မြန်မာ့နွေဦး

ကန့်ဘလူမှာ ကလေး ၃ ဦး အပါအဝင် NLD ထောက်ခံတဲ့ မိသားစုဝင် ၈ ဦး နေအိမ်မှာ အသတ်ခံရ

မဲခေါင် 14 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၄ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ကို ထောက်ခံတဲ့ မိသားစုဝင် ၈ ဦး နေအိမ်မှာ အသတ်ခံခဲ့ရပြီး အဲ့ဒီထဲမှာ ကလေး ၃ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ကို ထောက်ခံတဲ့ မိသားစုဝင် ၈ ဦး နေအိမ်မှာ အသတ်ခံခဲ့ရပြီး အဲ့ဒီထဲမှာ ကလေး ၃ ဦး ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ဇန်နဝါရီ ၁၃ ရက် ညပိုင်း ငါးမြောင်ရွာမှာ နေထိုင်တဲ့ ဖခင်ဖြစ်သူ ဦးကျော်လှိုင်ရဲ့ နေအိမ်မှာ မိသားစုဝင် အားလုံး ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတာကို တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မနေ့ညက MEC သကြားစက်က စစ်ခွေး၊ ပျူခွေးတွေက ၉ နာရီလောက်မှာ ဇီးကုန်း-မလယ် လမ်းတလျှောက် ထန်းတပင်နားလေးမှာ သေနတ်တွေကို တိုက်ပွဲဖြစ်တဲ့ ပုံစံမျိုး အတင်း ပစ်ဖောက်ကြတယ်ဗျ။ ပစ်ဖောက်ပြီးတော့ ဘယ်သူမှလည်း မထွက်ရဲဘူး။ မနက်လင်းတော့ ငါးမြောင်ရွာက အဲ့ဒီ မိသားစု ၈ ဦး အသတ်ခံရတယ်လို့ ကြားရတယ်။ မနက် ၆ နာရီခွဲလောက်မှာ သိရတာ” လို့ ငါးမြောင်ရွာအနီး နေထိုင်တဲ့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။

အသတ်ခံရ သူတွေဟာ ဖခင်ဖြစ်သူ ဦးကျော်လှိုင် ၇၀ နှစ်၊ မိခင် ဒေါ်မဲညွှန့် ၆၅ နှစ်၊ သမီးဖြစ်သူ ဒေါ်နှင်းမြလှိုင် ၄၀ နှစ်နဲ့ ဇီးကုန်း-မလယ် ကားလမ်းဘေးမှာ နေထိုင်တဲ့ ဒေါ်နှင်းမြခိုင် ၃၇ နှစ်၊ သားမက် ဦးမျိုးဝင်း ၃၇ နှစ် အပါအဝင် ညီအစ်မ ၂ ဦးရဲ့ သားသမီးတွေဖြစ်တဲ့ မစုမြစံ ၁၅ နှစ်၊ မရွှေဘုံစံ ၁၂ နှစ်နဲ့ မောင်ခန့်ဇေယျာမျိုး ၅ နှစ်တို့ ပါဝင်တယ်လို့ သိရပါတယ်။

“သူ့မိဘနှစ်ပါးရော သူတို့မိသားစု ၄ ယောက်ရော၊ သူ့အစ်မ သားအမိ ၂ ယောက်ရော စုစုပေါင်း ၈ ယောက် အသတ်ခံလိုက်ရတာ။ အိမ်ကို ရိုက်ဖွင့်ပြီးတော့ ဓားတွေနဲ့ ခုတ်သွားတယ်လို့ ကြားပါတယ်။ ငါးမြောင် တရွာလုံးမှာ ပြည်ခိုင်ဖြိုး ထောက်ခံတဲ့သူချည်းပဲ။ သူတို့မိသားစုပဲ NLD ထောက်ခံတာ။ သူတို့ဘာသာ အေးအေးဆေးဆေးပဲ နေထိုင်ပြီး အရောင်းအဝယ်ပဲ လုပ်စားကြတယ်။ သူတို့မှာ ကြောက်လို့ မိဘအိမ် သွားအိပ်ကြတာ” လို့ ငါးမြောင်ရွာအနီးမှာနေတဲ့ ဒေသခံက ဆက်ပြောပါတယ်။

ဦးကျော်လှိုင် မိသားစုဟာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် NLD ပါတီ မဲဆွယ်ရာမှာ လှုပ်ရှားခဲ့သူတွေ ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ကိစ္စတွေ မလုပ်တော့ဘဲ စီးပွားရေးကိုသာ လုပ်ကိုင်နေတဲ့ မိသားစု ဖြစ်တယ်လို့ ဆိုပါတယ်။

