘေးရှောင် စခန်းတွေမှာ စစ်ဘေးရှောင် ပြည်သူ အများအပြား ဖျားနာနေလို့ ကုသရေးနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။
မြန်မာ့နွေဦး

PDF တွေကိုပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ပြတ်သားတော့မယ်လို့ စစ်ခေါင်းဆောင်ပြော

မဲခေါင်၊ မတ် ၂၇ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ PDF တွေကို ပံ့ပိုးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် EAO တွေရဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားအောင် ပြတ်ပြတ်သားသား လုပ်မယ်လို့
မြန်မာ့နွေဦး

တာဝန်ယူမှုမရှိတဲ့ ပြည်သူ့ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူဖို့ NUG ကို အိတ်ဖွင့်စာပို့

မဲခေါင်၊ မတ် ၂၆ တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့ ပြည်သူ့ ပညာရေး အမည်ခံ ကျောင်းဦးဆောင်သူတွေကို အရေးယူပေးဖို့ အချက် ၇ ချက် ပါဝင်တဲ့ အိတ်ဖွင့်ပေးစာကို မတ်လ ၂၄ ရက်နေ့က NUG
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်လို့ ထိုင်း-မြန်မာနယ်စပ် မြဝတီ ကုန်သွယ်ရေးရပ်ဆိုင်း၊ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်

မဲခေါင်၊ မတ် ၂၅ ကရင်ပြည်နယ်၊ မြဝတီ နယ်စပ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းကာ ထိုင်းကုန်ပစ္စည်းတွေ ဈေးတက်နိုင်တယ်လို့ ‌နယ်စပ် ကုန်သည်တွေက ပြောပါတယ်။
မြန်မာ့နွေဦး

လားရှိုးမှာ လမ်းတွေ့တဲ့မိုင်း ကောက်သွားရာက ယာတဲအရောက် ပေါက်ကွဲလို့ လူ ၂ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာပြင်းထန်

မဲခေါင်၊ မတ် ၂၃ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ ခုန်စုမ်ရွာသား ၄ ဦးဟာ မပေါက်ကွဲသေးတဲ့ မိုင်းကို ကောက်သွားရာက ယာတဲ အရာက်မှ မိုင်းပေါက်ကွဲတာကြောင့် ၂ ဦး သေဆုံးပြီး ၂ ဦး
မြန်မာ့နွေဦး

မင်းတေဇညွန့်တင် စစ်ကောင်စီအတွက် ဘာတွေလုပ်ပေးခဲ့လဲ

မဲခေါင်၊ မတ် ၂၄ အာဏာသိမ်းစစ်တပ် ထပ်ပိုင်းခေါင်းဆောင် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်ထဲမှာ ဒီနေ့နေ့လည် တစ်နာရီလောက်က Urban Owls မြို့ပြပြောက်ကျားအဖွဲ့က ရှင်းလင်းလိုက်ပါတယ်။