မြန်မာ့နွေဦး

ကနီမှာ ၂ ရက်အတွင်း ကျေးရွာ ၃ ရွာ မီးရှို့ခံရလို့ နေအိမ် ၁၅၀ နီးပါး မီးလောင်ပြာကျ

မဲခေါင် 10 Feb - 2023
မဲခေါင်၊ ဖေဖော်ဝါရီ ၁၀ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၂ ရက်အတွင်း ကျေးရွာ ၃ ရွာ မီးရှို့ခံရလို့ နေအိမ် ၁၅၀ နီးပါး မီးလောင်ပြာကျ သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

မဲခေါင်၊ ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၂ ရက်အတွင်း ကျေးရွာ ၃ ရွာ မီးရှို့ခံရလို့ နေအိမ် ၁၅၀ နီးပါး မီးလောင်ပြာကျ သွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စစ်တပ် စစ်ကြောင်း မုံရွာ ကနေ စက်လှေ ၂ စီးနဲ့ ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာပြီး ကျောက်မှော်ရွာမှာ စစ်အင်အား ၂၀၀ ဝန်းကျင်ချကာ အထက်ဘက်ကို စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျောက်မှော်၊ ယင်းမိုး၊ ကျွန်းကလေး၊ နတ်လဘို့တောင်ရွာ၊ ဒေါင်းခြံ၊ နတ်လဘို့မြောက်ရွာ၊ အုန်းပင်ဆိပ်နဲ့ သပြေတောရွာတွေကို စစ်တပ်က ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က သပြေတောရွာကို ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းမှာ မီးရှို့ခဲ့ပြီးနောက် စစ်ကြောင်း နောက်ပြန်လှည့်ကာ ၉ ရက်နေ့ မနက်ပိုင်းမှာ အုန်းပင်ဆိပ်ရွာနဲ့ ညနေပိုင်းမှာ နတ်လဘို့မြောက်ရွာကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

“ ၈ ရက်နဲ့ ၉ ရက်နေ့က ကျေးရွာ ၃ ရွာ မီးရှို့တယ်ဗျ။ သပြေတောရွာ၊ အုန်းပင်ဆိပ်ရွာ၊ နတ်လဘို့မြောက်ရွာ မီးရှို့တာဗျ။ စုစုပေါင်း အိမ်ခြေ ၁၅၀ ဝန်းကျင် မီးရှို့ခံလိုက်ရတယ်ဗျ” လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။

အိမ်ခြေ ၁၀၀ ကျော် ရှိတဲ့ သပြေတောကျေးရွာမှ နေအိမ် ၁၀ လုံး‌ ဝန်းကျင်၊ အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ အုန်းပင်ဆိပ်ကျေးရွာမှ နေအိမ် ၃၀ ဝန်းကျင်၊ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ နတ်လဘို့မြောက်ရွာမှ နေအိမ် ၁၀၀ ဝန်းကျင်ကို စစ်တပ်က မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ သူကပြောတယ်။

ဒီနေ့ မနက် ၁၁ နာရီမှာတော့ စစ်ကောင်စီတပ်တွေဟာ စက်လှေနဲ့ မုံရွာ နမခ သို့ ပြန်သွားတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အခုလို စစ်တပ်က ကနီမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၂ ရွာမှ ပြည်သူ ၃,၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိမှာတော့ ရွာတွေထဲ ပြန်လည်ဝင်ရောက်နေပြီလို့ သိရပါတယ်။

ပုံစာ- မီးရှို့ခံရတဲ့ နတ်လဘို့ မြောက်ရွာ
MK-003

#MeKongNews

#ကနီမြို့နယ် #မီးရှို့ #မုံရွာန.မ.ခ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Related News

မြန်မာ့နွေဦး

၂၀၂၀ ခုနှစ် တက္ကသိုလ်ပထမနှစ် CDM ကျောင်းသားတွေ မြန်မာ့နွေဦးတက္ကသိုလ်မှာ ကျောင်းဆက်တက်နိုင်ပြီ

မဲခေါင်၊ မတ် ၂၀ ၂၀၂၀ ခုနှစ် တက်လက်စ Second Semester ကျန်နေတဲ့ CDM ကျောင်းသားတွေ အတွက်
မြန်မာ့နွေဦး

ညောင်လေးပင်ခရိုင်မှာ ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ လူ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