ငါးမြောင်ရွာ ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာ မရှိဘဲ အရင်ရက်တွေက ရွာနားမှာရှိတဲ့ ကန့်ဘလူ MEC သကြားစက်က စစ်သားတွေနဲ့ ပျူစောထီးတွေ သေနတ်ပစ်ဖောက်လေ့ရှိပြီး မနေ့ညကတော့ သေနတ်သံတွေ ကျယ်လောင်ခဲ့ရာ တိုက်ပွဲဖြစ်တဲ့ပုံစံ ပစ်ဖောက်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

MK – 009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

ပင်လောင်းနဲ့ ဖယ်ခုံမှာ တိုက်ပွဲဝင်နေတဲ့ ရွာငံ အခြေစိုက် ချိုးဖြူတော်လှန်ရေးအင်အားစုရဲ့ ပုံရိပ်မှတ်တမ်း

မဲခေါင်၊ ဇွန် ၉ ရှမ်း-ကရင်နီ နယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်တွေမှာ တိုက်ပွဲဝင်နေတဲ့ ပုံရိပ် မှတ်တမ်းတွေကို ရွာငံ အခြေစိုက်
မြန်မာ့နွေဦး

စစ်ကောင်စီ တပ်နယ်မှူး သက်ဦးလွင် က နမ့်လန်မြို့အတွင်း အကြောင်းမဲ့ သေနတ်ဖောက်လို့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်

မဲခေါင်၊ ဇွန် ၈ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သီပေါမြို့နယ် နမ့်လန်မြို့မှာ စစ်ကောင်စီတပ်သားတွေက ဇွန်လ ၇ ရက်နေ့ မနက်ပိုင်းမှာ
မြန်မာ့နွေဦး

ကမာရွတ်မြို့နယ်အတွင်းရှိ အဆောင်တွေကို စစ်ကောင်စီတပ် လမ်းပိတ် ဝင်ရောက်စစ်ဆေး

မဲခေါင်၊ ဇွန် ၈ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ မာလာလမ်း၊ ရွှေမြိတ်သူ စားသောက်ဆိုင် တိုက်အောက်ကို ဇွန်လ ၇ ရက်နေ့၊ ည ၉ နာရီ ၂၅ မိနစ်
မြန်မာ့နွေဦး

စစ်ကောင်စီတပ်က စစ်ရှောင်စခန်းတွေနဲ့ ကလေးသူငယ်တွေကို ဦးတည် တိုက်ခိုက်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ပြော

မဲခေါင် ၊ ဇွန် ၄ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဟာ စစ်ပွဲနဲ့မသက်ဆိုင်ပဲ အားအနည်းဆုံးဖြစ်နေတဲ့ စစ်ဘေးရှောင်စခန်းတွေနဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေ ကလေးသူငယ်တွေကို ဦးတည်ပြီး တိုက်ခိုက်ဖျက်ဆီးဖို့ အမိန့်ပေးစေခိုင်းလာတယ်လို့ ကရင်နီ လူအခွင့်အရေး အဖွဲ့-KnHRG က ပြောပါတယ်။
မြန်မာ့နွေဦး

လက်နက်မပါဘဲ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံ ၁၀၀၆ တပ်ရင်း ကောင်းမွန်စွာထိန်းသိမ်းထား

မဲခေါင်၊ ဇွန် ၄ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ လက်နက်မပါပဲ ထွက်ပြေးလာတဲ့ လွိုင်လင်လေး အခြေစိုက် ခမရ(၅၃၀)မှ စစ်ကောင်စီတပ်သား ၃ ဦးကို ဖယ်ခုံအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၆) တပ်ရင်းက ဖမ်းဆီးပြီး
မြန်မာ့နွေဦး

ကြာအင်းဆိပ်ကြီးမြို့ပေါ်တိုက်ပွဲ စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်

မဲခေါင်၊ ဇွန် ၂ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီနေ့ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီ လေကြောင်းက မြို့ပေါ်ရပ်ကွက်တွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက
မြန်မာ့နွေဦး

မိုင်းလား ဆွေးနွေးပွဲ ပထမရက်မှာ မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီ အချက် ၅ ချက် ဆွေးနွေး

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့မှာ ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA နဲ့ စစ်ကောင်စီ တွေ့ဆုံ ဆွေးနွေးတဲ့ ပထမရက်မှာ အချက် ၅
မြန်မာ့နွေဦး

လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဓါးခုတ် လုယက်နေနဲ့ဂိုဏ်း ဆိုင်ကယ် ၂၂ စီးနဲ့အတူ ဖမ်းမိ

မဲခေါင်၊ ဇွန် ၂ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဆိုင်ကယ်စီးနင်း သွားလာသူတွေကို ဆိုင်ကယ်နဲ့ ဘေးချင်းကပ်ကာ ဓါးနဲ့ခုတ်၊ တုတ်နဲ့ ရိုက်ပြီး ဖုန်း၊ ပိုက်ဆံအိတ်နဲ့ ဆိုင်ကယ်တွေ လုယက်ခဲ့တဲ့ အမျိုးသား ၆ ဦးပါ