မြန်မာ့နွေဦး

ကန့်ဘလူမြို့နယ် ချောင်းကြားရွာကို စစ်ကောင်စီတပ် တတိယအကြိမ်မြောက် မီးရှို့ဖျက်ဆီး

မဲခေါင် 21 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၂၁ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်၊ ချောင်းကြားရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး စုပေါင်း အင်အား ၁၂၀ ခန့် အကြမ်းဖက် ဝင်ရောက် မီးတင်ရှို့နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်၊ ချောင်းကြားရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး စုပေါင်း အင်အား ၁၂၀ ခန့် အကြမ်းဖက် ဝင်ရောက် မီးတင်ရှို့နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ကျွန်းလှ‌မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၈၀ ခန့်ဟာ ကန့်ဘလူမြို့နယ် ပေကုန်းတောင်ရွာမှ ပျူအင်အား ၄၀ ခန့်နဲ့ စုပေါင်းပြီး ဒီနေ့ မနက် ၆ နာရီမှာ ပေကုန်းရွာမြောက်ဘက်သို့ စစ်ကြောင်းထိုးကာ မနက် ၈ နာရီမှာ ချောင်းကြားရွာကို တတိယ အကြိမ် မီးရှို့ဖျက်ဆီး ခဲ့တာပါ။

ချောင်းကြားရွာမှာ အိမ်ခြေ ၁၁၈ အိမ်ရှိတဲ့အနက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်မှာ စစ်ကောင်စီတပ်က ပထမ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၈ လုံး၊ အခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာ ဒုတိယအကြိမ် မီးရှို့ရာ နေအိမ် ၂၃ လုံးနဲ့ စပါးကျီ ၁၃ ခု မီးလောင်ပျက်စီးခဲ့ပြီး စုစုပေါင်း နေအိမ် ၃၁ လုံးနဲ့ စပါးကျီ ၁၃ ခု မီးလောင် ဆုံးရှုံးထားတယ်လို့ သိရပါတယ်။

အခု တတိယအကြိမ် မီးရှို့ဖျက်ဆီးခံချိန် ပျက်စီးဆုံးရှုံးမှု စာရင်းကို ဆက်လက်စုံစမ်းလျက်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ချောင်းကြားရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မနက် ၁၁ နာရီခန့်မှာ ပြန်ထွက်သွားပြီး ပေကုန်းရွာမှ တစ်ဆင့် ကျွန်းလှမြို့ပေါ်သို့ ၆ ဘီးကားတစ်စီး၊ ခွေးဘီလူး တစ်စီးနဲ့ အင်အားအပြည့် ပြန်လည် ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းကြောင့် ချောင်းကြားရွာနဲ့ အနီးတစ်ဝိုက်ရှိ မန်ကျီးကုန်း၊ ဖလားရ၊ ပင့်သာ၊ ရှမ်းကုန်းနဲ့ အင်းမရွာမှ ပြည်သူထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။

ပုံစာ- ဇန်နဝါရီ ၂၉ ရက်နေ့က မီးရှို့ဖျက်ဆီးခံရတဲ့ ချောင်းကြားရွာကို အဝေးမှ မြင်တွေ့ရစဉ်။
MK-003

#MeKongNews

#မီးရှို့ဖျက်ဆီး #ချောင်းကြားရွာ #ပကဖ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။