မဲခေါင်၊ မတ် ၂၀ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ညောင်ကုန်း တံတားအနီး ဝင်းရတနာ ခရီးသည်တင်ယာဉ် မိုင်းထိလို့ ခရီးသည် ၃
မြန်မာ့နွေဦး

စစ်တပ်နဲ့မပေါင်းဖို့ ဦးအောင်ခမ်းထီ နဲ့ PNO ခေါင်းဆောင်တွေကို တက္ကသိုလ်ကျောင်းသားတွေ ဆုံးမအကြံပြု

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျောက်တလုံးကြီးဒေသ အခြေစိုက် ပြည်သူ့စစ် အသွင်ပြောင်း PNA/PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ အနေနဲ့ ကိုယ်ကျိုး အတွက် ပြည်သူကို အသုံးချ အမြတ်ထုတ်နေတဲ့ ခေါင်းဆောင် အဖြစ်
မြန်မာ့နွေဦး

ပင်လောင်းမြို့နယ် နမ့်ဖါမူဘုရားတောင်နဲ့ စာသင်ကျောင်းမှာ စစ်ကောင်စီတပ်စွဲထားလို့ ဒေသခံတွေ ထိတ်လန့်

မဲခေါင်၊ မတ် ၂၀ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ နမ့်ဖါမူကျေးရွာ ဘုရားတောင်စေတီနဲ့ စာသင်ကျောင်းအတွင်း စစ်ကောင်စီ တပ်စွဲထားလို့ ကြောက်ရွံ့ထိတ်လန့် နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့နွေဦး

ဒီးမော့ဆိုမြို့နယ် တနီးလာလဲတိုက်ပွဲမှာ စစ်သား ၅ ဦးသေပြီး လက်နက်ခဲယမ်းတွေရ

မဲခေါင်၊ မတ် ၂၀ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ တပ်မတော်-KA ပူးပေါင်း တပ်ဖွဲ့တို့ မတ်လ ၁၈ ရက်က တစ်နေကုန် တိုက်ပဲွဲ ပြင်းထန်ပြီး စစ်သား ၅
မြန်မာ့နွေဦး

သာကေတ မ.ဘ.သ ပျူစောထီး တင်လင်းထိုက် အဖွဲ့က ပြည်သူ ၂ ဦးကိုပစ်သတ်

မဲခေါင်၊ မတ် ၂၀ ရန်ကုန်၊ သာကေတမြို့နယ်၊ (၈) ရပ်ကွက်၊ သာသနာ့ရိက္ခတ ဓမ္မာရုံဘေး ဖွင့်လှစ်ထားတဲ့ ကြံရည်ဆိုင်မှာ ဆိုင်ပိုင်ရှင် ဖြစ်သူနဲ့ သူငယ်ချင်းဖြစ်သူ အမျိုးသား သေနတ်နဲ့ အပစ်ခံရလို့ နေရာမှာ သေဆုံးခဲ့တယ်လို့ ဒေသခံ
မြန်မာ့နွေဦး

စစ်ကောင်စီကိုဖားနေတဲ့ အမည်ခံအနုပညာရှင်တွေနဲ့ ကုန်ပစ္စည်းမကြော်ငြာဖို့ ရှမ်းမြောက် လုပ်ငန်းရှင်တွေကို သတိပေး

မဲခေါင်၊ မတ် ၂၀ ပြည်သူတွေကို ဖမ်းဆီး သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ဖားယားနေတဲ့ အနုအပညာရှင် အမည်ခံတွေနဲ့ ကုန်ပစ္စည်း ကြော်ငြာတာတွေ မလုပ်ဖို့ ရှမ်းပြည်နယ် မြောက်ပိုင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို မူဆယ်ဗျူဟာ- Tactic of
မြန်မာ့နွေဦး

ယင်းမာပင်-ကနီ နယ်စပ်မှာ လက်နက်ကြီး ရမ်းကားပစ်ခတ်နေတဲ့ စစ်ကြောင်းကို သတိထားဖို့ WGPDF သတိပေး

မဲ‌ခေါင်၊ မတ် ၁၉ စစ်ကိုင်း-ကနီ နယ်စပ်မှာ လက်နက်ကြီးတွေ ရမ်းကား ပစ်ခတ်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူတွေ သတိထားကြဖို့ ဝက်ပါ ပြောက်ကျားတပ်ဖွဲ့- WGPDF က ဒီကနေ့ သတိပေး လိုက်ပါတယ်။