မြန်မာ့နွေဦး

ကန့်ဘလူမြို့နယ်မှာ ကျပန်းလုပ်သား ၅ ဦးကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီး

မဲခေါင် 27 Dec - 2022
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့အထိုင်စစ်ကြောင်းမှ စစ်ကောင်စီတပ်သားတွေက နှမ်းအငှားရိတ်နေတဲ့ ကျပန်းအလုပ်သမား ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့မနက် ၈ နာရီခန့်မှာ ကောလင်းမြို့နယ် အောက်ကျင်းရွာမှ တောင်ဘက်သို့ထွက်လာတဲ့ ကိုးတောင်ဘို့အထိုင် ခမရ-၃၆၃ စစ်ကောင်တပ်မှ တပ်သားတွေဟာ ကန့်ဘလူမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းက မနက် ၈ နာရီ ၄၅ မိနစ်ခန့်မှာ ကန့်ဘလူမြို့နယ် အောက်တဲရွာဘက်မှာ နှမ်းအငှားရိတ်နေတဲ့ ပြည်သူ ၅ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

အခု အဖမ်းခံရတဲ့သူတွေက ကျပန်းအလုပ်လုပ်ကြတာ၊ ကြံချက်တဲ့အလုပ်လုပ် နေကြတာ၊ ဒီနေ့ ကြံချက်နားတော့၊ နှမ်းအငှားရိတ်တယ်၊ နှမ်းလှိုင်းတွေ လှည်းနဲ့တိုက်နေကြတာ စစ်ကြောင်းလာတာလဲမသိတော့ တည့်တည့်တိုးသလိုဖြစ်ပြီး အဖမ်းခံရတာ

လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီ စစ်ကောင်စီစစ်ကြောင်းဟာ လက်ရှိမှာ ဝက်သအင်းရွာရဲ့ အရှေ့တောင်ဘက်သို့ ရောက်ရှိနေပြီး ချပ်သင်းအထိုင်ဘက်ဦးတည်နိုင်ချေရှိပြီး ပတ်ပတ်လည်ရှိ ရွာတွေမှ ဒေသခံပြည်သူတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီကနေ့ မနက် ၁၁ နာရီမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်နဲ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အစပ်ရှိ ဇင်းချောင်းကျေးရွာ(မန္တလေးတိုင်း)ကို စစ်ကောင်စီတပ် ခမရ-၃၆၈နဲ့ နောက်လိုက် ပျူစောထီးတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်‌ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့လည်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

မြန်မာ့နွေဦး

ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ကျည်ဆန်၀ယ်ယူဖို့ “ Who Got The Large Prize” ကမ်ပိန်း ပြုလုပ်

ရှမ်းပြည်တော်လှန်ရေး တပ်ပေါင်းစု-S.S.L.R.U ရဲ့ တပ်ခွဲ (၃) ဖြစ်တဲ့ ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့-JPRF က စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး "Who
မြန်မာ့နွေဦး

လွိုင်ကော်မြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အရှေ့ခြမ်းဒေသမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဗထူးတပ်နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦးထက်မနည်း သေဆုံးတယ်လို့ DPLF ဆို

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာ အများအပြား ရရှိခဲ့တယ်လို့ DPLF က ဒီနေ့ စက်တင်ဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

စစ်ကောင်စီ လက်နက်နဲ့ လေယာဉ်ဆီတင်သွင်းမှု ပိတ်ဆို့အရေးယူဖို့ ယူကေနဲ့ ကနေဒါ ကုလကိုယ်စားလှယ်တွေနဲ့ NUG ဝန်ကြီးဆွေးနွေး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ယူကေနဲ့ကနေဒါ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်တွေနဲ့ စက်တင်ဘာ ၂၅ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ထောင်ဝင်စာပေးပို့ခွင့် ပမာဏ ကန့်သတ်တင်းကျပ်လိုက်လို့ နိုင်ကျဥ်းတွေ အခက်အခဲဖြစ်နေ

တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်တွေမှာ ထောင်ဝင်စာ ပေးပို့ခွင့် ပမာဏကို သြဂုတ်လ ၁၅ ရက်နေ့က စတင် ကန့်သတ် တင်းကျပ်လိုက်တာကြောင့် နိုင်ငံရေး အကျဥ်းသားတွေ အတွက် အခက်အခဲတွေ ဖြစ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများ ကွန်ရက် တာဝန်ရှိသူက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုက စစ်ဘေးရှောင်စခန်းကို ချိုးဖြူတပ်ဖွဲ့ စိုက်ပျိုးရေးပစ္စည်းတွေ ထောက်ပံ့

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် စခန်း တစ်ခုကို ဟင်းသီး ဟင်းရွက်တွေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ဖို့ မျိုးစေ့တွေနဲ့ လယ်ယာသုံး ပေါက်ပြားတွေ သွားရောက် လှူဒါန်းခဲ့တယ်လို့ ချိုးဖြူတော်လှန်ရေးတပ်-JPRF က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ခမရ ၅၈၇ တပ်ရင်းရှေ့က လုံခြုံရေးကင်းစခန်းကို KNLA နဲ့ PDF တွေ ပူးပေါင်းတိုက်ခိုက်

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အာယုတောင် အခြေစိုက် ခမရ ၅၈၇ တပ်ရင်းရှေ့ ကင်းတဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ မနေ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြောက်ပိုင်းမဟာမိတ်ဖြစ်တဲ့ SSPPနဲ့ TNLA ကြား ပစ်ခတ်မှုဖြစ်

မြောက်ပိုင်းမဟာမိတ် - FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSAနဲ့ တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်မတော် TNLAတပ်တို့အကြား မနေ့စက်တင်ဘာလ ၂၃ ရက်နေ့မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now