မြန်မာ့နွေဦး

ကနီမှာ အောင်ပွဲပြန် PDF ရဲဘော် ၁၀၀ ကျော်ကို ပြည်သူတွေ သောင်းသောင်းဖြဖြ ကြိုဆို

မဲခေါင် 13 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၃ တော်လှန်ရေး တပ်ဖွဲ့ ၆ ဖွဲ့က ရှေ့တန်းပြန် ရဲဘော် ၁၀၀ ကျော်ကို ကနီမြို့နယ် ကျေးရွာ ၂၀ နီးပါးက ပြည်သူ ထောင်နဲ့ချီ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်လို့ Myanmar Defense Force ဗဟိုပြန်ကြားရေး ကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၃

တော်လှန်ရေး တပ်ဖွဲ့ ၆ ဖွဲ့က ရှေ့တန်းပြန် ရဲဘော် ၁၀၀ ကျော်ကို ကနီမြို့နယ် ကျေးရွာ ၂၀ နီးပါးက ပြည်သူ ထောင်နဲ့ချီ သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်လို့ Myanmar Defense Force ဗဟိုပြန်ကြားရေး ကော်မတီက မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ကုန်းကြောင်း၊ ရေကြောင်း ထိုးလားတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့‌တွေရဲ့ တိုက်ပွဲတွေ တစ်လနီးပါး ကြာမြင့်ခဲ့ပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေ အောင်ပွဲဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ အတွင်း စစ်ကောင်စီဘက်မှ ၅၀ ကျော် သေဆုံးပြီး စစ်ကောင်စီတပ်သားတွေထံမှ လက်နက်ကြီး၊ လက်နက်ငယ်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ အရှုံးနဲ့ပြန်ဆုတ်သွားပြီး‌နောက် အောင်ပွဲနဲ့ ပြန်လာကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကနီမြို့နယ် အတွင်းရှိ ကျေးရွာ ၂၀ နီးပါးမှ ပြည်သူထောင်ချီဟာ စုရပ် ၇ ခုမှာ စုဝေးကာ အောင်သပြေပန်းတွေ၊ အိုးစည်ဒိုးပတ် အကအခုန်များစွာနဲ့ သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး အစားအသောက်တွေ ဧည့်ခံ ကျွေးမွေးတာနဲ့ တော်လှန်ရေး ထောက်ပံ့ငွေ‌ လှူဒါန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခု အောင်ပွဲပြန် ကြိုဆိုပွဲသို့ MDF နဲ့ ဒေသတွင်း တော်လှန်ရေး ၆ ဖွဲ့မှ ပြည်သူ့ရဲဘော် ၁၀၀ ကျော် တက်ရောက်ကာ ပြည်သူ့မေတ္တာ ခံယူကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- ဗဟိုပြန်ကြားရေး ကော်မတီ Myanmar Defense Force။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့ပေါ်ကို စစ်ကောင်စီဗုံးကြဲလို့ ပြည်သူ ၆ သောင်းကျော် စစ်ရှောင်နေရ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်ရှိ စစ်ရေးပစ်မှတ်မဟုတ်တဲ့ လူနေရပ်ကွက်တွေကို လေကြောင်းက ဗုံးကြဲနေတာကြောင့် စစ်ဘေးရှောင်တဲ့ပြည်သူ သောင်းနဲ့ချီပြီး ရှိနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မုန်းမြို့တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာဆေးကုသပေး

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ပေါ်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်မှုအတွင်း ဖမ်းမိတဲ့သုံ့ပန်းနဲ့ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသပေးထားပြီး ကောင်းမွန်စွာထားရှိတယ်လို့ NUG စစ်ဒေသ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီကို စက်သုံးဆီဖြတ်တောက်ဖို့ ရှမ်းတောင်က ဆီဆိုင်တွေကို စစ်ကောင်စီ ဖိအားပေး

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ဘက်ကို စက်သုံးဆီ ဖြတ်တောက်ဖို့ စစ်ကောင်စီက ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဓာတ်ဆီဆိုင်တွေကို ဆီအလုံအလောက်မချပေးတဲ့အပြင် ဂါလံပုံး၊ ပေပါလိုက်ရောင်းချတာတွေကိုပါ တားမြစ်ထားထားတယ်လို့ ဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိမ်းပိုက်ထားတဲ့ ကောလင်းမြို့မှာ ဝန်ထမ်း ၉၈ ယောက် အလင်းဝင်တယ်လို့ NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း ၉၈ ယောက် အလင်းဝင်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်ဖို့ တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ သစ္စာရေသောက်

မွန်ပြည်နယ်အတွင်းမှာ အခြေစိုက်ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးမဟာမိတ်အင်အားစု ၇ ဖွဲ့ဟာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းတဲ့အထိ တိုက်ပွဲဝင်ဖို့အပါအဝင် အချက် ၄ ချက်ကို တိုင်တည်ပြီး သစ္စာရေသောက် အဓိဌာန်ပြုခဲ့ကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖြူးမြို့နယ် ပြင်းထန်တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်း သေပြီး ၂၀ ကျော် ဒဏ်ရာရတယ်လို့ PDF ဆို

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ အတွင်း စစ်ကောင်စီတပ်သား ၁၇ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ PDF တောင်ပိုင်းတိုင်း အမှတ် (၂)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကောလင်း ပုဂ္ဂလိကဘဏ်များမှ ငွေသား သန်းပေါင်း ၄ သောင်းကျော် သိမ်းဆည်းထားတယ်လို့ NUG ကြေညာ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များမှငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇) ကို၊ ကြားကာလဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်အရ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ကာ စနစ်တကျ လက်ခံသိမ်းဆည်းထားတယ်လို့ NUGကထုတ်ပြန်ကြေညာထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကော့ကရိတ်မြို့တွင်း ဒီကနေ့ မနက် တိုက်ပွဲပြင်းထန်၊ အာရှလမ်း ပိတ်ထား

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နဲ့ အနီးတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းကစပြီး KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now